ဘာစီလိုနာကနေ ထွက်ခွာဖို့ငြင်းဆန်နေတဲ့ ဒီဂျောင်အတွက် အိမ်မက်ဆိုးတွေကြုံလာတော့မလား..??

ဘာစီလိုနာဟာ အသင်းမှာ ပေကပ်ပြီး သူတို့ပြောသလိုမဖြစ်တဲ့ကွင်းလယ်လူဒီဂျောင်ကို အခု

ကတည်းက ပညာပြနေပါပြီ။အဲဒီကာတာလန်ကလပ်ဟာ နယ်သာလန်သားရဲ့အပြောင်းအရွှေ့

အတွက်မန်ယူနဲ့သဘောတူညီရခဲ့ပြီး ကစားသမားကိုလည်း အသင်းကပြောင်းခိုင်းခဲ့တာပါ။ ဒါပေ

မဲ့ ဘာစီလိုနာမှာ အခြေကျနေတဲ့အပြင်ကလပ်ဆီကလည်း လစာကြွေးယူရို ၁၇ သန်းရဖို့ရှိတဲ့ ဒီ

ဂျောင်ဟာထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်မှုကြောင့် သူ့ကို အမေရိကန်ခရီးစဉ်ကနေ

ချန်ထားမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်တကယ်တမ်းမှာတော့ လိုက်ပါခွင့်ရခဲ့တာပါ။ ဒါပေ

မဲ့လည်း လိုက်သွားရတာထက်စာရင် အိမ်မှာ ကျန်နေခဲ့တာက ဒီဂျောင်အတွက် ပိုကောင်းမယ့်

အခြေအနေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆို အသင်းရဲ့ရာသီကြိုပထမဆုံးပွဲမှာသူဟာ ကစား

နေကျနေရာမဟုတ်ဘဲ အစိမ်းသက်သက်နေရာကနေကစားသွားခဲ့ရလို့ပါပဲ။ မေဂျာလိဂ်ကလပ်

အင်တာမီယာမီကို ၆ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီဂျောင်ဟာ ပွဲထွက်စာရင်းထဲ မပါခဲ့ပါဘူး။

ဒုတိယပိုင်းမှာ လူစားဝင်ခွင့်ရတော့လည်း သူဟာ ကစားနေကျကွင်းလယ်မှာမဟုတ်ဘဲ ဗဟိုခံ

စစ်တစ်ယောက်အနေနဲ့ အာရူဂျိုနဲ့တွဲကစားခဲ့ရပါတယ်။ဒါဟာ နည်းပြဇာဗီရဲ့ဆုံးဖြတ်ချက်လား

ဒါမှမဟုတ် ဗီဇာအခက်အခဲကြောင့်သူရောက်မလာသေးခိုက် အသင်းကို တာဝန်ယူရတဲ့အော်စ

ကာဟာနန်ဒက်ဇ်ရဲ့ဆုံးဖြတ်ချက်လားဆိုတာ မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂျောင်လိုဘော

လုံးသယ်ပြီး တိုက်စစ်လိုက်ပါကစားတတ်သူကွင်းလယ်လူကဗဟိုခံစစ်ဆင်းကစားနေတာကို

ကြည့်ရတာက အဆင်ပြေမယ်မထင်ပါဘူး။

ဘာစီလိုနာဟာ အသင္းမွာ ေပကပ္ၿပီး သူတို႔ေျပာသလိုမျဖစ္တဲ့ကြင္းလယ္လူဒီေဂ်ာင္ကို အခု

ကတည္းက ပညာျပေနပါၿပီ။အဲဒီကာတာလန္ကလပ္ဟာ နယ္သာလန္သားရဲ႕အေျပာင္းအေ႐ႊ႕

အတြက္မန္ယူနဲ႔သေဘာတူညီရခဲ့ၿပီး ကစားသမားကိုလည္း အသင္းကေျပာင္းခိုင္းခဲ့တာပါ။ ဒါေပ

မဲ့ ဘာစီလိုနာမွာ အေျခက်ေနတဲ့အျပင္ကလပ္ဆီကလည္း လစာေႂကြးယူ႐ို ၁၇ သန္းရဖို႔ရွိတဲ့ ဒီ

ေဂ်ာင္ဟာထြက္ခြာဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ဒီလိုျငင္းဆန္မႈေၾကာင့္ သူ႔ကို အေမရိကန္ခရီးစဥ္ကေန

ခ်န္ထားမယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္တကယ္တမ္းမွာေတာ့ လိုက္ပါခြင့္ရခဲ့တာပါ။ ဒါေပ

မဲ့လည္း လိုက္သြားရတာထက္စာရင္ အိမ္မွာ က်န္ေနခဲ့တာက ဒီေဂ်ာင္အတြက္ ပိုေကာင္းမယ့္

အေျခအေနျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆို အသင္းရဲ႕ရာသီႀကိဳပထမဆုံးပြဲမွာသူဟာ ကစား

ေနက်ေနရာမဟုတ္ဘဲ အစိမ္းသက္သက္ေနရာကေနကစားသြားခဲ့ရလို႔ပါပဲ။ ေမဂ်ာလိဂ္ကလပ္

အင္တာမီယာမီကို ၆ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီေဂ်ာင္ဟာ ပြဲထြက္စာရင္းထဲ မပါခဲ့ပါဘူး။

ဒုတိယပိုင္းမွာ လူစားဝင္ခြင့္ရေတာ့လည္း သူဟာ ကစားေနက်ကြင္းလယ္မွာမဟုတ္ဘဲ ဗဟိုခံ

စစ္တစ္ေယာက္အေနနဲ႔ အာ႐ူဂ်ိဳနဲ႔တြဲကစားခဲ့ရပါတယ္။ဒါဟာ နည္းျပဇာဗီရဲ႕ဆုံးျဖတ္ခ်က္လား

ဒါမွမဟုတ္ ဗီဇာအခက္အခဲေၾကာင့္သူေရာက္မလာေသးခိုက္ အသင္းကို တာဝန္ယူရတဲ့ေအာ္စ

ကာဟာနန္ဒက္ဇ္ရဲ႕ဆုံးျဖတ္ခ်က္လားဆိုတာ မသိရပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေဂ်ာင္လိုေဘာ

လုံးသယ္ၿပီး တိုက္စစ္လိုက္ပါကစားတတ္သူကြင္းလယ္လူကဗဟိုခံစစ္ဆင္းကစားေနတာကို

ၾကည့္ရတာက အဆင္ေျပမယ္မထင္ပါဘူး။