ဗြိတိန် ထိပ်တန်း ဖက်ရှင်ဘရန်းအပါအဝင် စပွန်ဆာများစွာနဲ့ လက်တွဲခွင့်ရလာခဲ့တဲ့ ဆွန်ဟောင်မင်
တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဆွန်ယောင်မင်ဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ ထိပ်တန်း
ဗြိတိန် ဖက်ရှင်ဘရန်း တစ်ခုဖြစ်တဲ့ဘာဘယ်ရီ (Burberry) ရဲ့ အမ်ဘာစတာ ( ကိုယ်စားလှယ် )
အသစ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ လက်ရှိမှာ ( ၂၀၂၁ /၂၂ )ဘောလုံးရာသီ ရွှေဖိနပ်ဆုရှင်
ဟာ ဘရန်း (brand) မြောက်များစွာနဲ့အတူတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ တိုက်စစ်မှူးဟာ ဒီ
နှစ်အတွင်းမှာပဲသူ့ရဲ့ အဓိက ဘောလုံးစပွန်ဆာဖြစ်တဲ့ အက်ဒီးဒါ့စ် (Adidas) ရဲ့Prada နဲ့ ပူးပေါင်း
ဆောင်ရွက်မှု အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ဆွီဒင် ကားကုမ္ပဏီဖြစ်တဲ့ Volvo ဟာ
( ၂၀၂၀ ) ခုနှစ်ကတည်းကတိုက်စစ်မှူးနဲ့အတူ လက်တွဲနေတာဖြစ်ပြီး လက်ရှိမှာတော့ဘာဘယ်
ရီကပါ အသက် ( ၂၉ ) နှစ်အရွယ် ကစားသမားနဲ့တွဲဖက် ပူးပေါင်းလာတာဖြစ်ပါတယ်။ ဘာဘယ်
ရီက သူတို့ရဲ့အင်စတာဂရမ်အကောင့်ကနေ “ ဘာဘယ်ရီအနေနဲ့ တောင်ကိုရီးယားဘောလုံ
းကြယ်ပွင့်လည်းဖြစ် ၊ ပရီးမီးယားလိဂ် ရွေဖိနပ်ဆုရှင်လည်းဖြစ်တဲ့ဆွန်ယောင်မင်ကို ကျွန်တော်
တို့ရဲ့ ကိုယ်စားလှယ်အသစ်အဖြစ်ဂုဏ်ယူစွာ ကြိုဆိုလိုက်ရပါတယ်။” လို့ ရေးသားထားပါတယ်။
ဆွန်ယောင်မင်ကလည်း “ ပရီးမီးယားလိဂ်ကစားသမားတစ်ယောက်အနေနဲ့ ဗြိတိန် ယဉ်ကျေးမှု
အမွေအနှစ်တွေ ပြည့်ဝနေတဲ့ဘရန်းနဲ့ လက်တွဲခွင့်ရတာ ဂုဏ်ယူမိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
ဆွန်ယောင်မင်ဟာ ပင်နယ်တီသွင်းဂိုး တစ်ဂိုးမျှ မပါပဲ လီဗာပူးလ်ရဲ့မိုဆာလာနဲ့အတူ ( ၂၀၂၁/၂၂ )
ရာသီ ပရီးမီးယားလိဂ် ပူးတွဲရွှေဖိနပ်ဆုရရှိခဲ့ပေမယ့် ပီအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး
အသင်းမှာရွေးချယ်ခံရခြင်း မရှိတဲ့အပေါ် အားလုံးက အံ့အားသင့်လျက်ရှိကြပါတယ်။