ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကိုနောက်ကောက်ချနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ယူရိုသူရဲကောင်း

အင်္ဂလန်ရဲ့ယူရို၂၀၂၂သူရဲကောင်းဘတ်မီးဟာယူရို၂၀၂၂ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အ

ပြင်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ဘတ်မီးဟာဂျာမနီရဲ့အလက်

ဇန္ဒားပေါ့ပ်နဲ့အတူခြောက်ဂိုးအတူတူသွင်းထားပေမဲ့လည်း ဂိုးရအောင်ဖန်တီးမှု၅ကြိမ်ပြုလုပ်ထား

နိုင်မှုနဲ့အတူရွှေဖိနပ်ဆုဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းခေါင်းဆောင်ပေါ့ပ်

ဟာဒဏ်ရာကြောင့်တနင်္ဂနွေနေ့ညဗိုလ်လုပွဲကိုလွဲခဲ့ပါတယ်။အင်္ဂလန်ဟာအချိန်ပိုအနိုင်ဂိုးဖြင့်ဂျာ

မနီကို၂-၁ဖြင့်အနိုင်ရရှိပြီးယူရို၂၀၂၂ချန်ပီယံဖြစ်သွားပါတယ်။အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အ

သင်းဟာသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ဆုဖလားဆွတ်ခူးခဲ့တာဖြစ်ပြီး၁၉၆၆ကမ္ဘာ့ဖလား

နောက်ပိုင်း အင်္ဂလန်စီနီယာအသင်းအတွက်ပထမဆုံးဆုဖလားလည်းဖြစ်ပါတယ်။ဘတ်မီးဟာလွန်

ခဲ့တဲ့တစ်နှစ်တုန်းကတိုကျိုအိုလံပစ်ပြိုင်ပွဲကိုဒဏ်ရာကြောင့်လွဲချော်ခဲ့ရပြီးနောက်တစ်နှစ်အကြာ

တွင်ယူရို၂၀၂၂ဖလားရခဲ့တဲ့အပြင်ယူရို၂၀၂၂ဂိုးသွင်းဘုရင်ဆုနှင့်အကောင်းဆုံးကစားသမားဆုတို့

ကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ဂျာမနီရဲ့အသက်၂၀နှစ်ရှိလီနာအိုဘာဒေါ့ဖ်ကယူရို၂၀၂၂ပြိုင်ပွဲရဲ့

အကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

အဂၤလန္ရဲ႕ယူ႐ို၂၀၂၂သူရဲေကာင္းဘတ္မီးဟာယူ႐ို၂၀၂၂ၿပိဳင္ပြဲရဲ႕ေ႐ႊဖိနပ္ဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့အ

ျပင္အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ဘတ္မီးဟာဂ်ာမနီရဲ႕အလက္

ဇႏၵားေပါ့ပ္နဲ႔အတူေျခာက္ဂိုးအတူတူသြင္းထားေပမဲ့လည္း ဂိုးရေအာင္ဖန္တီးမႈ၅ႀကိမ္ျပဳလုပ္ထား

ႏိုင္မႈနဲ႔အတူေ႐ႊဖိနပ္ဆုဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဂ်ာမနီအသင္းေခါင္းေဆာင္ေပါ့ပ္

ဟာဒဏ္ရာေၾကာင့္တနဂၤေႏြေန႔ညဗိုလ္လုပြဲကိုလြဲခဲ့ပါတယ္။အဂၤလန္ဟာအခ်ိန္ပိုအႏိုင္ဂိုးျဖင့္ဂ်ာ

မနီကို၂-၁ျဖင့္အႏိုင္ရရွိၿပီးယူ႐ို၂၀၂၂ခ်န္ပီယံျဖစ္သြားပါတယ္။အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အ

သင္းဟာသမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ဆုဖလားဆြတ္ခူးခဲ့တာျဖစ္ၿပီး၁၉၆၆ကမာၻ႔ဖလား

ေနာက္ပိုင္း အဂၤလန္စီနီယာအသင္းအတြက္ပထမဆုံးဆုဖလားလည္းျဖစ္ပါတယ္။ဘတ္မီးဟာလြန္

ခဲ့တဲ့တစ္ႏွစ္တုန္းကတိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကိုဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ရၿပီးေနာက္တစ္ႏွစ္အၾကာ

တြင္ယူ႐ို၂၀၂၂ဖလားရခဲ့တဲ့အျပင္ယူ႐ို၂၀၂၂ဂိုးသြင္းဘုရင္ဆုႏွင့္အေကာင္းဆုံးကစားသမားဆုတို႔

ကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဂ်ာမနီရဲ႕အသက္၂၀ႏွစ္ရွိလီနာအိုဘာေဒါ့ဖ္ကယူ႐ို၂၀၂၂ၿပိဳင္ပြဲရဲ႕

အေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။