ဗီလာရီးယဲလ်နဲ့ပွဲက မဖြစ်မနေအနိုင်ကစားဖို့လိုတဲ့ပွဲမဟုတ်သေးဘူးလို့ ပြောကြားခဲ့တဲ့ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီည(မြန်မာစံတော်ချိန် ကြာသပတေးမနက်၁:၃၀)မှာ ဗီလာရီးယဲလ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုအဖွင့်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ရလဒ်ကောင်းတစ်ခုရယူဖို့လိုအပ်နေပေမယ့် နည်းပြဆိုးလ်ရှားကတော့ အခုပွဲက မဖြစ်မနေအနိုင်ကစားရမယ့်အနေအထားမှာ မရှိသေးဘူးလို့ အံ့အားသင့်စရာကောင်းအောင်ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုကတက်ဖို့ လက်ကျန်ပွဲတွေမှာအမှားထပ်လုပ်လို့မရတော့ဘဲ မနှစ်ကလည်း ချန်ပီယံလိဂ်အုပ်စုအဖွင့်(၂)ပွဲစလုံးအနိုင်ရခဲ့ပြီးမှ နောက်ပိုင်းပွဲတွေမှာ ခြေချော်ခဲ့တာကြောင့် အုပ်စုအဆင့်ကထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ချန်ပီယံလိဂ်အုပ်စုကတက်ဖို့အတွက် (၁၀)မှတ်ကနေ (၁၂)မှတ်ကြားရဖို့လိုအပ်ပြီး အခုလောလောဆယ် ဗီလာရီးယဲလ်နဲ့ပွဲက မဖြစ်မနေအနိုင်ကစားဖို့လိုတဲ့ပွဲမျိုး မဟုတ်သေးဘူးလို့ ဆိုခဲ့တာပါ။

ဆိုးလ်ရှားက “ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ စုစုပေါင်း(၆)ပွဲကစားရမှာဖြစ်ပါတယ်။ အုပ်စုကတက်ဖို့ဆိုရင် (၁၀)မှတ် ဒါမှမဟုတ် (၁၂)မှတ်အထိရဖို့လိုအပ်ပြီး ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ပွဲတုန်းကရမှတ်(၃)မှတ်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အဖွင့်ပွဲတုန်းက အတ္တလန်တာနဲ့ဗီလာရီးယဲလ်အသင်းတို့ သရေကျခဲ့ပြီး တစ်မှတ်သာရရှိခဲ့တာက သူတို့နှစ်သင်းစလုံးအတွက် ကျေနပ်စရာကောင်းတဲ့အခြေအနေမဟုတ်ခဲ့ပါဘူး။ အုပ်စု(၂)ပွဲကစားပြီးချိန်မှာ (၁)မှတ်ဒါမှမဟုတ် အမှတ်မရသေးရင် လက်ကျန်(၄)ပွဲစလုံးကို အနိုင်ကစားဖို့လိုလာပါပြီ။ အခုပွဲက ကျွန်တော်တို့အတွက် မဖြစ်မနေအနိုင်ကစားရမယ့်ပွဲမျိုးမဟုတ်သေးပေမယ့် အရေးပါတဲ့ပွဲတစ်ပွဲအဖြစ် သတ်မှတ်ရမှာပါ”လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားအပေါ်ဖိအားတွေများနေပြီး လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရယူဖို့လိုအပ်နေပါပြီ။ အခုပွဲမှာ ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူမက်ဂွိုင်းယား ပါဝင်နိုင်မှာမဟုတ်ဘဲ လုခ်ရှောကလည်း မသေမချာဖြစ်နေပြီး ဘစ်ဆာကာကတော့ ပွဲပယ်ပြစ်ဒဏ်ခံရမှာဖြစ်လို့ ဗီလာရီးယဲလ်နဲ့ပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ဗီလာရီးယဲလ်အသင်းတို့ဟာ ချန်ပီယံလိဂ်မှာ ၂၀၀၅-၀၆၊ ၂၀၀၈-၀၉ ရာသီတုန်းက တစ်အုပ်စုတည်းကျရောက်ခဲ့ဖူးပြီး (၄)ပွဲစလုံးဂိုးမရှိသရေကျခဲ့ပါတယ်။

