ဘလွန်ဒီအောဆုပိုင်ရှင်ဟာ ထင်ထင်ရှားရှား ပေါ်ထွက်နေပါပြီလို့ပြောဆိုလာတဲ့ အွန်နရီ

ဘလွန်းဒီအောဆုကို ဘယ်သူရရှိမယ်ဆိုတာ သေချာသွားပြီဖြစ်လို့ ဆန္ဒမဲပေး

တာတွေကို ပိတ်သိမ်းသင့်လိုက်ပြီလို့ အွန်နရီက ပြောဆိုလိုက်ပါတယ်။ ဒီဆုကို

ကမကထပြုလုပ်ကာ ချီးမြှင့်ပေးနေတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို အွန်နရီက

ရည်ရွယ်ပြောဆိုခဲ့ကာ ဒီနှစ်အတွက်ဆုကို ဘန်ဇီမာက ခြွင်းချက်မရှိဆွတ်ခူးသွား

ခဲ့ပြီလို့ပါ ပေါ်တင်ပြောချခဲ့ပါတယ်။ ဘန်ဇီမာကတော့ ရီးရဲလ်မက်ဒရစ်အတွက်

ဒီရာသီမှာ ခြေစွမ်းပြနေခဲ့ပြီး လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားရအောင် အ

သင်းကို ဦးဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုး၊ ဖန်တီးမှု၊ အောင်မြင်မှုတွကြောင့်

ဘလွန်းဒီအောဆုချီးမြှင့်ရာမှာ စည်းမျဉ်းတွေပြောင်းလဲသတ်မှတ်ထားပေမယ့်

ဘယ်လိုပဲကြည့်ကြည့် သူပဲ သေချာပေါက်ဆွတ်ခူးလိမ့်မယ်လို့ ပရိသတ်တွေက

ပါ ခန့်မှန်းထားပြီးဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီ၊ ကွာတားဖိုင်နယ်မှာ ချယ်လ်ဆီးတို့

ကို ဟက်ထရစ်တွေသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကွင်းလယ်လူဟောင်း

စတိဗ်မက်မာနာမန်ကလည်း အွန်နရီရဲ့ ပြောဆိုမှုအပေါ် ထောက်ခံခဲ့ပြီး ဘန်ဇီမာ

က ပထမဆုံးအကြိမ်ဆွတ်ခူးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “ဆန္ဒမဲပေးတာကို

ပိတ်လိုက်ပါတော့၊ ဘန်ဇီမာက ဘလွန်းဒီအောဆုကို ရသွားပါပြီ၊ ဘိုင့်ဘိုင်” လို့

အွန်နရီက ပြောဆိုခဲ့ပါတယ်။ မက်မာနာမန်ကလည်း “ချန်ပီယံလိဂ်ဖလားရသွားပြီ

ဆိုမှတော့ ဘန်ဇီမာက အဲဒါနဲ့ထိုက်တန်ပါတယ်၊ လီဗာပူးလ်ရခဲ့မယ်ဆိုရင်တော့

မာနေး ဒါမှမဟုတ် ဆာလာ ရသင့်တယ်လို့ ကျနော်ထင်တယ်” လို့ ပြောဆိုသွားခဲ့

ပါတယ်။

ဘလြန္းဒီေအာဆုကို ဘယ္သူရရွိမယ္ဆိုတာ ေသခ်ာသြားၿပီျဖစ္လို႔ ဆႏၵမဲေပး

တာေတြကို ပိတ္သိမ္းသင့္လိုက္ၿပီလို႔ အြန္နရီက ေျပာဆိုလိုက္ပါတယ္။ ဒီဆုကို

ကမကထျပဳလုပ္ကာ ခ်ီးျမႇင့္ေပးေနတဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းကို အြန္နရီက

ရည္႐ြယ္ေျပာဆိုခဲ့ကာ ဒီႏွစ္အတြက္ဆုကို ဘန္ဇီမာက ႁခြင္းခ်က္မရွိဆြတ္ခူးသြား

ခဲ့ၿပီလို႔ပါ ေပၚတင္ေျပာခ်ခဲ့ပါတယ္။ ဘန္ဇီမာကေတာ့ ရီးရဲလ္မက္ဒရစ္အတြက္

ဒီရာသီမွာ ေျခစြမ္းျပေနခဲ့ၿပီး လာလီဂါဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားရေအာင္ အ

သင္းကို ဦးေဆာင္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ သြင္းဂိုး၊ ဖန္တီးမႈ၊ ေအာင္ျမင္မႈတြေၾကာင့္

ဘလြန္းဒီေအာဆုခ်ီးျမႇင့္ရာမွာ စည္းမ်ဥ္းေတြေျပာင္းလဲသတ္မွတ္ထားေပမယ့္

ဘယ္လိုပဲၾကည့္ၾကည့္ သူပဲ ေသခ်ာေပါက္ဆြတ္ခူးလိမ့္မယ္လို႔ ပရိသတ္ေတြက

ပါ ခန႔္မွန္းထားၿပီးျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးဟာ

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ပီအက္စ္ဂ်ီ၊ ကြာတားဖိုင္နယ္မွာ ခ်ယ္လ္ဆီးတို႔

ကို ဟက္ထရစ္ေတြသြင္းယူႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္ကြင္းလယ္လူေဟာင္း

စတိဗ္မက္မာနာမန္ကလည္း အြန္နရီရဲ႕ ေျပာဆိုမႈအေပၚ ေထာက္ခံခဲ့ၿပီး ဘန္ဇီမာ

က ပထမဆုံးအႀကိမ္ဆြတ္ခူးသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ “ဆႏၵမဲေပးတာကို

ပိတ္လိုက္ပါေတာ့၊ ဘန္ဇီမာက ဘလြန္းဒီေအာဆုကို ရသြားပါၿပီ၊ ဘိုင့္ဘိုင္” လို႔

အြန္နရီက ေျပာဆိုခဲ့ပါတယ္။ မက္မာနာမန္ကလည္း “ခ်န္ပီယံလိဂ္ဖလားရသြားၿပီ

ဆိုမွေတာ့ ဘန္ဇီမာက အဲဒါနဲ႔ထိုက္တန္ပါတယ္၊ လီဗာပူးလ္ရခဲ့မယ္ဆိုရင္ေတာ့

မာေနး ဒါမွမဟုတ္ ဆာလာ ရသင့္တယ္လို႔ က်ေနာ္ထင္တယ္” လို႔ ေျပာဆိုသြားခဲ့

ပါတယ္။