ဘာစီလိုနာနဲ့မတွေ့ဆုံမှီ ဂျပန်အသင်းကိုအရင်ပေးဆပ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံလာတဲ့ သောမတ်စ်မူလာ

ဂျာမဏီအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သူ သောမတ်စ် မူလာကတော့ယမန်နေ့ညမှာ ကမ္ဘာ့

ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် ဂျပန်အသင်းနဲ့ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက်

သူတို့အသင်းဟာ အရှုံးရလဒ်နဲ့ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။မူလာက “ကျွန်တော့်ရဲ့ ခံစားချက်

ကို ပြောရရင်တော့ ကျွန်တော်တို့ဟာကစားပုံကောင်းခဲ့တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဘောလုံးလော

ကမှာကစားပုံ ကောင်းတယ် ဆိုတာ ရလာတဲ့ အခွင့်အရေးတွေကိုသွင်းဂိုးတွေအဖြစ် ပြောင်းလဲနိုင်တာနဲ့

ဂိုးတွေ ပိုသွင်းနိုင်တာမျိုးကို ပြောတာပါ။ကျွန်တော်တို့က ကစားပုံ ကောင်းခဲ့ပေမယ့် ရလာတဲ့ အခွင့်အ

ရေးတွေကိုအသုံးချနိုင်မှုမှာတော့ ပြိုင်ဘက်ထက် ပိုပြီး ညံ့ခဲ့ပါတယ်။ ကျွန်တော်တို့တွေကစားပုံ အသာ

ကြီးနဲ့ ရှုံးသွားတဲ့ အတွက် ရယ်ချင်စရာတော့ ကောင်းပါတယ်။ဒါပေမယ့် ဘောလုံးလောကမှာ နိုင်ပွဲနဲ့ မ

ထိုက်တန်ပဲ နိုင်သွားတဲ့အသင်းဆိုတာ မရှိပါဘူး။ ပြီးတော့ ရှုံးပွဲတွေ့သွားတဲ့ အသင်းကလည်းရှုံးပွဲနဲ့ ထိုက်

တန်လို့ ရှုံးပွဲ တွေ့ခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပါ။ပွဲချိန်အများစုကို ဘောလုံးပိုင်ဆိုင်မှုအသားစီးနဲ့

ကစားနိုင်ခဲ့ပေမယ့်ဂျာမဏီက ပထမပိုင်းပွဲချိန်တွေမှာ ဂမ်ဒိုဂန်ရဲ့ပယ်နယ်တီသွင်းဂိုးနဲ့သာပွဲကို ဦးဆောင်

နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ဂျပန်အသင်းနည်းပြမိုရီယာဆုက မှန်ကန်တဲ့လူစားလဲလှယ်

မှုတွေနဲ့အတူလိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုပါ ရယူနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်မှာ ဂျပန်ခံစစ်ကြောင်း

ကို အကောင်းမွန်ဆုံးဦးဆောင်ပေးခဲ့တဲ့ဝါရင့်ကစားသမားယိုရှီဒါရဲ့ ခြေစွမ်းကလည်း အားရစရာကောင်း

လှသလိုဂိုးသမားဂွန်ဒါရဲ့ လက်စွမ်းကလည်း အသိအမှတ်ပြုဖို့ကောင်းပါတယ်။ဂျပန်ကတော့ ဘောလုံး

နယ်ပယ်ကအင်အားကြီးဂျာမဏီကိုအနိုင်ကစားကာ အာရှဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။

ဂ်ာမဏီအသင္းရဲ႕ အဓိက တိုက္စစ္မႉး တစ္ဦး ျဖစ္သူ ေသာမတ္စ္ မူလာကေတာ့ယမန္ေန႔ညမွာ ကမာၻ႔

ဖလား အုပ္စုအဖြင့္ပြဲ အျဖစ္ ဂ်ပန္အသင္းနဲ႔ယွဥ္ၿပိဳင္ ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ္နဲ႔ အရႈံးေပးခဲ့ရၿပီးေနာက္

သူတို႔အသင္းဟာ အရႈံးရလဒ္နဲ႔ ထိုက္တန္ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။မူလာက “ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္

ကို ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ဟာကစားပုံေကာင္းခဲ့တယ္လို႔ ျမင္ပါတယ္။ ဒါေပမယ့္ ေဘာလုံးေလာ

ကမွာကစားပုံ ေကာင္းတယ္ ဆိုတာ ရလာတဲ့ အခြင့္အေရးေတြကိုသြင္းဂိုးေတြအျဖစ္ ေျပာင္းလဲႏိုင္တာနဲ႔

ဂိုးေတြ ပိုသြင္းႏိုင္တာမ်ိဳးကို ေျပာတာပါ။ကြၽန္ေတာ္တို႔က ကစားပုံ ေကာင္းခဲ့ေပမယ့္ ရလာတဲ့ အခြင့္အ

ေရးေတြကိုအသုံးခ်ႏိုင္မႈမွာေတာ့ ၿပိဳင္ဘက္ထက္ ပိုၿပီး ညံ့ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ေတြကစားပုံ အသာ

ႀကီးနဲ႔ ရႈံးသြားတဲ့ အတြက္ ရယ္ခ်င္စရာေတာ့ ေကာင္းပါတယ္။ဒါေပမယ့္ ေဘာလုံးေလာကမွာ ႏိုင္ပြဲနဲ႔ မ

ထိုက္တန္ပဲ ႏိုင္သြားတဲ့အသင္းဆိုတာ မရွိပါဘူး။ ၿပီးေတာ့ ရႈံးပြဲေတြ႕သြားတဲ့ အသင္းကလည္းရႈံးပြဲနဲ႔ ထိုက္

တန္လို႔ ရႈံးပြဲ ေတြ႕ခဲ့ရတာပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။ပြဲခ်ိန္အမ်ားစုကို ေဘာလုံးပိုင္ဆိုင္မႈအသားစီးနဲ႔

ကစားႏိုင္ခဲ့ေပမယ့္ဂ်ာမဏီက ပထမပိုင္းပြဲခ်ိန္ေတြမွာ ဂမ္ဒိုဂန္ရဲ႕ပယ္နယ္တီသြင္းဂိုးနဲ႔သာပြဲကို ဦးေဆာင္

ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းပြဲခ်ိန္ေတြမွာေတာ့ဂ်ပန္အသင္းနည္းျပမိုရီယာဆုက မွန္ကန္တဲ့လူစားလဲလွယ္

မႈေတြနဲ႔အတူလိုအပ္ေနတဲ့ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကိုပါ ရယူႏိုင္ခဲ့ပါတယ္။ဒီပြဲစဥ္မွာ ဂ်ပန္ခံစစ္ေၾကာင္း

ကို အေကာင္းမြန္ဆုံးဦးေဆာင္ေပးခဲ့တဲ့ဝါရင့္ကစားသမားယိုရွီဒါရဲ႕ ေျခစြမ္းကလည္း အားရစရာေကာင္း

လွသလိုဂိုးသမားဂြန္ဒါရဲ႕ လက္စြမ္းကလည္း အသိအမွတ္ျပဳဖို႔ေကာင္းပါတယ္။ဂ်ပန္ကေတာ့ ေဘာလုံး

နယ္ပယ္ကအင္အားႀကီးဂ်ာမဏီကိုအႏိုင္ကစားကာ အာရွဂုဏ္ကိုေဆာင္ႏိုင္ခဲ့ပါတယ္။