ဖရန့်ဖတ်နဲ့ ဘွန်ဒက်လီဂါအဖွင့်မှာလဲ ဂိုးသွင်းပြီး ဂျာမန်မြေမှာ ဂိုးမသွင်းမရမနေနိုင်ဖြစ်လာတဲ့ မာနေး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဆာဒီယိုမာနေးကတော့ ဘွန်ဒက်လီဂါအဖွင့်ဂိုးကိုလည်း ပထမဆုံးပွဲ

ကစားအပြီးမှာပဲ ရရှိခဲ့ပြန်ပါပြီ။ ဘိုင်ယန်အတွက် ပထမဆုံးအကြိမ် ခြေစမ်းပွဲကစားခဲ့ရာမှာလည်း

မာနေးက ဂီုးသွင်းနိုင်ခဲ့သလို ဂျာမန်စူပါဖလားပွဲမှာလည်း တဂိုးထပ်ရခဲ့ကာ အခုအခါမှာလည်း ပ

ထမဆုံးဘွန်ဒက်လီဂါဂိုးကို ပထမဆုံးဘွန်ဒက်လီဂါပွဲမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ အဝေးကွင်းမှာ ဖ

ရန့်ဖတ်ကို ဘိုင်ယန်က ၁-၆ နဲ့ အနိုင်ရရှိခဲ့ရာမှာ မာနေးက အသင်းအတွက် တတိယမြောက်ဂိုးကို

သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးက ဘိုင်ယန်အတွက် ကစားပေးခဲ့တဲ့ ပထမဆုံး

ဆိုတဲ့ ပြိုင်ပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာက ထူးခြားမှုတခုအဖြစ်ရှိနေခဲ့ပြီး ဘွန်ဒက်လီဂါမှာ

လည်း သူ့ရဲ့ အစွမ်းအစကို ထပ်မံပြီးတော့ ပြသနိုင်ဦးမယ့် သဘောမှာရှိနေပါတယ်။ ယူရိုပါလိဂ်

ချန်ပီယံဖရန့်ဖတ်ကတော့ အိမ်ကွင်းမှာ ဘိုင်ယန်ကို ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ဘဲ နူအာရဲ့ ပေါ့

ဆမှုကြောင့်သာ သိက္ခာဆယ်သွင်းဂိုးတဂိုး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ အမှတ်ပေဖလားကို

ပြိုင်ဘက်မရှိရယူနေတဲ့ ဘိုင်ယန်အတွက်တော့ အဖွင့်ပွဲမှာတင်ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့

ကာ ဒီရာသီမှာလည်း သူတို့ပဲ ကြီးစိုးနေဦးမယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ပွဲအပြီးမှာတော့ ဆာ

ဒီယိုမာနေးက အသင်းပရိသတ်တွေနဲ့အတူ သွားရောက်အောင်ပွဲခံခဲ့ပါသေးတယ်။ ပွဲကြည့်စင်ပေါ်

အထိတက်ကာ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ပြီး ကစားသမားသစ်တဦးဆိုပေမယ့်

နှစ်ပေါင်းများစွာကစားလာခဲ့သူတဦးနှယ် မာနေးက ရှိနေခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့အပြု

အမူအတွက် ပျော်ရွှင်နေခဲ့ကြပါတယ်။ ဖရန့်ဖတ်ကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်

နဲ့ ဥရောပစူပါဖလားပွဲ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်းဆိုရင်တော့

သူတို့အနေနဲ့ ဆုဖလားရယူချင်တယ်ဆိုရင် တိုးတက်မှုတွေရှိဖို့ လိုအပ်နေပြီဖြစ်ပြီး အဲဒီလိုမှမဟုတ်

ရင်တော့ ရီးရဲလ်မက်ဒရစ်ကပဲ ဥရောပစူပါဖလားကို အလွယ်တကူသိမ်းပိုက်သွားနိုင်မယ့် အနေ

အထားမှာရှိနေပါတယ်။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဆာဒီယိုမာေနးကေတာ့ ဘြန္ဒက္လီဂါအဖြင့္ဂိုးကိုလည္း ပထမဆုံးပြဲ

ကစားအၿပီးမွာပ​ဲ ရရွိခဲ့ျပန္ပါၿပီ။ ဘိုင္ယန္အတြက္ ပထမဆုံးအႀကိမ္ ေျခစမ္းပြဲကစားခဲ့ရာမွာလည္း

