
မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့်လေး ဟန်နီဘယ် မတ်ဂ်ျဘရီအနေနဲ့ ပထမအသင်း
ကြီးမှာ ပါဝင်ရနိုင်ချေကတော့ မေးခွန်းထုတ်စရာဖြစ်ပေမယ့်၊ သူ့ရဲ့ စိတ်ဓါတ်ခံယူချက်ကတော့
နည်းပြ အဲရစ် တန်ဟန့် ရှာဖွေနေတဲ့အရာမျိုး ဖြစ်ပါတယ်။ ဟန်နီဘယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက
စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ချီးကျုးသံတွေ ကြားခဲ့ရပေမယ့်ဒီနှစ်နွေရာသီ ခြေစမ်းပွဲတွေ
မှာတော့ သုံးပွဲမှာ ၇၇ မိနစ်သာ ကစားခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ဟန်နီဘယ်အနေနဲ့ စီ
နီယာအသင်းမှာ ကစားရဖို့ လုံလောက်နေပြီလို့ ယူဆထားကြပေမယ့်၊ နည်းပြ တန်ဟန့်ရဲ့ အစီ
စဉ်တွေမှာ ဟန်နီဘယ်ဟာ ပါဝင်ခွင့်ရဖို့ မသေချာသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူနီး
ရှားလက်ရွေးစင်က သူ့ရဲ့ စီနီယာပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ပြင်သစ်သတင်းဌာနကို အခုလိုပဲ ပြော
ခဲ့ပါတယ်။ “ ငါ ကြိုးစားဖို့ လိုတယ်ဆိုပြီး ကျွန်တော့်ကိုယ် ကျွန်တော်အမြဲပြောပါတယ်။ ကျွန်
တော်က အရာအားလုံးသိမ်းပိုက်ဖို့အတွက် မန်ယူအသင်းဆီ လာခဲ့တာပါ၊ ကျွန်တော့်ရဲ့ ကိုယ်
ရေးမှတ်တမ်းမှာ ‘ ကျွန်တော်ဟာ မန်ယူအတွက် ကစားပေးခဲ့ပါတယ် ’ ဆိုတဲ့ စာမျိုး လိုချင်လို့
လာခဲ့တာမဟုတ်ပါဘူး ”“ ပဲရစ်မြို့ရဲ့ ရပ်ကွက်ထဲက လူငယ်တစ်ဦးက ဘာတွေ လုပ်ပြနိုင်သလဲ
ဆိုတာ ကမ္ဘာကြီးကို သက်သေပြဖို့အတွက် လာခဲ့တာပါ။ ယူနိုက်တက်အသင်းမှာ အောင်မြင်မှု
ရဖို့အတွက် အရာအားလုံးကို ရင်းဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ ” လို့ ပြောဆိုခဲ့ပါတယ်။
ဟန်နီဘယ်ရဲ့ စိတ်ဓါတ်မျိုးဟာ ပြီးခဲ့တဲ့လတုန်းက ကစားသမားတွေဆီကနေ သူ ဘာလိုချင်သ
လဲပြောခဲ့တဲ့ တန်ဟန့်ရဲ့ စကားနဲ့ ကိုက်ညီနေပါတယ်။ “ ကစားသမားတစ်ဦးကို ကြည့်လိုက်ရင်
ကျွန်တော့်မှာ သေချာတဲ့တောင်းဆိုချက်ရှိပါတယ်။ သူတို့မှာ လုပ်နိုင်စွမ်းတွေရှိရင် ရင်းနှီးမြှုပ်နှံ
ရမယ်ဆိုပြီး ကျွန်တော် ပြောပါမယ်။ ဒါက လူတိုင်းကို ပြောတာပါ။ သူတို့ဆီကနေ ဘာလိုချင်သ
လဲဆိုတာ ကစားသမားတိုင်းကို ကျွန်တော် ပြောပါမယ်။ ကျွန်တော်တို့ဟာ မန်ယူအတွက် ”“ က
စားပေးနေတာဖြစ်တာကြောင့် ကျွန်တော့်မှာ မြင့်မားတဲ့စံချိန်စံညွှန်းတွေ ရှိနေပါတယ်၊ အဲ့ဒါတွေ
ကို နေ့တိုင်း ကစားသမားတွေက ကွင်းထဲကို ယူဆောင်လာရပါမယ်။ ဒါက ကျွန်တော့်မှာ ရှိတဲ့ မျှော်
လင့်ချက်ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လူငယ္ၾကယ္ပြင့္ေလး ဟန္နီဘယ္ မတ္ဂ္်ဘရီအေနနဲ႔ ပထမအသင္း
