ပွဲကြီးတွေဆို ‘ဒိုင်စား’အောင်လုပ်နေတဲ့ ‘ချင့်ယုံ’ဆရာကြီးအိုဝင်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ခန့်မှန်းချက်များ

အိုဝင်ကတော့ ပရီးမီးယားလိဂ်ပွဲကြီးတွေဆို ‘ဒိုင်စား’အောင်လို့ တမင်တကာများ တလွဲတွေခန့်မှန်းနေတာလားတော့မပြောတတ်ပါဘူး..ပြီးခဲ့တဲ့ပွဲစဉ်(၆)တုန်းက သူခန့်မှန်းတဲ့ပွဲကြီးတွေ တစ်ပွဲမှမမှန်ဘဲ အောက်အသင်းတွေအချင်းချင်းကစားတဲ့ပွဲတွေကျတော့ ပွဲရလဒ်ပါကွက်တိဖြစ်အောင် မှန်းခဲ့လို့ အိုဝင်ရဲ့ခန့်မှန်းချက်တွေကို ချင့်ချိန်ပြီးမှယုံရမယ့်အနေအထားပါပဲ။ ပွဲစဉ်(၆)တုန်းက ချယ်လ်ဆီး-မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်-ဗီလာ၊ ဘရန့်ဖို့ဒ်-လီဗာပူးလ်၊ အာဆင်နယ်-စပါး၊ လက်စတာ-ဘန်လေပွဲတွေမှာ အိုဝင်က အားရပါးရကို တလွဲတွေခန့်မှန်းခဲ့ပေမယ့် တခြားပွဲတွေမှာ သူမှန်းတာတွေအောင်ခဲ့တယ်။ အခုတစ်ပတ်ပွဲစဉ်(၇)အတွက် ဆရာကြီးအိုဝင်ရဲ့ခန့်မှန်းချက်တွေထွက်ပေါ်လာပြန်ပါပြီ။ ဒီနေ့ညနေအစောပိုင်းပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်-အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်းကို (၃-၁)ဂိုးနဲ့နိုင်မယ်လို့ အိုဝင်က ခန့်မှန်းလိုက်ပါတယ်။ သူက ယူနိုက်တက်အသင်းဟာ ဗီလာရီးယဲလ်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်တက်နေမယ်၊ ပြီးတော့ အဲဗာတန်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၂၀၁၃ ခုနှစ်ကတည်းက မနိုင်တော့လို့ ယူနိုက်တက်ပဲနိုင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဗာတန်ဆိုရင် ယူနိုက်တက်အသင်း အိမ်ကွင်း၊ အဝေးကွင်းမရွေး အသည်းအသန်ကစားရတာက ဖာဂီကြီးလက်ထက်ကတည်းကဆိုတော့ အိုဝင်ရဲ့ (၃-၁)ဂိုးရလဒ်ကဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပဲ။  ချယ်လ်ဆီးနဲ့ဆောက်သမ်တန်ပွဲမှာတော့ အိုဝင်က ချယ်လ်ဆီး(၃-၀)ဂိုးပြတ်နိုင်မယ်လို့ ပြတ်ပြတ်သားသားရွေးချယ်ထားတယ်။ ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက်ရှုံးခဲ့ပေမယ့် အခုပွဲမှာ ဆောက်သမ်တန်ကို မဖြစ်မနေအနိုင်ယူရမှာရယ်၊ အိမ်ကွင်းလည်းဖြစ်နေတာရယ်ကြောင့် အိုဝင်နဲ့အတူရပ်တည်လိုက်ပါတယ်။