မာေနးက ဂီုးသြင္းႏိုင္ခဲ့သလို ဂ်ာမန္စူပါဖလားပြဲမွာလည္း တဂိုးထပ္ရခဲ့ကာ အခုအခါမွာလည္း ပ

ထမဆုံးဘြန္ဒက္လီဂါဂိုးကို ပထမဆုံးဘြန္ဒက္လီဂါပြဲမွာပဲ ရရွိခဲ့တာျဖစ္ပါတယ္။ အေဝးကြင္းမွာ ဖ

ရန႔္ဖတ္ကို ဘိုင္ယန္က ၁-၆ နဲ႔ အႏိုင္ရရွိခဲ့ရာမွာ မာေနးက အသင္းအတြက္ တတိယေျမာက္ဂိုးကို

သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဆီနီေဂါတိုက္စစ္မႉးက ဘိုင္ယန္အတြက္ ကစားေပးခဲ့တဲ့ ပထမဆုံး

ဆိုတဲ့ ၿပိဳင္ပြဲေတြမွာ ဂိုးေတြသြင္းယူႏိုင္ခဲ့တာက ထူးျခားမႈတခုအျဖစ္ရွိေနခဲ့ၿပီး ဘြန္ဒက္လီဂါမွာ

လည္း သူ႔ရဲ႕ အစြမ္းအစကို ထပ္မံၿပီးေတာ့ ျပသႏိုင္ဦးမယ့္ သေဘာမွာရွိေနပါတယ္။ ယူ႐ိုပါလိဂ္

ခ်န္ပီယံဖရန႔္ဖတ္ကေတာ့ အိမ္ကြင္းမွာ ဘိုင္ယန္ကို ဘယ္လိုမွယွဥ္မကစားႏိုင္ခဲ့ဘဲ ႏူအာရဲ႕ ေပါ့

ဆမႈေၾကာင့္သာ သိကၡာဆယ္သြင္းဂိုးတဂိုး ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။ အမွတ္ေပဖလားကို

ၿပိဳင္ဘက္မရွိရယူေနတဲ့ ဘိုင္ယန္အတြက္ေတာ့ အဖြင့္ပြဲမွာတင္ႀကီးမားတဲ့ဂိုးျပတ္ႏိုင္ပြဲကို ရရွိခဲ့

ကာ ဒီရာသီမွာလည္း သူတို႔ပဲ ႀကီးစိုးေနဦးမယ္ဆိုတာကို ျပသသြားခဲ့ပါတယ္။ပြဲအၿပီးမွာေတာ့ ဆာ

ဒီယိုမာေနးက အသင္းပရိသတ္ေတြနဲ႔အတူ သြားေရာက္ေအာင္ပြဲခံခဲ့ပါေသးတယ္။ ပြဲၾကည့္စင္ေပၚ

အထိတက္ကာ ပရိသတ္ေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနခဲ့ၿပီး ကစားသမားသစ္တဦးဆိုေပမယ့္

ႏွစ္ေပါင္းမ်ားစြာကစားလာခဲ့သူတဦးႏွယ္ မာေနးက ရွိေနခဲ့ၿပီး ပရိသတ္ေတြကလည္း သူ႔ရဲ႕အျပဳ

အမူအတြက္ ေပ်ာ္႐ႊင္ေနခဲ့ၾကပါတယ္။ ဖရန႔္ဖတ္ကေတာ့ လာမယ့္ဗုဒၶဟူးေန႔မွာ ရီးရဲလ္မက္ဒရစ္

နဲ႔ ဥေရာပစူပါဖလားပြဲ ကစားရဖို႔ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိပုံစံအတိုင္းဆိုရင္ေတာ့

သူတို႔အေနနဲ႔ ဆုဖလားရယူခ်င္တယ္ဆိုရင္ တိုးတက္မႈေတြရွိဖို႔ လိုအပ္ေနၿပီျဖစ္ၿပီး အဲဒီလိုမွမဟုတ္

ရင္ေတာ့ ရီးရဲလ္မက္ဒရစ္ကပဲ ဥေရာပစူပါဖလားကို အလြယ္တကူသိမ္းပိုက္သြားႏိုင္မယ့္ အေန

အထားမွာရွိေနပါတယ္။