ဗန်ဒီဘိခ်ကို ဆိုးလ်ရှား ဘာတွေမကျေမနပ်ဖြစ်နေတာလဲ…?

နွေရာသီအပြောင်းအရွှေ့မှာတုန်းက ဆိုးလ်ရှားရဲ့စကားကို ယုံကြည်ပြီး အသင်းမပြောင်းဖြစ်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ

အခုအချိန်မှာတော့ ပွဲထွက်ခွင့်မရတဲ့ အရံခုံထိုင်ကစားသမားဘဝကိုအတော်စိတ်ပျက်နေခဲ့ပါပြီ။

ဗီလာရီးရဲလ်နဲ့ ပွဲမှာ အသင်းနိုင်ပွဲရရှိဖို့ လိုအပ်နေချိန် ပွဲပြီးခါနီး (၈၉)မိနစ်မှာ လူစားလဲခဲ့တုန်းကလည်း သူ့ကိုမရွေးချယ်ပဲ ဖရက်ကိုသာရွေးချယ်ခဲ့တာကြောင့်

ဗန်ဒီဘိခ်ဟာ အရံခုံပေါ်မှာထိုင်ရင်း သူ့ပါးစပ်ထဲကပီကေကို ဒေါသတကြီး ထွေးထုတ်ပစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာလည်း မီဒီယာတွေပေါ်မှာ သတင်းတွေဖြစ်ခဲ့သလို ဇန်နဝါရီအပြောင်းအရွှေ့မှာ ဗန်ဒီဘိခ် အသင်းပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ ယူဆချက် ဟာလည်း သတင်းတစ်ခုထပ်ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ အမုန်းဆုံးနည်းပြဖြစ်တဲ့ ဗန်ဂါးလ် ဟာနယ်သာလန်အသင်းရဲ့နည်းပြအဖြစ် ပြန်လည်ရောက်ရှိနေခဲ့ချိန်ဖြစ်တာကြောင့်

သူဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးထဲကနေ ဗန်ဒီဘိခ်ကို လက်ရွေးစင် ကစားသမားစာရင်းထဲကချန်လှပ်ခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ ပွဲထွက်ခွင့်မရတဲ့ ကစားသမားကို နိုင်ငံ့လက်ရွေးစဉ်အသင်းမှာ နေရာမပေးနိုင်ဘူး နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားချင်တယ်ဆိုရင် ယူနိုက်တက်ကနေ ရွေ့တော့ဆိုတဲ့ အထာပါပဲ။

ဗန်ဒီဘိခ်အနေနဲ့ နိုင်ငံ့လက်ရွေးစင် ကစားသမားအဖြစ်ရွေးချယ်ခံရဖို့ဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်နေချိန်မှာ

သူ့ကို ထပ်မံထိုးနှပ်လိုက်သလို ဖြစ်ခဲ့တာကတော့ အဲဗာတန်နဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားပြောခဲ့တဲ့ ပြောကြားချက်တွေပါပဲ။

ဆိုးလ်ရှားက “ ဗန်ဒီဘိခ် စိတ်ပျက်နေရတာကို ကျွန်တော်နားလည်ပါတယ်။ ကစားသမားတိုင်းကတော့ အသင်းအတွက် ကစားပေးချင်ကြတာချည်းပါပဲ။

အခု ကျွန်တော် စီမံနေရတာက နိုင်ငံတကာ လက်ရွေးစင်အဆင့် ကစားသမားတွေဖြစ်ပြီး မတူကွဲပြားတာတွေကို လုပ်ပြ၊ ကစားပြနိုင်ကြတဲ့ သူတွေကြီးပါပဲ။

သူတို့အားလုံးက ကွင်းထဲမှာဝင်ကစားခွင့်ရချင်နေကြပါတယ် ”

“ ဒီလို ကစားသမားတွေအားလုံးကို စီမံနေရတာဖြစ်လို့ ကျွန်တော်တို့ အားလုံး အတူတူအောင်မြင်မှုရချင်တယ်ဆိုရင်