ထူးခြားတာက ဘရိုက်တန်-အာဆင်နယ်ပွဲအတွက် ခန့်မှန်းချက်ပါပဲ။ အာဆင်နယ်အသင်း တောက်လျှောက်ခြေမှန်နေပြီးတော့ (၃)ပွဲဆက်အနိုင်ကစားခဲ့ပေမယ့် အိုဝင်က အခုပွဲမှာ အာဆင်နယ်ကို ငြင်းပယ်ထားပြီး သရေတောင်မပေးဘဲ (၂-၁)ဂိုးနဲ့ရှုံးမယ်လို့ ရဲရဲဝံ့ဝံ့ခန့်မှန်းလိုက်တယ်။ အခုလောလောဆယ် ဘရိုက်တန်က အံ့အားသင့်စရာကောင်းအောင် မန်စီးတီး၊ ချယ်လ်ဆီး၊ ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ (၁၃)မှတ်တူ၊ ထိပ်ဆုံးက လီဗာပူးလ်နဲ့တစ်မှတ်သာကွာတဲ့အနေအထားမှာရှိနေပြီး အာဆင်နယ်အသင်းထက်လည်း ရပ်တည်မှုပိုကောင်းနေတယ်။ ဘရိုက်တန် အိမ်ကွင်းခြေစွမ်းမာကျောတာကို သတိပြုရမှာဖြစ်ပေမယ့် အာဆင်နယ်ကလည်း သူတို့ရဲ့အခါးသီးဆုံးလန်ဒန်ပြိုင်ဘက် စပါးကို အနိုင်ယူခဲ့တာအပါအဝင် နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်တက်နေတဲ့အနေအထားပါပဲ။ ဘရိုက်တန်ကို ကြိုက်မိပေမယ့် အိုဝင် ခန့်မှန်းသလို အနိုင်ရလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ပဲထင်ပါတယ်။ စပါး-ဗီလာပွဲမှာတော့ အိုဝင်က စပါးအသင်းကို အနိုင်ပေးတိုင်း ‘စပါးတွေရေနစ်’သွားလေ့ရှိလို့ ဒီတစ်ခါမှာတော့ (၁-၁)ဂိုးနဲ့သရေကျမယ်လို့ဆိုပါတယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ခြေစွမ်းအရလည်း ဒီရလဒ်က မျှတတယ်လို့ပဲပြောရမယ်။ ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ လီဗာပူးလ်-မန်စီးတီးပွဲမှာ အိုဝင်က ကြိုးကြာတောင်ပံခတ်သံကြားရမယ်လို့ ယုံကြည်နေပြီး လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ပေးထားပါတယ်။ ဒီလိုပွဲမျိုးကတော့ ခန့်မှန်းရခက်လို့ ကိုယ့်အမြင်ကို မပြောတော့ဘဲ အိုဝင်ရဲ့ခန့်မှန်းချက်မှန်မလားဆိုတာပဲစောင့်ကြည့်ရတော့မှာပဲ။ ပရိသတ်ကြီးရေ .. ဆရာကြီးအိုဝင်ကတော့ ပွဲစဉ်(၇)အတွက် ခန့်မှန်းချက်တွေလုပ်လိုက်ပါပြီ။ ပွဲကြီးတွေဆို ‘ထိုးသား’တွေကို ဒုက္ခပေးလေ့ရှိတာကြောင့် အိုဝင်ရဲ့ ပွဲကြီးခန့်မှန်းချက်တွေကို ချင့်ချိန်ပြီးမှယုံရမှာဖြစ်ပေမယ့် ပွဲသေးတွေမှာတော့ အိုဝင်နဲ့အတူ ရပ်တည်တာပိုကောင်းမယ်လို့ပြောရမှာဖြစ်ပါကြောင်း . . . .

ပရီးမီးယားလိဂ်ပွဲစဉ်(၇)အတွက် အိုဝင်ရဲ့ခန့်မှန်းချက်များ

Manchester United v Everton (Manchester United to win 3-1)

Chelsea v Southampton (Chelsea to win 3-0)
Wolves v Newcastle United (Wolves to win 1-0)
Burnley v Norwich City (Burnley to win 2-0)
Leeds United v Watford (Leeds to win 2-1)
Brighton v Arsenal (Brighton to win 2-1)

Tottenham Hotspur v Aston Villa (The match to end in a 1-1 draw)
West Ham United v Brentford (West Ham to win 2-1)
Crystal Palace v Leicester City (Leicester City to win 2-1)
Liverpool v Manchester City (Liverpool to win 2-1)

zawgyi

ပြဲႀကီးေတြဆို ‘ဒိုင္စား’ေအာင္လုပ္ေနတဲ့ ‘ခ်င့္ယုံ’ဆရာႀကီးအိုဝင္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၇)ခန႔္မွန္းခ်က္မ်ား

