ဖာနန်ဒက်ကြောင့် သူအလိုမရှိတဲ့ အပြောင်းအလဲ တစ်ခုပြုလုပ်သွားရပါတော့မယ့် အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် အပတ်မှာ  အက်စတွန်ဗီလာအသင်းနဲ့ ကစားရဖို့ ရှိပါ
တယ်။ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ မနေ့ညတုန်းက ဝက်စ်ဟမ်းကို ( ၁-၀  )အနိုင်ရခဲ့
တဲ့ပွဲစဥ်မှာ ဂျာရတ် ဘိုးဝင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်  အဝါကတ် ပြခံခဲ့ရတာဖြစ်ပါတယ်။ပေါ်တူ
ဂီလက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် ( ၅ ) ကတ် ပြည့်သွားခဲ့ပြီဖြစ်တာကြောင့် လာ
မယ့် အပတ် ဗီလာပါ့ခ်မှာ ကစားရမယ့် အူနိုင်း အမ်မရီရဲ့ အသင်းနဲ့ ပွဲစဥ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
ဒီရာသီအတွင်း ယူနိုက်တက်အတွက် ( ၂ ) ဂိုးပဲ သွင်းယူထားနိုင်သေးတဲ့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်
မှာ အဲရစ်တင်ဟာ့ခ်ရဲ့ အသင်းအတွက် မိနစ်တိုင်း ကစားပေးထားပါတယ်။ဒါကြောင့် အဲရစ် တင်ဟာ့ခ်အ
နေနဲ့ ဗီလာနဲ့ ပွဲစဥ် ပွဲထွက်လူစာရင်းမှာ  သူ အလိုမရှိတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်သွားရပါတော့မယ်။