ဘယ်လိုပဲကြိုးစားကြိုးစား အဆင့်(၁၀)ကလွတ်လမ်းမမြင်သေးကြောင်း ချဲလ်ဆီးပရိသတ်များညည်းတွား
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့စနေ စတမ်းဖို့ဒ်ဘရစ်ချ်ကပွဲမှာ တန်းဆင်းဇုန်တိုက်ပွဲဆင်နွဲနေတဲ့ အဲဗာတန်ကို
သရေသာ ကန်နိုင်ခဲ့ပါတယ်။ဂရေဟမ်ပေါ်တာရဲ့အသင်းဟာ အဲဒီပွဲမှာ ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေ
မယ့်၂ ကြိမ်စလုံးပြန်ချေပခံခဲ့ရတာပါ။ ၈၉ မိနစ်မှာ ပေးလိုက်ရတဲ့ချေပဂိုးကြောင့်လည်း ချဲလ်ဆီးရဲ့ပြိုင်
ပွဲအရပ်ရပ် ၃ ပွဲဆက်အနိုင်ဟာအဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီပွဲသရေရလဒ်ကြောင့်လည်းချဲလ်ဆီးဟာ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားက အဆင့် ၁၀ နေရာမှာပဲ ဆက်ရှိနေခဲ့တာပါ။တကယ်ဆို ချဲလ်ဆီးဟာ
မတ်လအတွင်း ၄ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲအနိုင်ရခဲ့တာပါ။အဲဒီထဲမှာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂ ပွဲလည်း
ပါဝင်ခဲ့ပါတယ်။အဲဒါဟာ ပေါ်တာလက်ထက် ဆိုးဆိုးရွားရွားအခြေအနေမှာ ရှားရှားပါးပါးတိုးတက်မှုတစ်
ခုပါ။ဒါပေမဲ့ မတ်လစကတည်းက အမှတ်ပေးဇယား ၁၀ နေရာက ချဲလ်ဆီးဟာ အခုလကသူတို့ရဲ့နောက်
ဆုံးပွဲကစားပြီးတော့လည်း ၁၀ နေရာက ထက်မတက်ခဲ့ပါဘူး။ဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်တစ်
ယောက်က ”ငါတို့တော့ ဘယ်တော့မှအဆင့် ၁၀ နေရာက ကျွတ်မှာ မဟုတ်ဘူး”လို့ ညည်းတွားခဲ့ပါ
တယ်။ပြိုင်ဘက်ပရိသတ်တွေကတော့ ချဲလ်ဆီးဟာ အဆင့် ၁၀ နေရာကို ကန်ထရိုက်ဆွဲထားတာလို့
လှောင်ပြောင်ကြတာပါ။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့စနေ စတမ်းဖို့ဒ်ဘရစ်ခ်ျကပွဲမှာ တန်းဆင်းဇုန်တိုက်ပွဲဆင်နွဲနေတဲ့ အဲဗာတန်ကို
လှောင်ပြောင်ကြတာပါ။