အိုဝင္ကေတာ့ ပရီးမီးယားလိဂ္ပြဲႀကီးေတြဆို ‘ဒိုင္စား’ေအာင္လို႔ တမင္တကာမ်ား တလြဲေတြခန႔္မွန္းေနတာလားေတာ့မေျပာတတ္ပါဘူး..ၿပီးခဲ့တဲ့ပြဲစဥ္(၆)တုန္းက သူခန႔္မွန္းတဲ့ပြဲႀကီးေတြ တစ္ပြဲမွမမွန္ဘဲ ေအာက္အသင္းေတြအခ်င္းခ်င္းကစားတဲ့ပြဲေတြက်ေတာ့ ပြဲရလဒ္ပါကြက္တိျဖစ္ေအာင္ မွန္းခဲ့လို႔ အိုဝင္ရဲ႕ခန႔္မွန္းခ်က္ေတြကို ခ်င့္ခ်ိန္ၿပီးမွယုံရမယ့္အေနအထားပါပဲ။ ပြဲစဥ္(၆)တုန္းက ခ်ယ္လ္ဆီး-မန္စီးတီး၊ မန္ခ်က္စတာယူႏိုက္တက္-ဗီလာ၊ ဘရန႔္ဖို႔ဒ္-လီဗာပူးလ္၊ အာဆင္နယ္-စပါး၊ လက္စတာ-ဘန္ေလပြဲေတြမွာ အိုဝင္က အားရပါးရကို တလြဲေတြခန႔္မွန္းခဲ့ေပမယ့္ တျခားပြဲေတြမွာ သူမွန္းတာေတြေအာင္ခဲ့တယ္။ အခုတစ္ပတ္ပြဲစဥ္(၇)အတြက္ ဆရာႀကီးအိုဝင္ရဲ႕ခန႔္မွန္းခ်က္ေတြထြက္ေပၚလာျပန္ပါၿပီ။ ဒီေန႔ညေနအေစာပိုင္းပြဲျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္-အဲဗာတန္ပြဲမွာ အိမ္ရွင္အသင္းကို (၃-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ အိုဝင္က ခန႔္မွန္းလိုက္ပါတယ္။ သူက ယူႏိုက္တက္အသင္းဟာ ဗီလာရီးယဲလ္ကို အႏိုင္ရခဲ့လို႔ စိတ္ဓာတ္တက္ေနမယ္၊ ၿပီးေတာ့ အဲဗာတန္ကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္ကို ၂၀၁၃ ခုႏွစ္ကတည္းက မႏိုင္ေတာ့လို႔ ယူႏိုက္တက္ပဲႏိုင္သြားမယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အဲဗာတန္ဆိုရင္ ယူႏိုက္တက္အသင္း အိမ္ကြင္း၊ အေဝးကြင္းမေ႐ြး အသည္းအသန္ကစားရတာက ဖာဂီႀကီးလက္ထက္ကတည္းကဆိုေတာ့ အိုဝင္ရဲ႕ (၃-၁)ဂိုးရလဒ္ကျဖစ္ႏိုင္ပါ့မလားဆိုတာ စဥ္းစားစရာပဲ။ ဒီပြဲမွာေတာ့ အိုဝင္နဲ႔ဆန႔္က်င္ဘက္မွာေနခ်င္ၿပီး ယူႏိုက္တက္ဘက္မွာ အႏိုင္ခပ္ပါးပါးသာရွိတာေၾကာင့္ အဲဗာတန္ကို ပိုႀကိဳက္မိပါတယ္။ ခ်ယ္လ္ဆီးနဲ႔ေဆာက္သမ္တန္ပြဲမွာေတာ့ အိုဝင္က ခ်ယ္လ္ဆီး(၃-၀)ဂိုးျပတ္ႏိုင္မယ္လို႔ ျပတ္ျပတ္သားသားေ႐ြးခ်ယ္ထားတယ္။ ခ်ယ္လ္ဆီးတို႔ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ႏွစ္ပြဲဆက္တိုက္ရႈံးခဲ့ေပမယ့္ အခုပြဲမွာ ေဆာက္သမ္တန္ကို မျဖစ္မေနအႏိုင္ယူရမွာရယ္၊ အိမ္ကြင္းလည္းျဖစ္ေနတာရယ္ေၾကာင့္ အိုဝင္နဲ႔အတူရပ္တည္လိုက္ပါတယ္။

