ဘိုင်ယန်မြူးနစ်တွင်လည်း သူ့စိတ်ကြိုက်ကျောနံပါတ်ကိုဝတ်ဆင်ကစားလာနိုင်ဖို့ရှိနေတဲ့ မာနေး
ဆာဒေယိုမာနေးဟာဘိုင်ယန်မြူးနစ်တွင်သူ့စိတ်ကြိုက်ကျောနံပါတ်ကိုဝတ်ဆင်ကစားလာ
နိုင်ဖို့ရှိနေပါတယ်။မာနေးဟာဘိုင်ယန်မြူးနစ်သို့ပေါင်၃၅.၁သန်းဖြင့်ပြောင်းရွှေ့မှုအပြီးသတ်
ပြီးနောက်ဗုဒ္ဓဟူးနေ့တုန်းကဘိုင်ယန်မြူးနစ်ကစားသမားအဖြစ်မိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့
မာနေးဟာဘိုင်ယန်မြူးနစ်တွင်ဘယ်ကျောနံပါတ်ကိုဝတ်ဆင်ကစားခွင့်ရမလဲဆိုတာမကြေ
ညာသေးပါဘူး။ယခုအခါမှာတော့လီရွိုင်းဆာနေးရဲ့ဖခင်ဖြစ်သူကသားဖြစ်သူမှာသူဝတ်ဆင်
နေတဲ့ကျောနံပါတ်၁၀ကိုမာနေးကိုလွဲပြောင်းပေးရန်အသင့်ရှိနေကြောင်းပြောကြားလာပါတယ်။
အသက်၂၆နှစ်ရှိဆာနေးဟာမန်စီးတီးမှဘိုင်ယန်သို့ပြောင်းရွှေ့ပြီးနောက်ကျောနံပါတ်၁၀ကို
ဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။မာနေးဟာမန်စီးတီးနှင့်ဆီနီဂေါတို့တွင်ကျောနံပါတ်၁၀ကို
ဝတ်ဆင်ကစားခဲ့သူလည်းဖြစ်ပါတယ်။ယခုအခါဆာနေးရဲ့ဖခင်ဆူလေမာနီဆာနေးက “ဆာ
ဒေယိုကလီဗာပူးနဲ့ဆီနီဂေါတို့မှာကျောနံပါတ်၁၀ကိုဝတ်ဆင်ကစားခဲ့တဲ့သူပါ။တကယ်လို့ဆာ
ဒေယိုသာကျောနံပါတ်၁၀ကိုလိုချင်ရင်လီရွိုင်းအနေနဲ့ယင်းနံပါတ်ကိုလွဲပြောင်းပေးဖို့ဘာပြဿ
နာမှမရှိပါဘူး”လို့ပြောကြားသွားပါတယ်။ဆာဒေယိုမာနေးဟာ၂၀၁၈ခုနှစ်မှစတင်ကာလီဗာ
ပူးတွင်ကျောနံပါတ်၁၀ကို ဝတ်ဆင်လာခဲ့တာဖြစ်ပြီးဆီနီဂေါတွင်လည်းကျောနံပါတ်၁၀ကို
ဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။