ပွဲဦးထွက်လူစားဝင်ကစားတဲ့ပွဲမှာတင် လော့စ်အိန်ဂျယ်လိစ်ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်သွားတဲ့ ဂါးရတ်ဘေးလ်

လော့စ်အိန်ဂျယ်လိစ်ရဲ့ ကစားသမားသစ် ဂါရတ်ဘေးလ်ဟာ အသင်းသစ်နဲ့ ပွဲဦးထွက်အဖြစ်

နက်ရှ်ဗေးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ လော့စ်အိန်ဂျယ်လိစ်က

လည်း ပြိုင်ဘက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အဆိုပါ ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်း

ဆောင်ဟာ သူ့ရဲ့ ပထမဆုံးဘောလုံးထိချက်ကို အမှားအယွင်းမရှိအောင် ပေးပို့နိုင်ခဲ့သလို ဒုတိ

ယမြောက် ဘောလုံးထိချက်မှာတော့ ကွင်းထဲမှာရှိတဲ့ ပရိသတ်အားလုံးကို သဘောကျသွားအောင်

လုပ်ပြနိုင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြိုင်ဘက်ကစားသမားကို လှည့်စားပြီး ဘောလုံးကို

နောက်ပေါက်နဲ့ အသင်းဖော်ဆီ အရောက်ပေးပို့နိုင်ခဲ့တာပါ။ဂါရတ်ဘေးလ်ရဲ့ ဒီတကွက်ကိုတော့

လော့စ်အိန်ဂျယ်လိစ်ပရိသတ်တွေရော၊ ပြိုင်ဘက် နက်ရှ်ဗေးလ်ပရိသတ်တွေပါ သဘောကျခဲ့ရ

ပြီး ကွင်းအတွင်းမှာ ဆူညံနေအောင် အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေကလည်း ဂါ

ရတ်ဘေးလ်အနေနဲ့ မေဂျာလိဂ်ရဲ့ ပွဲဦးထွက် ပထမဆုံး ဘောလုံးထိချက်နှစ်ချက်မှာတင် ပရိသတ်

တွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်း တင်စားနေကြပါတယ်။ဒီပွဲမှာ လော့စ်အိန်ဂျယ်

လိစ်အတွက် ဂါရတ်ဘေးလ်အပြင် အီတလီနာမည်ကျော် နောက်ခံလူကြီး ချီလီနီလည်း ပါဝင်က

စားပေးခဲ့ပါတယ်။ ချီလီနီကတော့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့

လူစားလဲခဲ့ပါတယ်။ ဂါရတ်ဘေးလ်ကလည်း ပွဲအပြီးမှာ ပရိသတ်တွေကို အမှတ်တရလက်မှတ်

ရေးထိုးပေးသွားခဲ့ပြီး ပရိသတ်တွေကလည်း ဒီကစားသမားကို တခဲနက် ပြန်လည်အားပေးခဲ့ကြ

ပါတယ်။

ေလာ့စ္အိန္ဂ်ယ္လိစ္ရဲ႕ ကစားသမားသစ္ ဂါရတ္ေဘးလ္ဟာ အသင္းသစ္နဲ႔ ပြဲဦးထြက္အျဖစ္

နက္ရွ္ေဗးလ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ လူစားဝင္ကစားခဲ့ပါတယ္။ အဲ့ဒီပြဲမွာ ေလာ့စ္အိန္ဂ်ယ္လိစ္က

လည္း ၿပိဳင္ဘက္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။အဆိုပါ ေဝးလ္စ္လက္ေ႐ြးစင္အသင္းေခါင္း

ေဆာင္ဟာ သူ႔ရဲ႕ ပထမဆုံးေဘာလုံးထိခ်က္ကို အမွားအယြင္းမရွိေအာင္ ေပးပို႔ႏိုင္ခဲ့သလို ဒုတိ

ယေျမာက္ ေဘာလုံးထိခ်က္မွာေတာ့ ကြင္းထဲမွာရွိတဲ့ ပရိသတ္အားလုံးကို သေဘာက်သြားေအာင္

လုပ္ျပႏိုင္ခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ၿပိဳင္ဘက္ကစားသမားကို လွည့္စားၿပီး ေဘာလုံးကို

ေနာက္ေပါက္နဲ႔ အသင္းေဖာ္ဆီ အေရာက္ေပးပို႔ႏိုင္ခဲ့တာပါ။ဂါရတ္ေဘးလ္ရဲ႕ ဒီတကြက္ကိုေတာ့

ေလာ့စ္အိန္ဂ်ယ္လိစ္ပရိသတ္ေတြေရာ၊ ၿပိဳင္ဘက္ နက္ရွ္ေဗးလ္ပရိသတ္ေတြပါ သေဘာက်ခဲ့ရ

ၿပီး ကြင္းအတြင္းမွာ ဆူညံေနေအာင္ အားေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကလည္း ဂါ

ရတ္ေဘးလ္အေနနဲ႔ ေမဂ်ာလိဂ္ရဲ႕ ပြဲဦးထြက္ ပထမဆုံး ေဘာလုံးထိခ်က္ႏွစ္ခ်က္မွာတင္ ပရိသတ္

ေတြရဲ႕ႏွလုံးသားကို သိမ္းပိုက္ႏိုင္ခဲ့ၿပီလို႔လည္း တင္စားေနၾကပါတယ္။ဒီပြဲမွာ ေလာ့စ္အိန္ဂ်ယ္

လိစ္အတြက္ ဂါရတ္ေဘးလ္အျပင္ အီတလီနာမည္ေက်ာ္ ေနာက္ခံလူႀကီး ခ်ီလီနီလည္း ပါဝင္က

စားေပးခဲ့ပါတယ္။ ခ်ီလီနီကေတာ့ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့

လူစားလဲခဲ့ပါတယ္။ ဂါရတ္ေဘးလ္ကလည္း ပြဲအၿပီးမွာ ပရိသတ္ေတြကို အမွတ္တရလက္မွတ္

ေရးထိုးေပးသြားခဲ့ၿပီး ပရိသတ္ေတြကလည္း ဒီကစားသမားကို တခဲနက္ ျပန္လည္အားေပးခဲ့ၾက

ပါတယ္။