ႀကီးမွာ ပါဝင္ရႏိုင္ေခ်ကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေပမယ့္၊ သူ႔ရဲ႕ စိတ္ဓါတ္ခံယူခ်က္ကေတာ့
နည္းျပ အဲရစ္ တန္ဟန႔္ ရွာေဖြေနတဲ့အရာမ်ိဳး ျဖစ္ပါတယ္။ ဟန္နီဘယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက
စီနီယာအသင္းမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး ခ်ီးက်ဳးသံေတြ ၾကားခဲ့ရေပမယ့္ဒီႏွစ္ေႏြရာသီ ေျခစမ္းပြဲေတြ
မွာေတာ့ သုံးပြဲမွာ ၇၇ မိနစ္သာ ကစားခဲ့ရပါတယ္။ ပရိသတ္ေတြကေတာ့ ဟန္နီဘယ္အေနနဲ႔ စီ
နီယာအသင္းမွာ ကစားရဖို႔ လုံေလာက္ေနၿပီလို႔ ယူဆထားၾကေပမယ့္၊ နည္းျပ တန္ဟန႔္ရဲ႕ အစီ
စဥ္ေတြမွာ ဟန္နီဘယ္ဟာ ပါဝင္ခြင့္ရဖို႔ မေသခ်ာေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တူနီး
ရွားလက္ေ႐ြးစင္က သူ႔ရဲ႕ စီနီယာပြဲထြက္ခြင့္နဲ႔ပတ္သက္ၿပီး ျပင္သစ္သတင္းဌာနကို အခုလိုပဲ ေျပာ
ခဲ့ပါတယ္။ “ ငါ ႀကိဳးစားဖို႔ လိုတယ္ဆိုၿပီး ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္အၿမဲေျပာပါတယ္။ ကြၽန္
ေတာ္က အရာအားလုံးသိမ္းပိုက္ဖို႔အတြက္ မန္ယူအသင္းဆီ လာခဲ့တာပါ၊ ကြၽန္ေတာ့္ရဲ႕ ကိုယ္
ေရးမွတ္တမ္းမွာ ‘ ကြၽန္ေတာ္ဟာ မန္ယူအတြက္ ကစားေပးခဲ့ပါတယ္ ’ ဆိုတဲ့ စာမ်ိဳး လိုခ်င္လို႔
လာခဲ့တာမဟုတ္ပါဘူး ”“ ပဲရစ္ၿမိဳ႕ရဲ႕ ရပ္ကြက္ထဲက လူငယ္တစ္ဦးက ဘာေတြ လုပ္ျပႏိုင္သလဲ
ဆိုတာ ကမာၻႀကီးကို သက္ေသျပဖို႔အတြက္ လာခဲ့တာပါ။ ယူႏိုက္တက္အသင္းမွာ ေအာင္ျမင္မႈ
ရဖို႔အတြက္ အရာအားလုံးကို ရင္းဖို႔ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနပါၿပီ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ဟန္နီဘယ္ရဲ႕ စိတ္ဓါတ္မ်ိဳးဟာ ၿပီးခဲ့တဲ့လတုန္းက ကစားသမားေတြဆီကေန သူ ဘာလိုခ်င္သ
လဲေျပာခဲ့တဲ့ တန္ဟန႔္ရဲ႕ စကားနဲ႔ ကိုက္ညီေနပါတယ္။ “ ကစားသမားတစ္ဦးကို ၾကည့္လိုက္ရင္
ကြၽန္ေတာ့္မွာ ေသခ်ာတဲ့ေတာင္းဆိုခ်က္ရွိပါတယ္။ သူတို႔မွာ လုပ္ႏိုင္စြမ္းေတြရွိရင္ ရင္းႏွီးျမႇဳပ္ႏွံ
ရမယ္ဆိုၿပီး ကြၽန္ေတာ္ ေျပာပါမယ္။ ဒါက လူတိုင္းကို ေျပာတာပါ။ သူတို႔ဆီကေန ဘာလိုခ်င္သ
လဲဆိုတာ ကစားသမားတိုင္းကို ကြၽန္ေတာ္ ေျပာပါမယ္။ ကြၽန္ေတာ္တို႔ဟာ မန္ယူအတြက္ ”“ က
စားေပးေနတာျဖစ္တာေၾကာင့္ ကြၽန္ေတာ့္မွာ ျမင့္မားတဲ့စံခ်ိန္စံၫႊန္းေတြ ရွိေနပါတယ္၊ အဲ့ဒါေတြ
ကို ေန႔တိုင္း ကစားသမားေတြက ကြင္းထဲကို ယူေဆာင္လာရပါမယ္။ ဒါက ကြၽန္ေတာ့္မွာ ရွိတဲ့ ေမွ်ာ္
လင့္ခ်က္ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။