ဘရန့်ဖို့ဒ်ကိုစရောက်ကတည်းက ခြေစွမ်းကျသွားတာမျိုးမရှိသေးတဲ့ တိုက်စစ်မှူးအကြောင်းစုံစမ်းနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ တိုက်စစ်မှူးအိုင်ဗန်တိုနေးကို ခေါ်ယူဖို့ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကို ဘရန့်ဖို့ဒ်

အသင်းထံ ဆက်သွယ်စုံစမ်းခဲ့တယ်လို့သိရပါတယ်။ Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ယူ

နိုက်တက်ဟာကစားသမားရဲ့ အခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေတယ်လို့လည်း

သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာဘရန့်ဖို့ဒ်အသင်းအတွက်

သွင်းဂိုး ၂၀ အထိ ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက်ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်နိုင်ပေမယ့် ဘ

ရန့်ဖို့ဒ်က ၎င်းတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှူးအတွက် ပေါင်သန်း ၅၀ ကနေ ၆၀ ကြားတောင်းဆို

နေတာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူဖို့ အခက်တွေ့နေတာပါ။အခြားအချက်အနေနဲ့ တို

နေးကိုခေါ်မခေါ်ဆိုတာကလည်း ရော်နယ်ဒိုနဲ့အန်တိုနီမာရှယ်တို့ရဲ့ အခြေအနေပေါ်မှာ မူတည်

လျက်ရှိပါတယ်။ပေါ်တူဂီကြယ်ပွင့်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပြီးမာရှယ်ရဲ့အ

နာဂတ်ကတော့ မသေချာတဲ့ အနေအထားမှာရှိနေပေမယ့်ရာသီကြိုခြေစမ်းပွဲတွေမှာတော့ ခြေ

စွမ်းပြကစားလျက်ရှိပါတယ်။နယူးကာဆယ်၊ လိဒ်စ်နဲ့ ဝက်စ်ဟမ်းတို့ကလည်း ၂၀၂၀ မှာ ဘရန့်

ဖို့ဒ်ကိုစရောက်ကတည်းက ခြေစွမ်းပြနေတဲ့ တိုနေးကိုစိတ်ဝင်စားလျက်ရှိပါတယ်။တိုနေးဟာ

လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆက်တိုက်တိုးတက်လာသူဖြစ်ပြီးဘရန့်ဖို့ဒ်ကို စရောက်ကတည်းက

ခြေစွမ်းကျသွားတာမျိုး မရှိသေးပါဘူး။ဘရန့်ဖို့ဒ်နဲ့ ပွဲဦးထွက်ရာသီမှာကတည်းက ၃၃ ဂိုးထိ

သွင်းယူထားပြီးပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ရာမှာလည်း အဓိကကျခဲ့သူ ဖြစ်ပါတယ်။

ယူႏိုက္တက္ဟာ တိုက္စစ္မႉးအိုင္ဗန္တိုေနးကို ေခၚယူဖို႔ျဖစ္ႏိုင္၊မျဖစ္ႏိုင္ဆိုတာကို ဘရန႔္ဖို႔ဒ္

အသင္းထံ ဆက္သြယ္စုံစမ္းခဲ့တယ္လို႔သိရပါတယ္။ Mirror သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူ

ႏိုက္တက္ဟာကစားသမားရဲ႕ အေျခအေနကို မ်က္ေျခမပ်က္ ေစာင့္ၾကည့္ေနတယ္လို႔လည္း

သိရပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာဘရန႔္ဖို႔ဒ္အသင္းအတြက္

သြင္းဂိုး ၂၀ အထိ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ေကာင္းမြန္တဲ့ေခၚယူမႈျဖစ္ႏိုင္ေပမယ့္ ဘ

ရန႔္ဖို႔ဒ္က ၎တို႔ရဲ႕ၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ေပါင္သန္း ၅၀ ကေန ၆၀ ၾကားေတာင္းဆို

ေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ေခၚယူဖို႔ အခက္ေတြ႕ေနတာပါ။အျခားအခ်က္အေနနဲ႔ တို

ေနးကိုေခၚမေခၚဆိုတာကလည္း ေရာ္နယ္ဒိုနဲ႔အန္တိုနီမာရွယ္တို႔ရဲ႕ အေျခအေနေပၚမွာ မူတည္

လ်က္ရွိပါတယ္။ေပၚတူဂီၾကယ္ပြင့္ဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနၿပီးမာရွယ္ရဲ႕အ

နာဂတ္ကေတာ့ မေသခ်ာတဲ့ အေနအထားမွာရွိေနေပမယ့္ရာသီႀကိဳေျခစမ္းပြဲေတြမွာေတာ့ ေျခ

စြမ္းျပကစားလ်က္ရွိပါတယ္။နယူးကာဆယ္၊ လိဒ္စ္နဲ႔ ဝက္စ္ဟမ္းတို႔ကလည္း ၂၀၂၀ မွာ ဘရန႔္

ဖို႔ဒ္ကိုစေရာက္ကတည္းက ေျခစြမ္းျပေနတဲ့ တိုေနးကိုစိတ္ဝင္စားလ်က္ရွိပါတယ္။တိုေနးဟာ

လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ဆက္တိုက္တိုးတက္လာသူျဖစ္ၿပီးဘရန႔္ဖို႔ဒ္ကို စေရာက္ကတည္းက

ေျခစြမ္းက်သြားတာမ်ိဳး မရွိေသးပါဘူး။ဘရန႔္ဖို႔ဒ္နဲ႔ ပြဲဦးထြက္ရာသီမွာကတည္းက ၃၃ ဂိုးထိ

သြင္းယူထားၿပီးပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ခဲ့ရာမွာလည္း အဓိကက်ခဲ့သူ ျဖစ္ပါတယ္။