ဘရိုက်တန်နဲ့ပွဲမစခင် ပြိုုင်ဘက်အသင်းခေါင်းဆောင်နေရာဝင်ယူခဲ့တဲ့ မန်ယူကဂေါင်းကြီး

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ ဘရိုက်တန်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်

ကွင်းပွဲမှာ ကွင်းအတွင်း ဝင်ရောက်ဖို့ ဥမင်လိုဏ်ခေါင်းအတွင်း တန်းစီနေချိန်မှာ ရုပ်ဆိုးအကျည်း

တန်တဲ့ အမှားအယွင်းတခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။ မက်ဂွိုင်းရားဟာ နေရာမှားပြီး တန်းစီးခဲ့

တာဖြစ်ပြီး ဘရိုက်တန်ကစားသမားတွေနဲ့ နေရာပြန်လဲခဲ့ရပါတယ်။သူနေရာမှားပြီး တန်းစီနေ

တဲ့အကြောင်းကို ဂိုးသမား ဒီဂီယာက အသိပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းရား

က ဒီဂီယာသတိပေးနေတဲ့ကြားထဲကနေ အူကြောင်ကြောင်ဖြစ်နေခဲ့ဟန်ရှိပြီး ဒီဂီယာက ထပ်မံ

ပြောဆိုမှသာ မက်ဂွိုင်းရားက ပြိုင်ဘက်အသင်းခေါင်းဆောင် ဒန့်ကိုအသိပေးကာ ဟိုဘက်နဲ့ဒီ

ဘက် နေရာပြန်ပြောင်းပြီး အမှန်အတိုင်း ပြန်လည်တန်းစီခဲ့ပါတယ်။မက်ဂွိုင်းရားရဲ့လုပ်ရပ်အ

ပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေက စိတ်ပျက်နေပြီး အသင်းခေါင်းဆောင်တယောက်က

ဘယ်နေရာမှာ တန်းစီရမယ်ဆိုတာကို မသိအောင် အာရုံစူးစိုက်မှုကင်းမဲ့ခဲ့တဲ့အပေါ် ဝေဖန်နေ

ကြပါတယ်။ ပရိသတ်တယောက်က “ငါတို့အသင်းခေါင်းဆောင်ကို ကြည့်စမ်းပါဦးကွာ။ ဒါက အ

သင်းခေါင်းဆောင်တဲ့လား” လို့ ရေးသား ဝေဖန်ခဲ့ပါတယ်။အခြားသော ပရိသတ်တယောက်က

လည်း “အသင်းခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်ကွင်းထဲမဝင်ခင် ဘယ်နေရာမှာ တန်းစီရ

မယ်ဆိုတာကို သိသင့်ပါတယ်။ ဒီဂီယာက သူ့ကို ညွှန်ကြားနေရပြီး ဒါက မက်ဂွိုင်းရားရဲ့ အာရုံစူး

စိုက်မှု၊ ဦးဆောင်နိုင်စွမ်း မရှိတာတွေကို သက်သေပြနေပါတယ်” လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မက်ဂွိုင်းရားတယောက် အမှားအယွင်း

ကြီးကြီးမားမား မလုပ်ခဲ့ဘူးလို့ ဆိုနိုင်ပေမယ့်လည်း အခုလိုမျိုး ကွင်းထဲမဝင်ခင်မှာ ဖြစ်ပွားခဲ့တဲ့

ကိစ္စက ယူနိုက်တက်အသင်းခေါင်းဆောင်တယောက်အတွက်တော့ စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။

ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းရားဟာ ဘ႐ိုက္တန္ကို ၁-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိမ္

ကြင္းပြဲမွာ ကြင္းအတြင္း ဝင္ေရာက္ဖို႔ ဥမင္လိုဏ္ေခါင္းအတြင္း တန္းစီေနခ်ိန္မွာ ႐ုပ္ဆိုးအက်ည္း

တန္တဲ့ အမွားအယြင္းတခုကို ျပဳလုပ္ခဲ့ျပန္ပါတယ္။ မက္ဂြိဳင္းရားဟာ ေနရာမွားၿပီး တန္းစီးခဲ့

တာျဖစ္ၿပီး ဘ႐ိုက္တန္ကစားသမားေတြနဲ႔ ေနရာျပန္လဲခဲ့ရပါတယ္။သူေနရာမွားၿပီး တန္းစီေန

တဲ့အေၾကာင္းကို ဂိုးသမား ဒီဂီယာက အသိေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မက္ဂြိဳင္းရား

က ဒီဂီယာသတိေပးေနတဲ့ၾကားထဲကေန အူေၾကာင္ေၾကာင္ျဖစ္ေနခဲ့ဟန္ရွိၿပီး ဒီဂီယာက ထပ္မံ

ေျပာဆိုမွသာ မက္ဂြိဳင္းရားက ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ ဒန္႔ကိုအသိေပးကာ ဟိုဘက္နဲ႔ဒီ

ဘက္ ေနရာျပန္ေျပာင္းၿပီး အမွန္အတိုင္း ျပန္လည္တန္းစီခဲ့ပါတယ္။မက္ဂြိဳင္းရားရဲ႕လုပ္ရပ္အ

ေပၚမွာေတာ့ ယူႏိုက္တက္ပရိသတ္ေတြက စိတ္ပ်က္ေနၿပီး အသင္းေခါင္းေဆာင္တေယာက္က

ဘယ္ေနရာမွာ တန္းစီရမယ္ဆိုတာကို မသိေအာင္ အာ႐ုံစူးစိုက္မႈကင္းမဲ့ခဲ့တဲ့အေပၚ ေဝဖန္ေန

ၾကပါတယ္။ ပရိသတ္တေယာက္က “ငါတို႔အသင္းေခါင္းေဆာင္ကို ၾကည့္စမ္းပါဦးကြာ။ ဒါက အ

သင္းေခါင္းေဆာင္တဲ့လား” လို႔ ေရးသား ေဝဖန္ခဲ့ပါတယ္။အျခားေသာ ပရိသတ္တေယာက္က

လည္း “အသင္းေခါင္းေဆာင္တေယာက္အေနနဲ႔ ကိုယ့္ကြင္းထဲမဝင္ခင္ ဘယ္ေနရာမွာ တန္းစီရ

မယ္ဆိုတာကို သိသင့္ပါတယ္။ ဒီဂီယာက သူ႔ကို ၫႊန္ၾကားေနရၿပီး ဒါက မက္ဂြိဳင္းရားရဲ႕ အာ႐ုံစူး

စိုက္မႈ၊ ဦးေဆာင္ႏိုင္စြမ္း မရွိတာေတြကို သက္ေသျပေနပါတယ္” လို႔ ေရးသားေဝဖန္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဘ႐ိုက္တန္ကို ၁-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ မက္ဂြိဳင္းရားတေယာက္ အမွားအယြင္း

ႀကီးႀကီးမားမား မလုပ္ခဲ့ဘူးလို႔ ဆိုႏိုင္ေပမယ့္လည္း အခုလိုမ်ိဳး ကြင္းထဲမဝင္ခင္မွာ ျဖစ္ပြားခဲ့တဲ့

ကိစၥက ယူႏိုက္တက္အသင္းေခါင္းေဆာင္တေယာက္အတြက္ေတာ့ စိတ္ပ်က္ဖို႔ေကာင္းခဲ့ပါတယ္။