ဗီလာရီးရဲလ်ကစားသမားတွေကိုယ်တိုင် ကွင်းထဲမှာချီးကျူးခဲ့ရတဲ့ ဒီဂီယာ

MANCHESTER, ENGLAND - SEPTEMBER 29: David de Gea of Manchester United reacts during the UEFA Champions League group F match between Manchester United and Villarreal CF at Old Trafford on September 29, 2021 in Manchester, England. (Photo by Manuel Queimadelos/Quality Sport Images/Getty Images)

မန်ယူအသင်းဟာ ဗီလာရီးရဲလ်ကိုအဝေးကွင်းမှာ ၂-၀ နဲ့နိုင်ခဲ့ပေမယ့်အဲဒီပွဲမှာ ဂိုးသမားဒီဂီယာရဲ့ ပြောင်မြောက်တဲ့လက်စွမ်းပြမှုကနိုင်ပွဲအတွက် အဓိကကျခဲ့ပါတယ်။

မန်ယူဟာ စီရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပေမယ့်တကယ်တမ်းမှာ ဒီဂီယာရဲ့ဒုတိယပိုင်းအစက မယုံနိုင်စရာကောင်းတဲ့ကာကွယ်မှုသာမရှိခဲ့ရင် ရလဒ်ကတစ်မျိုးဖြစ်သွားမှာပါ။

ဒီပွဲမှာ ဗီလာရီးရဲလ်ဟာအခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပေမယ့် ဒီဂီယာရဲ့လက်စွမ်းကိုမကျော်နိုင်ခဲ့ပါဘူး။

အထူးသဖြင့် ၅၈ မိနစ်မှာပြိုင်ဘက်ကွင်းလယ်လူ ထရီဂူရို့စ်နဲ့မြေမကျကန်ချက်ကို လက်တစ်ဖက်တည်းနဲ့ကာကွယ်ခဲ့တဲ့ ဒီဂီယာရဲ့စွမ်းဆောင်ရည်ဟာ အားလုံးကိုလက်ဖျားခါစေခဲ့ပါတယ်။

မန်ယူရဲ့ပင်နယ်တီဧရိယာအတွင်းမှာ ရှိနေတဲ့ထရီဂူရို့စ်ဆီ ဘောလုံးကပျက်ပြီးရောက်ရှိလာချိန်မှာ ဒီကွင်းလယ်လူကလည်းမြေမကျအပိုင်ကန်သွင်းခဲ့တာပါ။

ဒီကန်ချက်ဂိုးပြီလို့ ပရိသတ်တွေထင်ခဲ့ပေမယ့် ဒီဂီယာကအနိမ့်ဒိုက်ထိုးပြီး ဘောလုံးကိုလက်တစ်ဖက်တည်းနဲ့ပုတ်ထုတ်လိုက်တဲ့အတွက် ဘားတန်းပေါ်ကနေကျော်ထွက်သွားခဲ့ပါတယ်။

ဂိုးပြီလို့ထင်ခဲ့တဲ့အတွက် ဗီလာရီးရဲလ်ကစားသမားတွေကိုယ်တိုင်အံ့အားသင့်ခဲ့သလို မန်ယူပရိသတ်တွေလည်းမယုံနိုင်စရာဖြစ်ပြီးသက်ပြင်းချနိုင်ခဲ့ပါတယ်။

ကာကွယ်မှုသိပ်ကောင်းခဲ့တဲ့အတွက် ထရီဂူရို့စ်အပါအဝင် ဗီလာရီးရဲလ်ကစားသမားအချို့က ကွင်းထဲမှာတင်ဒီဂီယာကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး ဗိုလ်လုပွဲမှာမန်ယူနဲ့တွေ့တော့ ပင်နယ်တီအဆုံးအဖြတ် ၁၁-၁၀ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ ဥရောပအဆင့်မှာမန်ယူအတွက် ၆၈ ပွဲမြောက်ကစားခဲ့တာဖြစ်ပြီး သူ့လက်စွမ်းကြောင့်လည်းပွဲအလိုက်အကောင်းဆုံးကစားသမားဆု Player of the Match ကိုရရှိခဲ့ပါတယ်။

ဘောလုံးဝေဖန် သုံးသပ်သူဖြစ်တဲ့ အိုဝင်ဟားဂရေ့ဗ်ကလည်း ဒီဂီယာဟာဂိုးပေါက်မှာသားရဲတစ်ကောင်လို လုပ်ပြနိုင်ခဲ့တာလို့ ချီးကျူးခဲ့ပါတယ်။ ဟားဂရေ့ဗ်က” ဒီဂီယာဟာဒီပွဲမှာအလွှမ်းမိုးနိုင်ဆုံးကစားသမားပေါ့။

အထူးသဖြင့်ပထမပိုင်းမှာပါ။ မန်ယူကို ဗီလာရီးရဲလ်ရဲ့ဖိအားအောက်ကနေဆွဲထုတ်ပြီး အနိုင်ရဖို့ပလက်ဖောင်းတစ်ခုဖန်တီးပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့လက်စွမ်းပြကာကွယ်နိုင်မှုတွေဟာ မန်ယူကစားသမားတွေကို ယုံကြည်မှုမြင့်တက်စေခဲ့ပါတယ်” လို့ပြောသွားပါတယ်

zawgyi

ဗီလာရီးရဲလ္ကစားသမားေတြကိုယ္တိုင္ ကြင္းထဲမွာခ်ီးက်ဴးခဲ့ရတဲ့ ဒီဂီယာ

မန္ယူအသင္းဟာ ဗီလာရီးရဲလ္ကိုအေဝးကြင္းမွာ ၂-၀ နဲ႔ႏိုင္ခဲ့ေပမယ့္အဲဒီပြဲမွာ ဂိုးသမားဒီဂီယာရဲ႕ ေျပာင္ေျမာက္တဲ့လက္စြမ္းျပမႈကႏိုင္ပြဲအတြက္ အဓိကက်ခဲ့ပါတယ္။

