
နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ အာရုံအပြည့်စိုက်ထားပြီး ပြိုင်ဘက်
အသင်းကို အနိုင်ယူ ဖြတ်ကျော်ရင်းနဲ့ အနာဂတ်မန်ယူအသင်းအတွက် သမိုင်းမှတ်တိုင်တွေ စိုက်ထူ
ကြဖို့ နည်းပြအဲရစ်တန်ဟတ်က တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာအခုည ကစား မယ့် အက်ဖ်
အေဖလား ကွာတားဖိုင်နယ်အဆင့်မှာဖူလ်ဟမ်နဲ့ တွေ့ဆုံနေပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားရမှာ
ဖြစ်ပါတယ်။ဒါ့အပြင် နည်းပြတန်ဟတ် ရဲ့အသင်းဟာ ယူရိုပါလိဂ်မှာဆိုရင်လည်းကွာတားအဆင့်ကို
ရောက်နေပြီး စပိန်အင်အားကြီး ဆီဗီလာနဲ့ထိပ်တိုက်ဆုံနေပါတယ်။ ဒါကြောင့် အခုလိုမျိုး ပြိုင်ပွဲအရပ်
ရပ်မှာအသက်ဆက်ခွင့်ရနေတာကို အခြေတည်ပြီး အနာဂတ် မန်ယူအသင်းအတွက်သမိုင်းမှတ်တိုင်
တွေ စိုက်ထူနိုင်ဖို့ အာရုံစိုက်ထားရမှာဖြစ်တယ်လို့တန်ဟတ်က လှုံ့ဆော်မှုလုပ်ပေးလိုက်တာပါ။ ‘’ဒါ
က သမိုင်းပဲ။အခု ဒါကို အနာဂတ်အတွက်လည်း ဖြစ်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ဆိုလို ချင်တာ
က အခုဒီပွဲကို အာရုံအပြည့် စိုက်ထားရမယ်လို့ ပြောတာပါ။ဒီပွဲက နိုင်ငံတကာ သီတင်းပတ်မတိုင်ခင်
လေးမှာ ကစားတဲ့ ပွဲကြီးပွဲကောင်းပဲ။ဒါ့ အပြင် ကျွန်တော်တို့ ပြိုင်ပွဲ ၃ ရပ်စလုံးမှာ အသက်ဆက်ခွင့် ရ
နေသေးတယ်။ကျွန်တော်တို့ရဲ့ အကောင်းဆုံးဆိုတဲ့ စွမ်းအားမျိုးနဲ့ ကစားရမှာပါ။အသင်း ရော ကစား
သမားတွေအားလုံး အဆင်သင့် ဖြစ်နေဖု့ိအတွက်ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။ တကယ့်ကို အ
ကြိတ်အနယ်အားထုတ်ရမယ့်ပွဲဖြစ် လာမှာပါ။ ဒါပေမဲ့ အဲဒီလိုလုပ်ပြဖို့အတွက်ကျွန်တော်တို့က အဆင်
သင့်ပါပဲ’’ လို့ တန်ဟတ်က MUTV ကိုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဖူလ် ဟမ်နဲ့ပွဲမှာသရဲနီ
ပရိသတ်တွေအကုန်လုံးဟာ မန်ယူနဲ့ တစ်သားတည်းရှိနေမယ်ဆိုတာကို ယုံကြည်တယ်လို့ နယ်သာလန်
သားနည်းပြကတစ်ဆက် တည်း ပြောခဲ့ပါတယ်။ ‘’ပရိသတ်တွေက အရမ်းကိုစိတ်လှုပ်ရှားနေတယ်။ အိုး
လ်ထရက်ဖို့်ဒ်မှာ ကစားရမယ့်တနင်္ဂနွေနေ့ပွဲအတွက်ပေါ့။ ကျွန်တော်တို့နဲ့ အတူ ရှိနေမယ်ဆိုတာကျိန်း
သေပြောရဲတယ်။ သူတို့ကို ကျွန်တော်တို့ ခွန် အားတွေ ပေးရမယ်။သူတို့ကို အောင်ပွဲခံမှုတွေ လုပ်ပေးရ
မယ်။ ဖြစ်နိုင်သမျှ အရာအားလုံးကျွန်တော်တို့ လုပ်ပေးရမှာ ဖြစ်ပါတယ်’’ လို့ တန်ဟတ်ကဖူလ်ဟမ်နဲ့
ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
