
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ နာမည်ကျော်
တိုက်စစ်မှူးဟောင်း ဗန်ပါစီနောက်ပိုင်းတစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ ဂိုး(၃၀)အထိ သွင်းယူနိုင်မယ့်သူ
ဖြစ်လာမယ်လို့အားပေးထောက်ခံခဲ့ပါတယ်။ ဒီရာသီမှာ မယုံနိုင်လောက်အောင်ဂိုးတွေသွင်းပြနေတဲ့ ရပ်ရှ်
ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်တစ်ကို(၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် အနိုင်ဂိုး
သွင်းယူခဲ့ပြီး အဲဒီဂိုးဟာ ပြိုင်ပွဲစုံမှာ သူ့ရဲ့(၂၇)ဂိုးမြောက်လည်းဖြစ်ပါတယ်။ယူနိုက်တက်နဲ့အတူ ပရီးမီး
ယားလိဂ်ဖလားရယူနိုင်ခဲ့သူ ဗန်ပါစီဟာယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃
ရာသီမှာပြိုင်ပွဲစုံဂိုး(၃၀)သွင်းယူခဲ့ပြီး အဲဒီနောက်ပိုင်း ဘယ်သူမှ ဂိုး(၃၀)အထိမသွင်းနိုင်တော့ပါဘူး။ အဲ
ရစ်တန်ဟက်က “ပြီးခဲ့တဲ့နွေရာသီမှာမီဒီယာတွေက ရပ်ရှ်ဖို့ဒ် ဒါမှမဟုတ် မာစီယဲလ်တို့ထဲက တစ်ဦးဦး
ဟာဂိုး(၂၀)နဲ့အထက် သွင်းနိုင်မယ်လို့ ယုံကြည်လားဆိုပြီးမေးခွန်းထုတ်ချိန်မှာ ကျွန်တော်က ‘သေချာ
ပေါက် ယုံကြည်ပါတယ်’လို့ဖြေခဲ့ဖူးပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ရာသီအစပိုင်းလောက်က ရာနှုန်းပြည့်အ
ကောင်းဆုံးပုံစံ မဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊ခံယူချက်၊ စွမ်းဆောင်ရည်အပိုင်းတွေမှာ
တိုးတက်လာပြီးအခုလိုအနေအထားရောက်လာတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ နာမည္ေက်ာ္
တိုက္စစ္မႉးေဟာင္း ဗန္ပါစီေနာက္ပိုင္းတစ္ရာသီအတြင္း ၿပိဳင္ပြဲစုံမွာ ဂိုး(၃၀)အထိ သြင္းယူႏိုင္မယ့္သူ
ျဖစ္လာမယ္လို႔အားေပးေထာက္ခံခဲ့ပါတယ္။ ဒီရာသီမွာ မယုံႏိုင္ေလာက္ေအာင္ဂိုးေတြသြင္းျပေနတဲ့ ရပ္ရွ္
ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘက္တစ္ကို(၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုး
သြင္းယူခဲ့ၿပီး အဲဒီဂိုးဟာ ၿပိဳင္ပြဲစုံမွာ သူ႔ရဲ႕(၂၇)ဂိုးေျမာက္လည္းျဖစ္ပါတယ္။ယူႏိုက္တက္နဲ႔အတူ ပရီးမီး
ယားလိဂ္ဖလားရယူႏိုင္ခဲ့သူ ဗန္ပါစီဟာယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃
ရာသီမွာၿပိဳင္ပြဲစုံဂိုး(၃၀)သြင္းယူခဲ့ၿပီး အဲဒီေနာက္ပိုင္း ဘယ္သူမွ ဂိုး(၃၀)အထိမသြင္းႏိုင္ေတာ့ပါဘူး။ အဲ
ရစ္တန္ဟက္က “ၿပီးခဲ့တဲ့ေႏြရာသီမွာမီဒီယာေတြက ရပ္ရွ္ဖို႔ဒ္ ဒါမွမဟုတ္ မာစီယဲလ္တို႔ထဲက တစ္ဦးဦး
ဟာဂိုး(၂၀)နဲ႔အထက္ သြင္းႏိုင္မယ္လို႔ ယုံၾကည္လားဆိုၿပီးေမးခြန္းထုတ္ခ်ိန္မွာ ကြၽန္ေတာ္က ‘ေသခ်ာ
ေပါက္ ယုံၾကည္ပါတယ္’လို႔ေျဖခဲ့ဖူးပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ရာသီအစပိုင္းေလာက္က ရာႏႈန္းျပည့္အ
ေကာင္းဆုံးပုံစံ မျဖစ္ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ စိတ္ပိုင္းဆိုင္ရာ၊ခံယူခ်က္၊ စြမ္းေဆာင္ရည္အပိုင္းေတြမွာ
တိုးတက္လာၿပီးအခုလိုအေနအထားေရာက္လာတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။