ပွဲထွက်ခွင့်မရလို့ စိတ်ညစ်နေစရာမလိုပဲ အပြုသဘောဆောင်တဲ့ စွမ်းရည်တွေ ရှိနေဖို့လိုအပ်ပါတယ်။

ဒွန်နီက ဗီလာရီးရဲယ်နဲ့ပွဲမှာ ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့သလို အခြားကစားသမားတွေလည်း ဝင်ကစားခွင့်ရသင့်ပါတယ်။

ဒီအသင်းမှာ ကျွန်တော့်လောက် လူစားဝင်ကစားသမား ဖြစ်ခဲ့ဖူးတဲ့သူ မရှိပါဘူး။ ”

“ တစ်ခါတလေမှာ ကျွန်တော်လည်း လူစားဝင်ကစားသမားဖြစ်ရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါပေမယ့် ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပဲလေ။

အဲလက်စ်တဲလက်စ်က ဘယ်နောက်ခံလူဖြစ်တာကြောင့် သူ့ကို လူစားလဲတဲ့အခါမှာ အသင့်တော်ဆုံးက ဖရက်ဒ်ပါပဲ။

ကစားသမားတိုင်းက ပွဲထဲဝင်ကစားဖို့ စိတ်အားထက်သန်နေကြတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် ဒီအတွက် ကိုယ့်ရဲ့စွမ်းအင်နဲ့ ဆုံးဖြတ်နိုင်စွမ်းတွေဘယ်လောက်အထိရှိတယ်ဆိုတာ ကျွန်တော့်ကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။

ဒါကလည်း ဗန်ဒီဘိခ်မှ မဟုတ်ဘူး အသင်းက ကစားသမားတိုင်းပါပဲ။ ”

“ ကျွန်တော်တို့အသင်းမှာ အပျက်သဘောဆောင်တဲ့ စိတ်ကောက်တတ်သူတွေရှိနေလို့မရပါဘူး။

ဒါပေမယ့် ဗန်ဒီဘိခ်ကတော့ အသင်းကို အနှုတ်သဘောဆောင်စေတဲ့ ကစားသမားမျိုးတစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး။

တကယ်လို့များ ကစားသမားတွေက အသင်းအပေါ် မကောင်းတဲ့ သဘောဆောင်လာခဲ့မယ် ဆိုရင်တော့ ကျွန်တော် ဒီထက်ပိုပြီးပြတ်ပြတ်သားသားကိုင်တွယ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ဗန်ဒီဘိခ် အသင်းပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းက ပိုမိုခိုင်မာလာခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ စိတ်ပျက်စရာဖြစ်နေတာ အသေအချာပါပဲ။

မနှစ်က ယူနိုက်တက်ကို ဗန်ဒီဘိခ် ရောက်လာချိန် ကနေ သူကစားခွင့်ရဖို့ ပရိသတ်တွေက အများကြီးမျှော်လင့်ခဲ့သလို

သူကလည်း ကစားရတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပွဲထွက်ခွင့်မပေးတဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကိုနားမလည်နိုင်အောင်ဖြစ်နေရပါတယ်။

 

zawgyi

ဗန္ဒီဘိခ္ကို ဆိုးလ္ရွား ဘာေတြမေၾကမနပ္ျဖစ္ေနတာလဲ…?

ပြဲထြက္ခြင့္လည္းမရ၊ အရံကစားသမားအေနနဲ႕လည္း ေနာက္ဆံုးမိနစ္မွာေတာင္ ကစားခြင့္မေပးတဲ့အျပင္ ကစားခြင့္ရျခင္ရင္ ထိုက္တန္တဲ့ ေျခစြမ္းျပရမယ္ဆိုေတာ့