ႏိုင္ငံတကာ သီတင္းပတ္မတိုင္ခင္ ကစားမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ အာ႐ုံအျပည့္စိုက္ထားၿပီး ၿပိဳင္ဘက္
အသင္းကို အႏိုင္ယူ ျဖတ္ေက်ာ္ရင္းနဲ႔ အနာဂတ္မန္ယူအသင္းအတြက္ သမိုင္းမွတ္တိုင္ေတြ စိုက္ထူ
ၾကဖို႔ နည္းျပအဲရစ္တန္ဟတ္က တိုက္တြန္းလိုက္ပါတယ္။ ယူႏိုက္တက္ဟာအခုည ကစား မယ့္ အက္ဖ္
ေအဖလား ကြာတားဖိုင္နယ္အဆင့္မွာဖူလ္ဟမ္နဲ႔ ေတြ႕ဆုံေနၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ကစားရမွာ
ျဖစ္ပါတယ္။ဒါ့အျပင္ နည္းျပတန္ဟတ္ ရဲ႕အသင္းဟာ ယူ႐ိုပါလိဂ္မွာဆိုရင္လည္းကြာတားအဆင့္ကို
ေရာက္ေနၿပီး စပိန္အင္အားႀကီး ဆီဗီလာနဲ႔ထိပ္တိုက္ဆုံေနပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး ၿပိဳင္ပြဲအရပ္
ရပ္မွာအသက္ဆက္ခြင့္ရေနတာကို အေျခတည္ၿပီး အနာဂတ္ မန္ယူအသင္းအတြက္သမိုင္းမွတ္တိုင္
ေတြ စိုက္ထူႏိုင္ဖို႔ အာ႐ုံစိုက္ထားရမွာျဖစ္တယ္လို႔တန္ဟတ္က လႈံ႕ေဆာ္မႈလုပ္ေပးလိုက္တာပါ။ ‘’ဒါ
က သမိုင္းပဲ။အခု ဒါကို အနာဂတ္အတြက္လည္း ျဖစ္ေအာင္ ကြၽန္ေတာ္တို႔ လုပ္ရပါမယ္။ဆိုလို ခ်င္တာ
က အခုဒီပြဲကို အာ႐ုံအျပည့္ စိုက္ထားရမယ္လို႔ ေျပာတာပါ။ဒီပြဲက ႏိုင္ငံတကာ သီတင္းပတ္မတိုင္ခင္
ေလးမွာ ကစားတဲ့ ပြဲႀကီးပြဲေကာင္းပဲ။ဒါ့ အျပင္ ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲ ၃ ရပ္စလုံးမွာ အသက္ဆက္ခြင့္ ရ
ေနေသးတယ္။ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးဆိုတဲ့ စြမ္းအားမ်ိဳးနဲ႔ ကစားရမွာပါ။အသင္း ေရာ ကစား
သမားေတြအားလုံး အဆင္သင့္ ျဖစ္ေနဖု႔ိအတြက္ကြၽန္ေတာ္တို႔ ျပင္ဆင္ထားရပါမယ္။ တကယ့္ကို အ
ႀကိတ္အနယ္အားထုတ္ရမယ့္ပြဲျဖစ္ လာမွာပါ။ ဒါေပမဲ့ အဲဒီလိုလုပ္ျပဖို႔အတြက္ကြၽန္ေတာ္တို႔က အဆင္
သင့္ပါပဲ’’ လို႔ တန္ဟတ္က MUTV ကိုေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ၿပီး ဖူလ္ ဟမ္နဲ႔ပြဲမွာသရဲနီ
ပရိသတ္ေတြအကုန္လုံးဟာ မန္ယူနဲ႔ တစ္သားတည္းရွိေနမယ္ဆိုတာကို ယုံၾကည္တယ္လို႔ နယ္သာလန္
သားနည္းျပကတစ္ဆက္ တည္း ေျပာခဲ့ပါတယ္။ ‘’ပရိသတ္ေတြက အရမ္းကိုစိတ္လႈပ္ရွားေနတယ္။ အိုး
လ္ထရက္ဖို႔္ဒ္မွာ ကစားရမယ့္တနဂၤေႏြေန႔ပြဲအတြက္ေပါ့။ ကြၽန္ေတာ္တို႔နဲ႔ အတူ ရွိေနမယ္ဆိုတာက်ိန္း
ေသေျပာရဲတယ္။ သူတို႔ကို ကြၽန္ေတာ္တို႔ ခြန္ အားေတြ ေပးရမယ္။သူတို႔ကို ေအာင္ပြဲခံမႈေတြ လုပ္ေပးရ
မယ္။ ျဖစ္ႏိုင္သမွ် အရာအားလုံးကြၽန္ေတာ္တို႔ လုပ္ေပးရမွာ ျဖစ္ပါတယ္’’ လို႔ တန္ဟတ္ကဖူလ္ဟမ္နဲ႔
ကစားမယ့္ ပြဲစဥ္မတိုင္ခင္မွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။