ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲပြီးနောက် ပထမအသင်းကြီးရဲ့ ဘယ်တောင်ပံနေရာကိုဖဲ့ဖဲ့ယူလာနေတဲ့ ဂါနာချို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ည ( ၉ ) နာရီခွဲမှာအိုးထရတ်ဖို့ဒ်ကွင်းတွင်

လာလီဂါကလပ် ရေယို ဗယ်လက်ကာနို အသင်းနဲ့ခြေစမ်းပွဲ ကစားခဲ့ပြီး တစ်ဖက် ( ၁ ) ဂိုးစီ သ

ရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ကစားသမားသစ် မာတီးနက် ၊ အဲရစ်ဆင်တို့ကို ပထမဆုံးအကြိမ်

ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုခဲ့ပြီး အားလုံး စောင့်မျှော်နေတဲ့ ရော်နယ်ဒိုလည်းပါဝင်လာ

ပါတယ်။ လူငယ်ကစားသမားတွေအများစုကိုလည်း အသုံးပြုလာတာတွေ့ရပါတယ်။ ထုံးစံအတိုင်း

အဲရစ်ဆင်ကတော့ ဒီနေ့ပွဲစဥ်မှာလည်း ထပ်မံခြေစွမ်းပြနိုင်ခဲ့ပြန်ပါတယ်။ပထမပိုင်းအတွင်း နည်းပြ

တင်ဟာ့ခ် နှင့်ရော်နယ်ဒိုတို့တို့ကြားမှာ အနည်းငယ် စကားပြောဆိုမှုတွေ ရှိခဲ့ပြီးပေါ်တူဂီတိုက်စစ်

မှူးကို ပထမပိုင်းအပြီးမှာပဲ အာမက်နဲ့ လူစားလဲခဲ့ပါတယ်။ဒါက သူ့ရဲ့ ပထမဆုံး ရာသီကြိုပွဲစဥ်ဖြစ်

တာကြောင့် ကြံ့ခိုင်းမှုအခြေအနေအရလူစားလဲခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပထမပိုင်းအတွင်း

ယူနိုက်တက်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ရှိပါတယ်။သူကတော့ အယ်လေ

ဟန်ဒရို ဂါနာချိုပါ ။ ဂါနာချိုဟာ ဘယ်တောင်ပံကနေပြိုင်ဘက်နောက်ခံလူတွေ ( ၂ ) ယောက် ( ၃ )

ယောက်လောက်ကို တစ်ပြိုင်နက်ကျော်ဖြတ်ပြခဲ့တဲ့ အကြိမ်အရေအတွက်ဟာ အနည်းဆုံး ( ၅ )

ကြိမ် အထက်မှာရှိပါတယ်။ ပရိသတ်ကလည်း သူ ဘောလုံးထိချိန်တိုင်း အော်ဟစ်အားပေးနေ

ကြတာတွေ့ရပါတယ်။ သူက တိုက်စစ်လိုက်ပါရုံသာမက ဘောလုံးမရှိချိန်မှာလည်းအကောင်းဆုံး

ကစားနိုင်တာတွေ့ရပါတယ်။ ပွဲကစားချိန် ( ၇၃ ) မိနစ်မှာတော့ဆိုလာ ရှောရီတီယေးနဲ့ လူစားလဲ

ခဲ့ပါတယ်။ Roy Nemer ဆိုတဲ့ အာဂျင်တီးနားဂျာနယ်လစ်ကလည်း “ အယ်လေဟန်ဒရို ဂါနာချို

က မန်ချက်စတာ ယူနိုက်တက်ရဲ့ဘယ်ခြမ်းမှာ တကယ့်အဖိုးတန်လေးဖြစ်နေပါတယ်။ လျင်မြန်မှု ၊

အထဲကို ဆွဲဝင်မှု ၊ပြိုင်ဘက်တွေကို ကျော်ဖြတ်မှု ၊ ဒါတွေကြောင့် လာမယ့် အပတ် အသင်းလူစာ

ရင်းမှာသူ့ကိုပါ ထည့်သွင်းသင့်ပါတယ်။” လို့ မှတ်ချက်ပေးထားပါတယ်။UtdFaithfuls ဆိုတဲ့ အမာ

ခံ ယူနိုက်တက် ပရိသတ်ကလည်း သူ့ရဲ့ တွစ်တာအကောင့်မှာ“ အယ်လေဟန်ဒရို ဂါနာချိုဟာ ပ

ထမအသင်းကြီးနဲ့ အလှမ်းမဝေးတော့ပါဘူး။လျင်မြန်မှု ၊ တိကျမှု ၊ ခံစစ်မှူးတွေထံ ပြေးလွှားဖြတ်

ကျော်နိုင်မှု ၊ အခွင့်အရေးတွေဖန်တီးနိုင်မှု ၊ အရမ်းကောင်းတဲ့ ပထမပိုင်း စွမ်းဆောင်ရည်ပါ။” ဆိုပြီး

ရေးသားထားပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့လ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့Toulon ပြိုင်ပွဲမှာလည်း

အာဂျင်တီးနား ယူ – ၂၀ အသင်းအတွက် ( ၄ ) ပွဲမှာ( ၄ ) ဂိုးသွင်းကာ (၁ ) ဂိုး ဖန်တီးနိုင်ခဲ့သူဖြစ်

ပါတယ်။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔ည ( ၉ ) နာရီခြဲမွာအိုးထရတ္ဖို႔ဒ္ကြင္းတြင္

