ဖာဂူဆန်အကွက်တွေနဲ့ မန်စီးတီးရှေ့ဆက်နိုင်အောင် ဂွါဒီယိုလာကြိုးစားနေကြောင်း စွပ်စွဲလိုက်တဲ့ လီဗာပူးဂန္ထဝင်ဟောင်း

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ မန်ယူဂန္ထဝင်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်ရဲ့ဗျူဟာတွေကို ဒီ

ရာသီမှာ ကော်ပီကူးအသုံးချနေကြောင်းလီဗာပူးဂန္ထဝင်ဟောင်းဂရေမီဆောင်းနက်စ်က စွပ်စွဲလိုက်ပါ

တယ်။အဲဒီစပိန်သားနည်းပြဟာ အခုရာသီရဲ့အရေးပါတဲ့ပွဲစဉ်အချို့မှာအသင်းရဲ့အကောင်းဆုံးကစား

သမားတစ်ယောက်ဖြစ်သူဒီဘရိုင်းကိုချန်လှပ်တာတွေ လုပ်ခဲ့တာပါ။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစား

သမားဟာပြီးခဲ့တဲ့ဇန်နဝါရီက စပါးကို ၄-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာ အကြောင်းမဲ့မပါခဲ့သလို၁-၀ နဲ့ရှုံးခဲ့တဲ့ ဖေဖော်

ဝါရီက ဒုတိယအကျော့မှာလည်းဒုတိယပိုင်းရောက်မှ လူစာဝင်ကစားခွင့်ရခဲ့ပါတယ်။မကြာသေးခင်က

လည်း ဂွါဒီယိုလာဟာ ဒီဘရိုင်းကို လူသိရှင်ကြားဝေဖန်ခဲ့သေးတာပါ။ဒါ့အပြင် ဂွါဒီယိုလာဟာ လစ်ပ်ဇစ်

နဲ့ချန်ပီယံလိဂ်ဒုတိယအကျော့မတိုင်ခင်ကလည်းဟာလန်းအနေနဲ့ ဒီထက်မကပိုကောင်းသင့်ကြောင်း

ပြောခဲ့ပါသေးတယ်။အဲဒါကို နော်ဝေကြယ်ပွင့်က တစ်ပွဲတည်း ၅ ဂိုးသွင်းပြီး တုံ့ပြန်ခဲ့သလိုဂွါဒီယိုလာ

ဝေဖန်မှ ဒီဘရိုင်းကလည်း ဂိုးဖန်တီးမှုတွေလုပ်နိုင်ခဲ့တာပါ။အဲဒါဟာ တစ်ခေတ်တစ်ခါတုန်းက ရွိုင်ယန်

ဂစ်နဲ့ဘက်ခမ်းတို့လိုစူပါစတားတွေနဲ့ပတ်သက်လို့ ဆာအဲလက်စ်ဖာဂူဆန်သုံးခဲ့တဲ့ဗျူဟာမျိုးဖြစ်ကြောင်း

ဆောင်းနက်စ်က Daily Mail သတင်းစာကသူ့ရဲ့ကော်လံစာမျက်နှာမှာ အခုလိုရေးခဲ့ပါတယ်။”ဥပမာ

အနေနဲ့ စပါးကိုရှုံးခဲ့တဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီကပွဲမှာဆိုဒီဘရိုင်းပွဲထွက်မပါခဲ့ဘူး။ ထူးဆန်းတယ်နော်။ အခု

လည်း ဂွါဒီယိုလာကသူ့ကို လူသိရှင်ကြားဝေဖန်တာလုပ်လာတယ်။ ဒီဘရိုင်းအနေနဲ့ အခြေခံကအစပြန်

လုပ်ဖို့လိုတယ်လို့ ဒီအပတ်မှာပဲ သူပြောခဲ့တာပါ။ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျွန်တော့်မှာ သီအိုရီ

တွေ ရှိပါတယ်။အဲဒါဟာ တစ်သင်းလုံးကို တွန်းအားပေးဖို့ တမင်ရည်ရွယ်တဲ့ဗျူဟာရဲ့အစိတ်အပိုင်းတစ်ခု

ဖြစ်နိုင်ပါတယ်။ ရွိုင်ယန်ဂစ်နဲ့ပတ်သက်ပြီးဆာအဲလက်စ်ဖာဂူဆန်က အဲဒီလိုလုပ်ခဲ့ကြောင်း တစ်ယောက်

ယောက်ကကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်။ ဆာအဲလက်စ်က တစ်ခါတစ်ရံကျရင်လည်းဒေးဗစ်ဘက်ခမ်း

ကို အခြားမန်ယူကစားသမားတွေရှေ့မှာ အဲဒီလိုလုပ်တတ်တာပါ။ကလပ်က အကောင်းဆုံးကစားသမား

နှစ်ယောက်တောင် ဝေဖန်မှုနဲ့မလွတ်ကင်းနိုင်ဘူးလို့တစ်သင်းလုံးကို မက်ဆေ့ချ်ပေးလိုက်တာပါ။ အဲဒါက

အရည်အသွေးရှိကစားသမားတွေကို ဆက်ခြေစွမ်းပြဖို့ အကူအညီဖြစ်စေပါတယ်။ဒါကြောင့် ဂွါဒီယိုလာ

လည်း အဲဒီလိုလုပ်တာဖြစ်မှာပါ”လို့ ဆောင်းနက်စ်က သူ့အမြင်ကို ရေးခဲ့တာပါ။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ မန္ယူဂႏၴဝင္နည္းျပေဟာင္းဆာအဲလက္စ္ဖာဂူဆန္ရဲ႕ဗ်ဴဟာေတြကို ဒီ

