
မန်ချက်စတာယူနိုက်တက်ဟာဂျူ့ဘယ်လင်ဂမ်ကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ရေးအတွက်ဂန္ထဝင်
အသင်းခေါင်းဆောင်များဖြစ်ကြတဲ့အဲရစ်ကန်တိုနာ၊ဘရိုင်ယန်ရော့ဘ်ဆင်အပြင်ဂန္ထဝင်နည်းပြဆာအဲ
လက်စ်ဖာဂူဆန်တို့ကိုအသုံးချခဲ့ပေမဲ့အလုပ်မဖြစ်ခဲ့ပါဘူး။၂၀၂၀ခုနှစ်တုန်းကအသက်၁၆နှစ်ရှိဂျူ့ဘယ်
လင်ဂမ်ဟာဘာမင်ဂမ်စီးတီးမှာအထူးခြေစွမ်းပြကစားခဲ့ပြီးဥရောပထိပ်သီးကလပ်များရဲ့အပြိုင်စိတ်
ဝင်စားခြင်းခံခဲ့ရပါတယ်။ယင်းအထဲတွင်မန်ချက်စတာယူနိုက်တက်လည်းပါဝင်ခဲ့ပြီး ဂန္ထဝင်များဖြစ်
ကြတဲ့ဆာအဲလက်စ်ဖာဂူဆန်၊အဲရစ်ကန်တိုနာနှင့်ဘရိုင်ယန်ရော့ဘ်ဆင်တို့ကိုအသုံးချကာဂျူ့ဘယ်
လင်ဂမ်ကိုခေါ်ယူရေးကြိုးပမ်းခဲ့ကြပါတယ်။ဘယ်လင်ဂမ်ဟာယူနိုက်တက်ရဲ့အလေးထားခြင်းခံရမှု
ကိုအသိအမှတ်ပြုခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ဘွန်ဒက်စ်လီဂါကလပ်ဒေါ့မွန်သို့သာပြောင်း
ရွှေ့သွားခဲ့ပါတယ်။သူဟာဒေါ့မွန်သို့ပြောင်းရွှေ့ပြီးတဲ့နောက်ဥရောပရဲ့အကောင်းဆုံးလူငယ်ပါရမီရှင်
များထဲမှတစ်ဦးဖြစ်လာခဲ့ပါတယ်။ဘရိုင်ယန်ရော့ဘ်ဆင်က “ကျွန်တော်ရယ်၊ဆာအဲလက်စ်၊အဲရစ်ကန်
တိုနာတို့ဟာသူ့အမေ၊သူ့အဖေတို့နဲ့ကာရင်တန်မှာတွေ့ခဲ့ကြတယ်။တွေ့ဆုံပွဲပြီးတော့ ကျွန်တော်တို့
ဆီသူပြောင်းလာမယ်လို့ထင်ခဲ့တယ်။ကံဆိုးစွာပဲသူဟာဂျာမနီသို့ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။သူ့ကိုခေါ်
နိုင်ဖို့အလွန်အကျွံလုပ်ခဲ့သလား၊ လုပ်တာနည်းသွားလားစဉ်းစားခဲ့ကြတယ်။အခုလာမယ့်နွေမှာသူ့
ကိုခေါ်ယူရေးပြောနေကြတယ်။လီဗာပူးဆိုရင်သူ့ကိုခေါ်ယူဖို့အများကြီးအပြောခံရတယ်။သူ့ကို
ကျွန်တော်တို့အပိုင်ဖြစ်ပြီလို့တောင်ထင်ထားခဲ့ကြတာပါ။တကယ့်ကိုကြီးကျယ်တဲ့ခေါ်မှုဖြစ်လာပါ
မယ်။သူကိုယ်တိုင်ကလည်းအင်္ဂလန်အတွက်ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်လာမယ့်သူပါ”လို့
ပြောကြားသွားပါတယ်။ဂျူ့ဘယ်လင်ဂမ်ဟာအသက်၁၉နှစ်အရွယ်သာရှိသေးပေမဲ့လည်းဒေါ့မွန်
အတွက်ပွဲ၁၀၀ကစားထားပြီးဖြစ်သလို၁၃ဂိုးသွင်းထားပါတယ်။ပရီးမီးယားလိဂ်ထိပ်သီးများအပြင်
ဥရောပထိပ်သီးရီးရဲလ်မက်ဒရစ်ကလည်း ဂျူ့ဘယ်လင်ဂမ်ကိုလာမယ့်နွေရာသီတွင်ခေါ်ယူရေးနံ
