ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ပြင်သစ်ကတုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပဲလေ့စ်

 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဟာ

ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေတဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား

မာစီယဲလ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ The Hard Tackle သတင်းဌာနက

ဖော်ပြခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့မာစီယဲလ်ဟာ ပြီးခဲ့တဲ့ရာသီက

ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းမပြနိုင်တာတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲစုံ(၃၆)ပွဲကစား၊

(၇)ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ခြေစွမ်းပြဖို့ဆက်လက်ရုန်းကန်

နေရတာဖြစ်ပါတယ်။ မာစီယဲလ်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ(၇)ပွဲကစား(၁)ဂိုးသွင်းယူခဲ့ပြီး

အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက်ပါဝင်ကစားခဲ့ပြီး

နောက်ပိုင်း ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့နောက်ဆုံး(၃)ပွဲကိုလွဲချော်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မိုနာကိုအသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ

မာစီယဲလ်ဟာ အစပိုင်းရာသီတွေမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမယ့်

အခုနောက်ပိုင်းနှစ်တွေမှာ စွမ်းဆောင်ရည်ကျဆင်းလာသလို ပွဲထွက်ခွင့်ပါ

ပျောက်ဆုံးနေတာပါ။ အဲဒါကြောင့် မာစီယဲလ်ဟာ ကစားသမားဘဝ

ပြန်တည်ဆောက်ဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းဆီပြောင်းရွှေ့လိုနေပြီး

ပဲ့လေစ်ကလည်း သူ့ကိုခေါ်ယူဖို့ဆန္ဒရှိနေပေမယ့် ယူနိုက်တက်အသင်းကတော့

မာစီယဲလ်အတွက်ယူရိုသန်း(၄၀)အထိရမှ လက်လွှတ်မယ့်အနေအထားပါပဲ။

zawgyi

ျပင္သစ္ကတုံးကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ပဲေလ့စ္

ခရစၥတယ္ပဲေလ့စ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ

ပြဲထြက္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ ျပင္သစ္ေတာင္ပံတိုက္စစ္ကစားသမား

မာစီယဲလ္ကိုေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ The Hard Tackle သတင္းဌာနက

ေဖာ္ျပခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ရာသီက

ဒဏ္ရာျပႆနာ၊ ပုံမွန္ေျခစြမ္းမျပႏိုင္တာေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ(၃၆)ပြဲကစား၊

(၇)ဂိုးသာသြင္းယူႏိုင္ခဲ့သလို ဒီရာသီမွာလည္း ေျခစြမ္းျပဖို႔ဆက္လက္႐ုန္းကန္

ေနရတာျဖစ္ပါတယ္။ မာစီယဲလ္ဟာ ဒီရာသီၿပိဳင္ပြဲစုံမွာ(၇)ပြဲကစား(၁)ဂိုးသြင္းယူခဲ့ၿပီး

အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီ

းေနာက္ပိုင္း ဒဏ္ရာျပႆနာေၾကာင့္ အသင္းရဲ႕ေနာက္ဆုံး(၃)ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက မိုနာကိုအသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ

မာစီယဲလ္ဟာ အစပိုင္းရာသီေတြမွာ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ေပမယ့္

အခုေနာက္ပိုင္းႏွစ္ေတြမွာ စြမ္းေဆာင္ရည္က်ဆင္းလာသလို ပြဲထြက္ခြင့္ပါ

ေပ်ာက္ဆုံးေနတာပါ။ အဲဒါေၾကာင့္ မာစီယဲလ္ဟာ ကစားသမားဘဝ

ျပန္တည္ေဆာက္ဖို႔အတြက္ ပုံမွန္ပြဲထြက္ခြင့္ရမယ့္အသင္းဆီေျပာင္းေ႐ႊ႕လိုေနၿပီး

ပဲ့ေလစ္ကလည္း သူ႔ကိုေခၚယူဖို႔ဆႏၵရွိေနေပမယ့္ ယူႏိုက္တက္အသင္းကေတာ့

မာစီယဲလ္အတြက္ယူ႐ိုသန္း(၄၀)အထိရမွ လက္လႊတ္မယ့္အေနအထားပါပဲ။mdiarymm

mdiarymm

munitedfannewss