ဘိုင်ယန်မြူးနစ်အပြောင်းအရွှေ့မှာပျက်ပြယ်သွားနိုင်တဲ့အနေအထားရှိလာနေတဲ့ လီဗာပူးစတား
လီဗာပူးစတားဆာဒေယိုမာနေးရဲ့ဘိုင်ယန်မြူးနစ်အပြောင်းအရွှေ့မှာပျက်ပြယ်သွားနိုင်တဲ့အနေ
အထားတွင်ရှိလာနေပြီဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဟာဆန်ဆာလီဟာမစ်
ဇစ်ကလီဗာပူးဘက်ကတောင်းဆိုမှုမြင့်မားနေမှုနဲ့အတူပေါင်၄၂.၅သန်းအထိအသုံးပြုလာမယ့်အ
ခြေအနေကြောင့်အခြားရွေးချယ်စရာကစားသမားကိုလည်းစဉ်းစားနေကြောင်းဖွင့်ဟလာခဲ့တာ
လည်းဖြစ်ပါတယ်။မာနေးဟာယခုနွေရာသီတွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းမယ်လို့ယုံကြည်ရသူ
ဖြစ်ပါတယ်။ဒါပေမဲ့လီဗာပူးဟာဘိုင်ယန်မြူးနစ်ရဲ့မာနေးအတွက်ပေါင်၂၅သန်းဖြင့်တစ်ကြိမ်၊
ပေါင်သန်း၃၀ဖြင့်ဒုတိယအကြိမ်ကမ်းလှမ်းမှုတို့ကိုပယ်ချထားပြီးဖြစ်ပါတယ်။ယင်းသို့အခြေအ
နေကြောင့်လည်းဘိုင်ယန်မြူးနစ်ဟာမာနေးကိုခေါ်ယူရေး လုပ်ဆောင်နေမှုကိုနောက်ဆုတ်ပြီး
အခြားရွေးချယ်နိုင်တဲ့ကစားသမားများကိုစဉ်းစားဖို့လုပ်နေပါတယ်။ဆာလီဟာမစ်ဇစ်က”အ
ကြမ်းဖျင်းပြောရရင်ကျွန်တော်တို့ဟာအသင်းကိုတောင့်တင်းဖို့လုပ်နေပါတယ်။အပြောင်းအ
ရွှေ့ဈေးကွက်ကမလွယ်ကူပါဘူး။ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေအပေါ်မူတည်ပါတယ်။အခြား
ကလပ်ကကစားသမားတွေနဲ့ပတ်သက်ပြီးမပြောချင်ပါဘူး။တိုက်စစ်အတွက်ကစားသမားတစ်
ဦးတည်းကိုစဉ်းစားထားတာမဟုတ်ပါဘူး။ကျွန်တော်တို့မှာအခြားရွေးချယ်စရာတွေရှိပါတယ်”
လို့ပြောကြားသွားပါတယ်။ဘိုင်ယန်မြူးနစ်ဟာယခုနွေရာသီတွင်အဓိကတိုက်စစ်မှူးရောဘတ်
လီဝန်ဒေါ့စကီးကိုဆုံးရှုံးရမှာဖြစ်ပြီးတိုက်စစ်ပိုင်းကိုမဖြစ်မနေအားဖြည့်ရပါမယ်။ဘိုင်ယန်မြူး
နစ်ကစောင့်ကြည့်နေတဲ့ကစားသမားတွေထဲမှာချဲလ်ဆီးတိုက်စစ်မှူးလူကာကူလည်းပါဝင်နေပါတယ်။