လာလီဂါကလပ္ ေရယို ဗယ္လက္ကာႏို အသင္းနဲ႔ေျခစမ္းပြဲ ကစားခဲ့ၿပီး တစ္ဖက္ ( ၁ ) ဂိုးစီ သ

ေရရလာဒ္ ထြက္ေပၚခဲ့ပါတယ္။ကစားသမားသစ္ မာတီးနက္ ၊ အဲရစ္ဆင္တို႔ကို ပထမဆုံးအႀကိမ္

ပြဲထြက္ကစားသမားအေနနဲ႔ အသုံးျပဳခဲ့ၿပီး အားလုံး ေစာင့္ေမွ်ာ္ေနတဲ့ ေရာ္နယ္ဒိုလည္းပါဝင္လာ

ပါတယ္။ လူငယ္ကစားသမားေတြအမ်ားစုကိုလည္း အသုံးျပဳလာတာေတြ႕ရပါတယ္။ ထုံးစံအတိုင္း

အဲရစ္ဆင္ကေတာ့ ဒီေန႔ပြဲစဥ္မွာလည္း ထပ္မံေျခစြမ္းျပႏိုင္ခဲ့ျပန္ပါတယ္။ပထမပိုင္းအတြင္း နည္းျပ

တင္ဟာ့ခ္ ႏွင့္ေရာ္နယ္ဒိုတို႔တို႔ၾကားမွာ အနည္းငယ္ စကားေျပာဆိုမႈေတြ ရွိခဲ့ၿပီးေပၚတူဂီတိုက္စစ္

မႉးကို ပထမပိုင္းအၿပီးမွာပဲ အာမက္နဲ႔ လူစားလဲခဲ့ပါတယ္။ဒါက သူ႔ရဲ႕ ပထမဆုံး ရာသီႀကိဳပြဲစဥ္ျဖစ္

တာေၾကာင့္ ႀကံ့ခိုင္းမႈအေျခအေနအရလူစားလဲျခင္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ပထမပိုင္းအတြင္း

ယူႏိုက္တက္ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦး ရွိပါတယ္။သူကေတာ့ အယ္ေလ

ဟန္ဒ႐ို ဂါနာခ်ိဳပါ ။ ဂါနာခ်ိဳဟာ ဘယ္ေတာင္ပံကေနၿပိဳင္ဘက္ေနာက္ခံလူေတြ ( ၂ ) ေယာက္ ( ၃ )

ေယာက္ေလာက္ကို တစ္ၿပိဳင္နက္ေက်ာ္ျဖတ္ျပခဲ့တဲ့ အႀကိမ္အေရအတြက္ဟာ အနည္းဆုံး ( ၅ )

ႀကိမ္ အထက္မွာရွိပါတယ္။ ပရိသတ္ကလည္း သူ ေဘာလုံးထိခ်ိန္တိုင္း ေအာ္ဟစ္အားေပးေန

ၾကတာေတြ႕ရပါတယ္။ သူက တိုက္စစ္လိုက္ပါ႐ုံသာမက ေဘာလုံးမရွိခ်ိန္မွာလည္းအေကာင္းဆုံး

ကစားႏိုင္တာေတြ႕ရပါတယ္။ ပြဲကစားခ်ိန္ ( ၇၃ ) မိနစ္မွာေတာ့ဆိုလာ ေရွာရီတီေယးနဲ႔ လူစားလဲ

ခဲ့ပါတယ္။ Roy Nemer ဆိုတဲ့ အာဂ်င္တီးနားဂ်ာနယ္လစ္ကလည္း “ အယ္ေလဟန္ဒ႐ို ဂါနာခ်ိဳ

က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ဘယ္ျခမ္းမွာ တကယ့္အဖိုးတန္ေလးျဖစ္ေနပါတယ္။ လ်င္ျမန္မႈ ၊

အထဲကို ဆြဲဝင္မႈ ၊ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္မႈ ၊ ဒါေတြေၾကာင့္ လာမယ့္ အပတ္ အသင္းလူစာ

ရင္းမွာသူ႔ကိုပါ ထည့္သြင္းသင့္ပါတယ္။” လို႔ မွတ္ခ်က္ေပးထားပါတယ္။UtdFaithfuls ဆိုတဲ့ အမာ

ခံ ယူႏိုက္တက္ ပရိသတ္ကလည္း သူ႔ရဲ႕ တြစ္တာအေကာင့္မွာ“ အယ္ေလဟန္ဒ႐ို ဂါနာခ်ိဳဟာ ပ

ထမအသင္းႀကီးနဲ႔ အလွမ္းမေဝးေတာ့ပါဘူး။လ်င္ျမန္မႈ ၊ တိက်မႈ ၊ ခံစစ္မႉးေတြထံ ေျပးလႊားျဖတ္

ေက်ာ္ႏိုင္မႈ ၊ အခြင့္အေရးေတြဖန္တီးႏိုင္မႈ ၊ အရမ္းေကာင္းတဲ့ ပထမပိုင္း စြမ္းေဆာင္ရည္ပါ။” ဆိုၿပီး

ေရးသားထားပါတယ္။ ဂါနာခ်ိဳဟာ ၿပီးခဲ့တဲ့လ ျပင္သစ္ႏိုင္ငံမွာ ျပဳလုပ္တဲ့Toulon ၿပိဳင္ပြဲမွာလည္း

အာဂ်င္တီးနား ယူ – ၂၀ အသင္းအတြက္ ( ၄ ) ပြဲမွာ( ၄ ) ဂိုးသြင္းကာ (၁ ) ဂိုး ဖန္တီးႏိုင္ခဲ့သူျဖစ္

ပါတယ္။