ဗန္ဒီဘိခ္အေပၚ ဆိုးလ္ရွားလုပ္ရပ္ကေတာ့ အေတာ့္ကိုမ်ားေနၿပီ…

ေႏြရာသီအေျပာင္းအေ႐ႊ႕မွာတုန္းက ဆိုးလ္ရွားရဲ႕စကားကို ယုံၾကည္ၿပီး အသင္းမေျပာင္းျဖစ္ခဲ့တဲ့ ဗန္ဒီဘိခ္ဟာ အခုအခ်ိန္မွာေတာ့ ပြဲထြက္ခြင့္မရတဲ့ အရံခုံထိုင္ကစားသမားဘဝကိုအေတာ္စိတ္ပ်က္ေနခဲ့ပါၿပီ။ ဗီလာရီးရဲလ္နဲ႔ ပြဲမွာ အသင္းႏိုင္ပြဲရရွိဖို႔ လိုအပ္ေနခ်ိန္ ပြဲၿပီးခါနီး (၈၉)မိနစ္မွာ လူစားလဲခဲ့တုန္းကလည္း သူ႔ကိုမေ႐ြးခ်ယ္ပဲ ဖရက္ကိုသာေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ဗန္ဒီဘိခ္ဟာ အရံခုံေပၚမွာထိုင္ရင္း သူ႔ပါးစပ္ထဲကပီေကကို ေဒါသတႀကီး ေထြးထုတ္ပစ္ခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာလည္း မီဒီယာေတြေပၚမွာ သတင္းေတြျဖစ္ခဲ့သလို ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ဗန္ဒီဘိခ္ အသင္းေျပာင္းေ႐ႊ႕သြားႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ ဟာလည္း သတင္းတစ္ခုထပ္ျဖစ္လာခဲ့ပါတယ္။

ဒီအခ်ိန္မွာ ယူႏိုက္တက္အသင္းပရိသတ္ေတြရဲ႕ အမုန္းဆုံးနည္းျပျဖစ္တဲ့ ဗန္ဂါးလ္ ဟာနယ္သာလန္အသင္းရဲ႕နည္းျပအျဖစ္ ျပန္လည္ေရာက္ရွိေနခဲ့ခ်ိန္ျဖစ္တာေၾကာင့္ သူဆုံးျဖတ္ႏိုင္တဲ့ အခြင့္အေရးထဲကေန ဗန္ဒီဘိခ္ကို လက္ေ႐ြးစင္ ကစားသမားစာရင္းထဲကခ်န္လွပ္ခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ ပြဲထြက္ခြင့္မရတဲ့ ကစားသမားကို ႏိုင္ငံ့လက္ေ႐ြးစဥ္အသင္းမွာ ေနရာမေပးႏိုင္ဘူး ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာ ကစားခ်င္တယ္ဆိုရင္ ယူႏိုက္တက္ကေန ေ႐ြ႕ေတာ့ဆိုတဲ့ အထာပါပဲ။

ဗန္ဒီဘိခ္အေနနဲ႔ ႏိုင္ငံ့လက္ေ႐ြးစင္ ကစားသမားအျဖစ္ေ႐ြးခ်ယ္ခံရဖို႔ဆိုရင္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ လိုအပ္ေနခ်ိန္မွာ သူ႔ကို ထပ္မံထိုးႏွပ္လိုက္သလို ျဖစ္ခဲ့တာကေတာ့ အဲဗာတန္နဲ႔ပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားေျပာခဲ့တဲ့ ေျပာၾကားခ်က္ေတြပါပဲ။

ဆိုးလ္ရွားက “ ဗန္ဒီဘိခ္ စိတ္ပ်က္ေနရတာကို ကြၽန္ေတာ္နားလည္ပါတယ္။ ကစားသမားတိုင္းကေတာ့ အသင္းအတြက္ ကစားေပးခ်င္ၾကတာခ်ည္းပါပဲ။ အခု ကြၽန္ေတာ္ စီမံေနရတာက ႏိုင္ငံတကာ လက္ေ႐ြးစင္အဆင့္ ကစားသမားေတြျဖစ္ၿပီး မတူကြဲျပားတာေတြကို လုပ္ျပ၊ ကစားျပႏိုင္ၾကတဲ့ သူေတြႀကီးပါပဲ။ သူတို႔အားလုံးက ကြင္းထဲမွာဝင္ကစားခြင့္ရခ်င္ေနၾကပါတယ္ ”