ပါတ်တစ်ပစ်မှတ်ထားနေပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ဟာဂ်ဴ႕ဘယ္လင္ဂမ္ကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ေရးအတြက္ဂႏၴဝင္
အသင္းေခါင္းေဆာင္မ်ားျဖစ္ၾကတဲ့အဲရစ္ကန္တိုနာ၊ဘ႐ိုင္ယန္ေရာ့ဘ္ဆင္အျပင္ဂႏၴဝင္နည္းျပဆာအဲ
လက္စ္ဖာဂူဆန္တို႔ကိုအသုံးခ်ခဲ့ေပမဲ့အလုပ္မျဖစ္ခဲ့ပါဘူး။၂၀၂၀ခုႏွစ္တုန္းကအသက္၁၆ႏွစ္ရွိဂ်ဴ႕ဘယ္
လင္ဂမ္ဟာဘာမင္ဂမ္စီးတီးမွာအထူးေျခစြမ္းျပကစားခဲ့ၿပီးဥေရာပထိပ္သီးကလပ္မ်ားရဲ႕အၿပိဳင္စိတ္
ဝင္စားျခင္းခံခဲ့ရပါတယ္။ယင္းအထဲတြင္မန္ခ်က္စတာယူႏိုက္တက္လည္းပါဝင္ခဲ့ၿပီး ဂႏၴဝင္မ်ားျဖစ္
ၾကတဲ့ဆာအဲလက္စ္ဖာဂူဆန္၊အဲရစ္ကန္တိုနာႏွင့္ဘ႐ိုင္ယန္ေရာ့ဘ္ဆင္တို႔ကိုအသုံးခ်ကာဂ်ဴ႕ဘယ္
လင္ဂမ္ကိုေခၚယူေရးႀကိဳးပမ္းခဲ့ၾကပါတယ္။ဘယ္လင္ဂမ္ဟာယူႏိုက္တက္ရဲ႕အေလးထားျခင္းခံရမႈ
ကိုအသိအမွတ္ျပဳခဲ့ေပမဲ့လည္း တကယ္တမ္းမွာေတာ့ဘြန္ဒက္စ္လီဂါကလပ္ေဒါ့မြန္သို႔သာေျပာင္း
ေ႐ႊ႕သြားခဲ့ပါတယ္။သူဟာေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္ဥေရာပရဲ႕အေကာင္းဆုံးလူငယ္ပါရမီရွင္
မ်ားထဲမွတစ္ဦးျဖစ္လာခဲ့ပါတယ္။ဘ႐ိုင္ယန္ေရာ့ဘ္ဆင္က “ကြၽန္ေတာ္ရယ္၊ဆာအဲလက္စ္၊အဲရစ္ကန္
တိုနာတို႔ဟာသူ႔အေမ၊သူ႔အေဖတို႔နဲ႔ကာရင္တန္မွာေတြ႕ခဲ့ၾကတယ္။ေတြ႕ဆုံပြဲၿပီးေတာ့ ကြၽန္ေတာ္တို႔
ဆီသူေျပာင္းလာမယ္လို႔ထင္ခဲ့တယ္။ကံဆိုးစြာပဲသူဟာဂ်ာမနီသို႔ေျပာင္းဖို႔ဆုံးျဖတ္ခဲ့တယ္။သူ႔ကိုေခၚ
ႏိုင္ဖို႔အလြန္အကြၽံလုပ္ခဲ့သလား၊ လုပ္တာနည္းသြားလားစဥ္းစားခဲ့ၾကတယ္။အခုလာမယ့္ေႏြမွာသူ႔
ကိုေခၚယူေရးေျပာေနၾကတယ္။လီဗာပူးဆိုရင္သူ႔ကိုေခၚယူဖို႔အမ်ားႀကီးအေျပာခံရတယ္။သူ႔ကို
ကြၽန္ေတာ္တို႔အပိုင္ျဖစ္ၿပီလို႔ေတာင္ထင္ထားခဲ့ၾကတာပါ။တကယ့္ကိုႀကီးက်ယ္တဲ့ေခၚမႈျဖစ္လာပါ
မယ္။သူကိုယ္တိုင္ကလည္းအဂၤလန္အတြက္ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးျဖစ္လာမယ့္သူပါ”လို႔
ေျပာၾကားသြားပါတယ္။ဂ်ဴ႕ဘယ္လင္ဂမ္ဟာအသက္၁၉ႏွစ္အ႐ြယ္သာရွိေသးေပမဲ့လည္းေဒါ့မြန္
အတြက္ပြဲ၁၀၀ကစားထားၿပီးျဖစ္သလို၁၃ဂိုးသြင္းထားပါတယ္။ပရီးမီးယားလိဂ္ထိပ္သီးမ်ားအျပင္
ဥေရာပထိပ္သီးရီးရဲလ္မက္ဒရစ္ကလည္း ဂ်ဴ႕ဘယ္လင္ဂမ္ကိုလာမယ့္ေႏြရာသီတြင္ေခၚယူေရးနံ
ပါတ္တစ္ပစ္မွတ္ထားေနပါတယ္။