ထူးျခားတာက ဘ႐ိုက္တန္-အာဆင္နယ္ပြဲအတြက္ ခန႔္မွန္းခ်က္ပါပဲ။ အာဆင္နယ္အသင္း ေတာက္ေလွ်ာက္ေျခမွန္ေနၿပီးေတာ့ (၃)ပြဲဆက္အႏိုင္ကစားခဲ့ေပမယ့္ အိုဝင္က အခုပြဲမွာ အာဆင္နယ္ကို ျငင္းပယ္ထားၿပီး သေရေတာင္မေပးဘဲ (၂-၁)ဂိုးနဲ႔ရႈံးမယ္လို႔ ရဲရဲဝံ့ဝံ့ခန႔္မွန္းလိုက္တယ္။ အခုေလာေလာဆယ္ ဘ႐ိုက္တန္က အံ့အားသင့္စရာေကာင္းေအာင္ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ယူႏိုက္တက္၊ အဲဗာတန္တို႔နဲ႔ (၁၃)မွတ္တူ၊ ထိပ္ဆုံးက လီဗာပူးလ္နဲ႔တစ္မွတ္သာကြာတဲ့အေနအထားမွာရွိေနၿပီး အာဆင္နယ္အသင္းထက္လည္း ရပ္တည္မႈပိုေကာင္းေနတယ္။ ဘ႐ိုက္တန္ အိမ္ကြင္းေျခစြမ္းမာေက်ာတာကို သတိျပဳရမွာျဖစ္ေပမယ့္ အာဆင္နယ္ကလည္း သူတို႔ရဲ႕အခါးသီးဆုံးလန္ဒန္ၿပိဳင္ဘက္ စပါးကို အႏိုင္ယူခဲ့တာအပါအဝင္ ႏိုင္ပြဲဆက္ေနလို႔ စိတ္ဓာတ္တက္ေနတဲ့အေနအထားပါပဲ။ ဘ႐ိုက္တန္ကို ႀကိဳက္မိေပမယ့္ အိုဝင္ ခန႔္မွန္းသလို အႏိုင္ရေလာက္တဲ့အထိေတာ့ မျဖစ္ႏိုင္ဘူးလို႔ပဲထင္ပါတယ္။ စပါး-ဗီလာပြဲမွာေတာ့ အိုဝင္က စပါးအသင္းကို အႏိုင္ေပးတိုင္း ‘စပါးေတြေရနစ္’သြားေလ့ရွိလို႔ ဒီတစ္ခါမွာေတာ့ (၁-၁)ဂိုးနဲ႔သေရက်မယ္လို႔ဆိုပါတယ္။ လက္ရွိ ဒီႏွစ္သင္းရဲ႕ေျခစြမ္းအရလည္း ဒီရလဒ္က မွ်တတယ္လို႔ပဲေျပာရမယ္။ ဒီတစ္ပတ္ပရီးမီးယားလိဂ္ရဲ႕ ပြဲႀကီးပြဲေကာင္းျဖစ္တဲ့ လီဗာပူးလ္-မန္စီးတီးပြဲမွာ အိုဝင္က ႀကိဳးၾကာေတာင္ပံခတ္သံၾကားရမယ္လို႔ ယုံၾကည္ေနၿပီး လီဗာပူးလ္ကို (၂-၁)ဂိုးနဲ႔ အႏိုင္ေပးထားပါတယ္။ ဒီလိုပြဲမ်ိဳးကေတာ့ ခန႔္မွန္းရခက္လို႔ ကိုယ့္အျမင္ကို မေျပာေတာ့ဘဲ အိုဝင္ရဲ႕ခန႔္မွန္းခ်က္မွန္မလားဆိုတာပဲေစာင့္ၾကည့္ရေတာ့မွာပဲ။ ပရိသတ္ႀကီးေရ .. ဆရာႀကီးအိုဝင္ကေတာ့ ပြဲစဥ္(၇)အတြက္ ခန႔္မွန္းခ်က္ေတြလုပ္လိုက္ပါၿပီ။ ပြဲႀကီးေတြဆို ‘ထိုးသား’ေတြကို ဒုကၡေပးေလ့ရွိတာေၾကာင့္ အိုဝင္ရဲ႕ ပြဲႀကီးခန႔္မွန္းခ်က္ေတြကို ခ်င့္ခ်ိန္ၿပီးမွယုံရမွာျဖစ္ေပမယ့္ ပြဲေသးေတြမွာေတာ့ အိုဝင္နဲ႔အတူ ရပ္တည္တာပိုေကာင္းမယ္လို႔ေျပာရမွာျဖစ္ပါေၾကာင္း . . . .

ပရီးမီးယားလိဂ္ပြဲစဥ္(၇)အတြက္ အိုဝင္ရဲ႕ခန႔္မွန္းခ်က္မ်ား

Manchester United v Everton (Manchester United to win 3-1)

Chelsea v Southampton (Chelsea to win 3-0)

Wolves v Newcastle United (Wolves to win 1-0)

Burnley v Norwich City (Burnley to win 2-0)

Leeds United v Watford (Leeds to win 2-1)

Brighton v Arsenal (Brighton to win 2-1)

Tottenham Hotspur v Aston Villa (The match to end in a 1-1 draw)

West Ham United v Brentford (West Ham to win 2-1)

Crystal Palace v Leicester City (Leicester City to win 2-1)

Liverpool v Manchester City (Liverpool to win 2-1)