“ ဒီလို ကစားသမားေတြအားလုံးကို စီမံေနရတာျဖစ္လို႔ ကြၽန္ေတာ္တို႔ အားလုံး အတူတူေအာင္ျမင္မႈရခ်င္တယ္ဆိုရင္ ပြဲထြက္ခြင့္မရလို႔ စိတ္ညစ္ေနစရာမလိုပဲ အျပဳသေဘာေဆာင္တဲ့ စြမ္းရည္ေတြ ရွိေနဖို႔လိုအပ္ပါတယ္။ ဒြန္နီက ဗီလာရီးရဲယ္နဲ႔ပြဲမွာ ဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနခဲ့သလို အျခားကစားသမားေတြလည္း ဝင္ကစားခြင့္ရသင့္ပါတယ္။ ဒီအသင္းမွာ ကြၽန္ေတာ့္ေလာက္ လူစားဝင္ကစားသမား ျဖစ္ခဲ့ဖူးတဲ့သူ မရွိပါဘူး။ ”

“တစ္ခါတေလမွာ ကြၽန္ေတာ္လည္း လူစားဝင္ကစားသမားျဖစ္ရတာ ဘယ္ေပ်ာ္ႏိုင္ပါ့မလဲ။ ဒါေပမယ့္ ဒါက နည္းျပရဲ႕ဆုံးျဖတ္ခ်က္ပဲေလ။ အဲလက္စ္တဲလက္စ္က ဘယ္ေနာက္ခံလူျဖစ္တာေၾကာင့္ သူ႕ကို လူစားလဲတဲ့အခါမွာ အသင့္ေတာ္ဆုံးက ဖရက္ဒ္ပါပဲ။ ကစားသမားတိုင္းက ပြဲထဲဝင္ကစားဖို႔ စိတ္အားထက္သန္ေနၾကတယ္ဆိုတာ ကၽြန္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ ဒီအတြက္ ကိုယ့္ရဲ႕စြမ္းအင္နဲ႔ ဆုံးျဖတ္ႏိုင္စြမ္းေတြဘယ္ေလာက္အထိရွိတယ္ဆိုတာ ကြၽန္ေတာ့္ကို ျပသႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါကလည္း ဗန္ဒီဘိခ္မွ မဟုတ္ဘူး အသင္းက ကစားသမားတိုင္းပါပဲ။ ”

“ကြၽန္ေတာ္တို႔အသင္းမွာ အပ်က္သေဘာေဆာင္တဲ့ စိတ္ေကာက္တတ္သူေတြရွိေနလို႕မရပါဘူး။ ဒါေပမယ့္ ဗန္ဒီဘိခ္ကေတာ့ အသင္းကို အႏႈတ္သေဘာေဆာင္ေစတဲ့ ကစားသမားမ်ိဳးတစ္ခါမွမျဖစ္ခဲ့ဖူးပါဘူး။ တကယ္လို႔မ်ား ကစားသမားေတြက အသင္းအေပၚ မေကာင္းတဲ့ သေဘာေဆာင္လာခဲ့မယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္ ဒီထက္ပိုၿပီးျပတ္ျပတ္သားသားကိုင္တြယ္သြားမွာပါ”လို႕ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ဗန္ဒီဘိခ္ အသင္းေျပာင္းေရႊ႕သြားႏိုင္တယ္ဆိုတဲ့ သတင္းက ပိုမိုခိုင္မာလာခဲ့ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ဒီသတင္းဟာ စိတ္ပ်က္စရာျဖစ္ေနတာ အေသအခ်ာပါပဲ။ မႏွစ္က ယူႏိုက္တက္ကို ဗန္ဒီဘိခ္ ေရာက္လာခ်ိန္ ကေန သူကစားခြင့္ရဖို႕ ပရိသတ္ေတြက အမ်ားၾကီးေမွ်ာ္လင့္ခဲ့သလို သူကလည္း ကစားရတဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ပြဲထြက္ခြင့္မေပးတဲ့ ဆိုးလ္ရွားရဲ႕ ဆံုးျဖတ္ခ်က္ကိုနားမလည္ႏိုင္ေအာင္ျဖစ္ေနရပါတယ္။