ရာသီမွာ ေကာ္ပီကူးအသုံးခ်ေနေၾကာင္းလီဗာပူးဂႏၴဝင္ေဟာင္းဂေရမီေဆာင္းနက္စ္က စြပ္စြဲလိုက္ပါ

တယ္။အဲဒီစပိန္သားနည္းျပဟာ အခုရာသီရဲ႕အေရးပါတဲ့ပြဲစဥ္အခ်ိဳ႕မွာအသင္းရဲ႕အေကာင္းဆုံးကစား

သမားတစ္ေယာက္ျဖစ္သူဒီဘ႐ိုင္းကိုခ်န္လွပ္တာေတြ လုပ္ခဲ့တာပါ။ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစား

သမားဟာၿပီးခဲ့တဲ့ဇန္နဝါရီက စပါးကို ၄-၂ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အေၾကာင္းမဲ့မပါခဲ့သလို၁-၀ နဲ႔ရႈံးခဲ့တဲ့ ေဖေဖာ္

ဝါရီက ဒုတိယအေက်ာ့မွာလည္းဒုတိယပိုင္းေရာက္မွ လူစာဝင္ကစားခြင့္ရခဲ့ပါတယ္။မၾကာေသးခင္က

လည္း ဂြါဒီယိုလာဟာ ဒီဘ႐ိုင္းကို လူသိရွင္ၾကားေဝဖန္ခဲ့ေသးတာပါ။ဒါ့အျပင္ ဂြါဒီယိုလာဟာ လစ္ပ္ဇစ္

နဲ႔ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့မတိုင္ခင္ကလည္းဟာလန္းအေနနဲ႔ ဒီထက္မကပိုေကာင္းသင့္ေၾကာင္း

ေျပာခဲ့ပါေသးတယ္။အဲဒါကို ေနာ္ေဝၾကယ္ပြင့္က တစ္ပြဲတည္း ၅ ဂိုးသြင္းၿပီး တုံ႔ျပန္ခဲ့သလိုဂြါဒီယိုလာ

ေဝဖန္မွ ဒီဘ႐ိုင္းကလည္း ဂိုးဖန္တီးမႈေတြလုပ္ႏိုင္ခဲ့တာပါ။အဲဒါဟာ တစ္ေခတ္တစ္ခါတုန္းက ႐ြိဳင္ယန္

ဂစ္နဲ႔ဘက္ခမ္းတို႔လိုစူပါစတားေတြနဲ႔ပတ္သက္လို႔ ဆာအဲလက္စ္ဖာဂူဆန္သုံးခဲ့တဲ့ဗ်ဴဟာမ်ိဳးျဖစ္ေၾကာင္း

ေဆာင္းနက္စ္က Daily Mail သတင္းစာကသူ႔ရဲ႕ေကာ္လံစာမ်က္ႏွာမွာ အခုလိုေရးခဲ့ပါတယ္။”ဥပမာ

အေနနဲ႔ စပါးကိုရႈံးခဲ့တဲ့ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီကပြဲမွာဆိုဒီဘ႐ိုင္းပြဲထြက္မပါခဲ့ဘူး။ ထူးဆန္းတယ္ေနာ္။ အခု

လည္း ဂြါဒီယိုလာကသူ႔ကို လူသိရွင္ၾကားေဝဖန္တာလုပ္လာတယ္။ ဒီဘ႐ိုင္းအေနနဲ႔ အေျခခံကအစျပန္

လုပ္ဖို႔လိုတယ္လို႔ ဒီအပတ္မွာပဲ သူေျပာခဲ့တာပါ။ဘာေၾကာင့္ ဒီလိုျဖစ္တယ္ဆိုတာ ကြၽန္ေတာ့္မွာ သီအိုရီ

ေတြ ရွိပါတယ္။အဲဒါဟာ တစ္သင္းလုံးကို တြန္းအားေပးဖို႔ တမင္ရည္႐ြယ္တဲ့ဗ်ဴဟာရဲ႕အစိတ္အပိုင္းတစ္ခု

ျဖစ္ႏိုင္ပါတယ္။ ႐ြိဳင္ယန္ဂစ္နဲ႔ပတ္သက္ၿပီးဆာအဲလက္စ္ဖာဂူဆန္က အဲဒီလိုလုပ္ခဲ့ေၾကာင္း တစ္ေယာက္

ေယာက္ကကြၽန္ေတာ့္ကို ေျပာခဲ့ဖူးပါတယ္။ ဆာအဲလက္စ္က တစ္ခါတစ္ရံက်ရင္လည္းေဒးဗစ္ဘက္ခမ္း

ကို အျခားမန္ယူကစားသမားေတြေရွ႕မွာ အဲဒီလိုလုပ္တတ္တာပါ။ကလပ္က အေကာင္းဆုံးကစားသမား

ႏွစ္ေယာက္ေတာင္ ေဝဖန္မႈနဲ႔မလြတ္ကင္းႏိုင္ဘူးလို႔တစ္သင္းလုံးကို မက္ေဆ့ခ်္ေပးလိုက္တာပါ။ အဲဒါက

အရည္အေသြးရွိကစားသမားေတြကို ဆက္ေျခစြမ္းျပဖို႔ အကူအညီျဖစ္ေစပါတယ္။ဒါေၾကာင့္ ဂြါဒီယိုလာ

လည္း အဲဒီလိုလုပ္တာျဖစ္မွာပါ”လို႔ ေဆာင္းနက္စ္က သူ႔အျမင္ကို ေရးခဲ့တာပါ။