ဘာကာရဲ့ အကြီးကျယ်ဆုံးကစားသမားစာရင်းမှာတော့ ဒုတိယနေရာသာရနိုင်ခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားစူပါစတားလီယွန်နယ်မက်ဆီဟာအားကစားသမိုင်းမှာအကြီးကျယ်ဆုံးအားကစား

သမားတွေထဲကတစ်ဦးအဖြစ်အများစုရဲ့သတ်မှတ်ခံထားရသူဖြစ်ပါတယ်။သူဟာBallon d’Or ဆု

ကိုခုနှစ်ကြိမ်ဆွတ်ခူးထားမှုအပါအဝင်ကစားသမားဘဝတစ်လျှောက်ဘာစီလိုနာနှင့်အတူဆုဖလား

များစွာဆွတ်ခူးထားနိုင်သူလည်းဖြစ်ပါတယ်။သူဟာဘာစီလိုနာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူ

ထားသူအဖြစ်လည်းရပ်တည်နေသူဖြစ်ပါတယ်။ဒါပေမဲ့ဘာစီလိုနာပရိသတ်တွေကတော့မက်ဆီ

ကိုကလပ်သမိုင်းမှာအကြီးကျယ်ဆုံးကစားသမားအဖြစ်မယုံကြည်ကြပါဘူး။မက်ဆီဟာဘာစီလို

နာအတွက်၇၇၈ပွဲကစားကာ၆၇၂ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီးလာလီဂါဖလား၁၀ကြိမ်၊ကိုပါဒယ်ရေး

ဖလား၇ကြိမ်၊စပိန်စူပါဖလား၇ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်နှင့်ဖီဖာ

ကမ္ဘာ့ကလပ်ဖလား၃ကြိမ်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ဘာစီလိုနာပရိသတ်များရဲ့မဲပေးမှုအရမက်ဆီ

ဟာကလပ်သမိုင်းတွင်ဒုတိယအကြီးကျယ်ဆုံးကစားသမားအဖြစ်သာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာပရိသတ်များကကလပ်သမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားအဖြစ် မက်ဆီရဲ့တစ်

နိုင်ငံတည်းသား ဂန္ထဝင်ကစားသမားဒီယေဂိုမာရာဒိုနာကိုရွေးချယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကကွယ်လွန်သွားခဲ့တဲ့ဒီယေဂိုမာရာဒိုနာဟာဘာစီလိုနာတွင်၁၉၈၂

ခုနှစ်မှ၁၉၈၄ခုနှစ်အထိနှစ်ရာသီသာကစားခဲ့ပြီး၅၈ပွဲကစားကာ၃၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့

လည်းဘာစီလိုနာပရိသတ်များက ကလပ်သမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားအဖြစ်မက်

ဆီကိုကျော်ကာ မာရာဒိုနာကိုရွေးချယ်သွားခဲ့ကြပါတယ်။ဘာစီလိုနာပရိသတ်များရဲ့မဲပေးမှုအ

ရကလပ်သမိုင်းတွင်အကြီးကျယ်ဆုံကစားသမား၁၀ဦးစာရင်းတွင်ရော်နယ်ဒင်ဟို၊ဂျိုဟန်ခရိုက်ဖ်၊

အင်နီယေစတာ၊ဇာဗီး၊လူးဝစ်ဆွာရက်ဇ်၊ရော်နယ်ဒို၊ဂါရတ်ပီကေး၊ကားလို့စ်ပူယိုးလ်တို့လည်း

ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အာဂ်င္တီးနားစူပါစတားလီယြန္နယ္မက္ဆီဟာအားကစားသမိုင္းမွာအႀကီးက်ယ္ဆုံးအားကစား

သမားေတြထဲကတစ္ဦးအျဖစ္အမ်ားစုရဲ႕သတ္မွတ္ခံထားရသူျဖစ္ပါတယ္။သူဟာBallon d’Or ဆု

ကိုခုႏွစ္ႀကိမ္ဆြတ္ခူးထားမႈအပါအဝင္ကစားသမားဘဝတစ္ေလွ်ာက္ဘာစီလိုနာႏွင့္အတူဆုဖလား

မ်ားစြာဆြတ္ခူးထားႏိုင္သူလည္းျဖစ္ပါတယ္။သူဟာဘာစီလိုနာသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူ

ထားသူအျဖစ္လည္းရပ္တည္ေနသူျဖစ္ပါတယ္။ဒါေပမဲ့ဘာစီလိုနာပရိသတ္ေတြကေတာ့မက္ဆီ

ကိုကလပ္သမိုင္းမွာအႀကီးက်ယ္ဆုံးကစားသမားအျဖစ္မယုံၾကည္ၾကပါဘူး။မက္ဆီဟာဘာစီလို

နာအတြက္၇၇၈ပြဲကစားကာ၆၇၂ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီးလာလီဂါဖလား၁၀ႀကိမ္၊ကိုပါဒယ္ေရး

ဖလား၇ႀကိမ္၊စပိန္စူပါဖလား၇ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္၊ဥေရာပစူပါဖလား၃ႀကိမ္ႏွင့္ဖီဖာ

ကမာၻ႔ကလပ္ဖလား၃ႀကိမ္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။ဘာစီလိုနာပရိသတ္မ်ားရဲ႕မဲေပးမႈအရမက္ဆီ

ဟာကလပ္သမိုင္းတြင္ဒုတိယအႀကီးက်ယ္ဆုံးကစားသမားအျဖစ္သာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာပရိသတ္မ်ားကကလပ္သမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားအျဖစ္ မက္ဆီရဲ႕တစ္

ႏိုင္ငံတည္းသား ဂႏၴဝင္ကစားသမားဒီေယဂိုမာရာဒိုနာကိုေ႐ြးခ်ယ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကကြယ္လြန္သြားခဲ့တဲ့ဒီေယဂိုမာရာဒိုနာဟာဘာစီလိုနာတြင္၁၉၈၂

ခုႏွစ္မွ၁၉၈၄ခုႏွစ္အထိႏွစ္ရာသီသာကစားခဲ့ၿပီး၅၈ပြဲကစားကာ၃၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ဒါေပမဲ့

လည္းဘာစီလိုနာပရိသတ္မ်ားက ကလပ္သမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားအျဖစ္မက္

ဆီကိုေက်ာ္ကာ မာရာဒိုနာကိုေ႐ြးခ်ယ္သြားခဲ့ၾကပါတယ္။ဘာစီလိုနာပရိသတ္မ်ားရဲ႕မဲေပးမႈအ

ရကလပ္သမိုင္းတြင္အႀကီးက်ယ္ဆုံကစားသမား၁၀ဦးစာရင္းတြင္ေရာ္နယ္ဒင္ဟို၊ဂ်ိဳဟန္ခ႐ိုက္ဖ္၊

အင္နီေယစတာ၊ဇာဗီး၊လူးဝစ္ဆြာရက္ဇ္၊ေရာ္နယ္ဒို၊ဂါရတ္ပီေကး၊ကားလို႔စ္ပူယိုးလ္တို႔လည္း

ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။