ဘာကာကိုရောက် သုံးပွဲမြောက်တဲ့အထိ ပါကင်ဖောက်နိုင်ခြင်းမရှိသေးတဲ့ လီဝန်ဒေါ့စကီး

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒီနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘိုင်ယန်မြူး

နစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဆိုပါ ပို

လန်လက်ရွေးစင်တိုက်စစ်မှူးဟာ အသင်းသစ် ဘာစီလိုနာအတွက် သုံးပွဲကစားပြီးချိန်ထိ တဂိုးမှ

မသွင်းယူနိုင်သေးပါဘူး။လီဝန်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နဲ့ပွဲမှာ ဂိုးမသွင်းနိုင်

ခဲ့တာကြောင့် ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ နယူးယော့ခ်ရက်ဒ်ဘူးလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့ ပရိ

သတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးက ရာဖင်ဟာ၊ ဒမ်ဘီလီတို့

ဖန်တီးပေးခဲ့တဲ့ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ ဖြုန်းတီးခဲ့ပါတယ်။လီဝန်

ဒေါစကီးဟာ အပိုင်ခေါင်းတိုက်ချက် (၂) ကြိမ်လောက်ကိုလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို

ဒမ်ဘီလီ လွတ်လွတ်ကျွတ်ကျွတ်ခင်းပေးတဲ့ ဘောလုံးကိုလည်း ချက်ချင်းမကန်ဘဲ အချိန်ဆွဲခဲ့ပါ

တယ်။ အဲ့ဒီနောက် ကန်သွင်းချိန်မှာလည်း ပြိုင်ဘက်နောက်ခံလူနဲ့ ထိထွက်သွားပြီး ဘာစီလိုနာ

တို့ အပိုင်အခွင့်အရေးတွေကို နစ်နာဆုံးရှုံးခဲ့ရပါတယ်။အသက် (၃၃) နှစ်အရွယ် ဒီကစားသမားရဲ့

ခြေစွမ်းနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက ဘာစီလိုနာကို လှောင်ပြောင်နေကြပါ

တယ်။ ဒါ့အပြင် တွစ်တာမှာလည်း လီဝန်ဒေါစကီးရဲ့ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်း

လဲနိုင်ခဲ့ခြင်းမရှိတဲ့ ဗီဒီယိုကလည်း ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ ဘာစီလိုနာနည်း

ပြ ဇာဗီကတော့ လီဝန်ဒေါစကီးဘက်က ကာကွယ်ပေးခဲ့ပါတယ်။ဇာဗီက “လီဝန်ဒေါစကီးက အခု

ထိ ဂိုးမရသေးတဲ့အပေါ် စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒါက သာမန်ကိစ္စရပ်ပါပဲ။ ဆွာရက်ဇ် ကျ

နော်တို့အသင်းကို ရောက်လာတုန်းကလည်း ဒီလိုပါပဲ။ ဒါပေမယ့် နောက်တော့ သူ ဂိုးတွေသွင်း

တော့တာပဲ” လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ နယူးယော့ခ်ရက်ဒ်ဘူးလ်နဲ့ပွဲမှာတော့ ဘာစီ

လိုနာက ဒမ်ဘီလီ၊ ဒီပိုင်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာတိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဘိုင္ယန္ျမဴး

နစ္ကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း (၅၀) နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ အဆိုပါ ပို

လန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ အသင္းသစ္ ဘာစီလိုနာအတြက္ သုံးပြဲကစားၿပီးခ်ိန္ထိ တဂိုးမွ

မသြင္းယူႏိုင္ေသးပါဘူး။လီဝန္ေဒါစကီးဟာ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္တို႔နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္

ခဲ့တာေၾကာင့္ ဒီမနက္အေစာပိုင္းမွာ ကစားခဲ့တဲ့ နယူးေယာ့ခ္ရက္ဒ္ဘူးလ္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ဖို႔ ပရိ

သတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း လီဝန္ေဒါစကီးက ရာဖင္ဟာ၊ ဒမ္ဘီလီတို႔

ဖန္တီးေပးခဲ့တဲ့ အပိုင္အခြင့္အေရးေတြကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ဘဲ ျဖဳန္းတီးခဲ့ပါတယ္။လီဝန္

ေဒါစကီးဟာ အပိုင္ေခါင္းတိုက္ခ်က္ (၂) ႀကိမ္ေလာက္ကိုလည္း ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့သလို

ဒမ္ဘီလီ လြတ္လြတ္ကြၽတ္ကြၽတ္ခင္းေပးတဲ့ ေဘာလုံးကိုလည္း ခ်က္ခ်င္းမကန္ဘဲ အခ်ိန္ဆြဲခဲ့ပါ

တယ္။ အဲ့ဒီေနာက္ ကန္သြင္းခ်ိန္မွာလည္း ၿပိဳင္ဘက္ေနာက္ခံလူနဲ႔ ထိထြက္သြားၿပီး ဘာစီလိုနာ

တို႔ အပိုင္အခြင့္အေရးေတြကို နစ္နာဆုံးရႈံးခဲ့ရပါတယ္။အသက္ (၃၃) ႏွစ္အ႐ြယ္ ဒီကစားသမားရဲ႕

ေျခစြမ္းနဲ႔ပတ္သက္လို႔ ရီးရဲလ္မက္ဒရစ္ ပရိသတ္ေတြက ဘာစီလိုနာကို ေလွာင္ေျပာင္ေနၾကပါ

တယ္။ ဒါ့အျပင္ တြစ္တာမွာလည္း လီဝန္ေဒါစကီးရဲ႕ အပိုင္အခြင့္အေရးေတြကို ဂိုးအျဖစ္ ေျပာင္း

လဲႏိုင္ခဲ့ျခင္းမရွိတဲ့ ဗီဒီယိုကလည္း ပရိသတ္ေတြအၾကား ေရပန္းစားေနပါတယ္။ ဘာစီလိုနာနည္း

ျပ ဇာဗီကေတာ့ လီဝန္ေဒါစကီးဘက္က ကာကြယ္ေပးခဲ့ပါတယ္။ဇာဗီက “လီဝန္ေဒါစကီးက အခု

ထိ ဂိုးမရေသးတဲ့အေပၚ စိတ္ပ်က္ေနပါတယ္။ ဒါေပမယ့္ ဒါက သာမန္ကိစၥရပ္ပါပဲ။ ဆြာရက္ဇ္ က်

ေနာ္တို႔အသင္းကို ေရာက္လာတုန္းကလည္း ဒီလိုပါပဲ။ ဒါေပမယ့္ ေနာက္ေတာ့ သူ ဂိုးေတြသြင္း

ေတာ့တာပဲ” လို႔ ကာကြယ္ေျပာၾကားသြားခဲ့ပါတယ္။ နယူးေယာ့ခ္ရက္ဒ္ဘူးလ္နဲ႔ပြဲမွာေတာ့ ဘာစီ

လိုနာက ဒမ္ဘီလီ၊ ဒီပိုင္းတို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူ ႏွစ္ဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့ပါတယ္။