မန္ယူဟာ စီေရာ္နယ္ဒို၊ ဆန္ခ်ိဳတို႔ရဲ႕ေနာက္က်ဂိုးေတြနဲ႔ အႏိုင္ရခဲ့ေပမယ့္တကယ္တမ္းမွာ ဒီဂီယာရဲ႕ဒုတိယပိုင္းအစက မယုံႏိုင္စရာေကာင္းတဲ့ကာကြယ္မႈသာမရွိခဲ့ရင္ ရလဒ္ကတစ္မ်ိဳးျဖစ္သြားမွာပါ။

ဒီပြဲမွာ ဗီလာရီးရဲလ္ဟာအခြင့္အေရးမ်ားစြာဖန္တီးႏိုင္ခဲ့ေပမယ့္ ဒီဂီယာရဲ႕လက္စြမ္းကိုမေက်ာ္ႏိုင္ခဲ့ပါဘူး။

အထူးသျဖင့္ ၅၈ မိနစ္မွာၿပိဳင္ဘက္ကြင္းလယ္လူ ထရီဂူ႐ို႕စ္နဲ႔ေျမမက်ကန္ခ်က္ကို လက္တစ္ဖက္တည္းနဲ႔ကာကြယ္ခဲ့တဲ့ ဒီဂီယာရဲ႕စြမ္းေဆာင္ရည္ဟာ အားလုံးကိုလက္ဖ်ားခါေစခဲ့ပါတယ္။

မန္ယူရဲ႕ပင္နယ္တီဧရိယာအတြင္းမွာ ရွိေနတဲ့ထရီဂူ႐ို႕စ္ဆီ ေဘာလုံးကပ်က္ၿပီးေရာက္ရွိလာခ်ိန္မွာ ဒီကြင္းလယ္လူကလည္းေျမမက်အပိုင္ကန္သြင္းခဲ့တာပါ။

ဒီကန္ခ်က္ဂိုးၿပီလို႔ ပရိသတ္ေတြထင္ခဲ့ေပမယ့္ ဒီဂီယာကအနိမ့္ဒိုက္ထိုးၿပီး ေဘာလုံးကိုလက္တစ္ဖက္တည္းနဲ႔ပုတ္ထုတ္လိုက္တဲ့အတြက္ ဘားတန္းေပၚကေနေက်ာ္ထြက္သြားခဲ့ပါတယ္။

ဂိုးၿပီလို႔ထင္ခဲ့တဲ့အတြက္ ဗီလာရီးရဲလ္ကစားသမားေတြကိုယ္တိုင္အံ့အားသင့္ခဲ့သလို မန္ယူပရိသတ္ေတြလည္းမယုံႏိုင္စရာျဖစ္ၿပီးသက္ျပင္းခ်ႏိုင္ခဲ့ပါတယ္။

ကာကြယ္မႈသိပ္ေကာင္းခဲ့တဲ့အတြက္ ထရီဂူ႐ို႕စ္အပါအဝင္ ဗီလာရီးရဲလ္ကစားသမားအခ်ိဳ႕က ကြင္းထဲမွာတင္ဒီဂီယာကိုခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။

ဗီလာရီးရဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ၿပီး ဗိုလ္လုပြဲမွာမန္ယူနဲ႔ေတြ႕ေတာ့ ပင္နယ္တီအဆုံးအျဖတ္ ၁၁-၁၀ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီဂီယာဟာ ဥေရာပအဆင့္မွာမန္ယူအတြက္ ၆၈ ပြဲေျမာက္ကစားခဲ့တာျဖစ္ၿပီး သူ႔လက္စြမ္းေၾကာင့္လည္းပြဲအလိုက္အေကာင္းဆုံးကစားသမားဆု Player of the Match ကိုရရွိခဲ့ပါတယ္။

ေဘာလုံးေဝဖန္ သုံးသပ္သူျဖစ္တဲ့ အိုဝင္ဟားဂေရ႕ဗ္ကလည္း ဒီဂီယာဟာဂိုးေပါက္မွာသားရဲတစ္ေကာင္လို လုပ္ျပႏိုင္ခဲ့တာလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဟားဂေရ႕ဗ္က” ဒီဂီယာဟာဒီပြဲမွာအလႊမ္းမိုးႏိုင္ဆုံးကစားသမားေပါ့။

အထူးသျဖင့္ပထမပိုင္းမွာပါ။ မန္ယူကို ဗီလာရီးရဲလ္ရဲ႕ဖိအားေအာက္ကေနဆြဲထုတ္ၿပီး အႏိုင္ရဖို႔ပလက္ေဖာင္းတစ္ခုဖန္တီးေပးႏိုင္ခဲ့ပါတယ္။သူ႔ရဲ႕လက္စြမ္းျပကာကြယ္ႏိုင္မႈေတြဟာ မန္ယူကစားသမားေတြကို ယုံၾကည္မႈျမင့္တက္ေစခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။