zawgyi

ဗီလာရီးယဲလ္နဲ႔ပြဲက မျဖစ္မေနအႏိုင္ကစားဖို႔လိုတဲ့ပြဲမဟုတ္ေသးဘူးလို႔ ေျပာၾကားခဲ့တဲ့ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီည(ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးမနက္၁:၃၀)မွာ ဗီလာရီးယဲလ္နဲ႔ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲအျဖစ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အုပ္စုအဖြင့္ပြဲမွာရႈံးနိမ့္ခဲ့တာေၾကာင့္ ရလဒ္ေကာင္းတစ္ခုရယူဖို႔လိုအပ္ေနေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ အခုပြဲက မျဖစ္မေနအႏိုင္ကစားရမယ့္အေနအထားမွာ မရွိေသးဘူးလို႔ အံ့အားသင့္စရာေကာင္းေအာင္ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲတုန္းက ယန္းဘြိဳင္းစ္အသင္းကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္အုပ္စုကတက္ဖို႔ လက္က်န္ပြဲေတြမွာအမွားထပ္လုပ္လို႔မရေတာ့ဘဲ မႏွစ္ကလည္း ခ်န္ပီယံလိဂ္အုပ္စုအဖြင့္(၂)ပြဲစလုံးအႏိုင္ရခဲ့ၿပီးမွ ေနာက္ပိုင္းပြဲေတြမွာ ေျခေခ်ာ္ခဲ့တာေၾကာင့္ အုပ္စုအဆင့္ကထြက္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ ခ်န္ပီယံလိဂ္အုပ္စုကတက္ဖို႔အတြက္ (၁၀)မွတ္ကေန (၁၂)မွတ္ၾကားရဖို႔လိုအပ္ၿပီး အခုေလာေလာဆယ္ ဗီလာရီးယဲလ္နဲ႔ပြဲက မျဖစ္မေနအႏိုင္ကစားဖို႔လိုတဲ့ပြဲမ်ိဳး မဟုတ္ေသးဘူးလို႔ ဆိုခဲ့တာပါ။

ဆိုးလ္ရွားက “ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ စုစုေပါင္း(၆)ပြဲကစားရမွာျဖစ္ပါတယ္။ အုပ္စုကတက္ဖို႔ဆိုရင္ (၁၀)မွတ္ ဒါမွမဟုတ္ (၁၂)မွတ္အထိရဖို႔လိုအပ္ၿပီး ကြၽန္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့ပြဲတုန္းကရမွတ္(၃)မွတ္ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။ အဖြင့္ပြဲတုန္းက အတၱလန္တာနဲ႔ဗီလာရီးယဲလ္အသင္းတို႔ သေရက်ခဲ့ၿပီး တစ္မွတ္သာရရွိခဲ့တာက သူတို႔ႏွစ္သင္းစလုံးအတြက္ ေက်နပ္စရာေကာင္းတဲ့အေျခအေနမဟုတ္ခဲ့ပါဘူး။ အုပ္စု(၂)ပြဲကစားၿပီးခ်ိန္မွာ (၁)မွတ္ဒါမွမဟုတ္ အမွတ္မရေသးရင္ လက္က်န္(၄)ပြဲစလုံးကို အႏိုင္ကစားဖို႔လိုလာပါၿပီ။

အခုပြဲက ကြၽန္ေတာ္တို႔အတြက္ မျဖစ္မေနအႏိုင္ကစားရမယ့္ပြဲမ်ိဳးမဟုတ္ေသးေပမယ့္ အေရးပါတဲ့ပြဲတစ္ပြဲအျဖစ္ သတ္မွတ္ရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၄)ပြဲမွာ (၃)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ ဆိုးလ္ရွားအေပၚဖိအားေတြမ်ားေနၿပီး လာမယ့္ပြဲေတြမွာ ရလဒ္ေကာင္းရယူဖို႔လိုအပ္ေနပါၿပီ။ အခုပြဲမွာ ယူႏိုက္တက္အသင္းရဲ႕အဓိကေနာက္ခံလူမက္ဂြိဳင္းယား ပါဝင္ႏိုင္မွာမဟုတ္ဘဲ လုခ္ေရွာကလည္း မေသမခ်ာျဖစ္ေနၿပီး ဘစ္ဆာကာကေတာ့ ပြဲပယ္ျပစ္ဒဏ္ခံရမွာျဖစ္လို႔ ဗီလာရီးယဲလ္နဲ႔ပြဲကိုလြဲေခ်ာ္မွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ဗီလာရီးယဲလ္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္မွာ ၂၀၀၅-၀၆၊ ၂၀၀၈-၀၉ ရာသီတုန္းက တစ္အုပ္စုတည္းက်ေရာက္ခဲ့ဖူးၿပီး (၄)ပြဲစလုံးဂိုးမရွိသေရက်ခဲ့ပါတယ္။