ပြောင်းရွှေ့ကြေး ယူရို၇၇သန်းဖြင့် ဂျူဗီနောက်ခံလူကို ငါးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်ဟာဂျူဗင်တပ်မှနယ်သာလန်နောက်ခံလူမားသီးယပ်စ်ဒီလက်ကိုပြောင်းရွှေ့ကြေး

ယူရို၇၇သန်း(ပေါင်၆၅.၆သန်း)ဖြင့်ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ဒီလက်ဟာ၂၀၁၉ခု

နှစ်၊ဇူလိုင်လတုန်းကအေဂျက်စ်မှငါးနှစ်စာချုပ်ဖြင့်ဂျူဗင်တပ်သို့ရောက်လာသူဖြစ်ပြီးဂျူဗင်တပ်

တွင်သုံးရာသီကြာကစားခဲ့ပါတယ်။အသက်၂၂နှစ်ရှိဒီလက်ဟာတူရင်တွင်ရှိနေစဉ်အတွင်း၁၁၇ပွဲ

ကစားကာ စီးရီးအေဖလား၁ကြိမ်နှင့်ကိုပါအီတာလီယာဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒီလက်

ဟာဘိုင်ယန်မြူးနစ်သို့ပေါင်၆၅.၆သန်းဖြင့်ပြောင်းရွှေ့မှုနဲ့အတူဘိုင်ယန်မြူးနစ်သမိုင်းတွင်ဒု

တိယပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာပါတယ်။ဘိုင်ယန်မြူးနစ်သမိုင်းတွင်ပြောင်းရွှေ့

ကြေးအများဆုံးကစားသမားအဖြစ်၂၀၁၉ခုနှစ်တုန်းကအက်သလက်တီကိုနောက်ခံလူလူးကပ်စ်

ဟာနန်ဒက်ဇ်ကိုပေါင်၆၈သန်းဖြင့်ခေါ်ယူမှုဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ဟာယခုနွေရာသီတွင်အေ

ဂျက်စ်မှအလယ်တန်းကစားသမားရိုင်ယန်ဂရာဗန်ဘတ်ချ်၊လီဗာပူးစတာဆာဒေယိုမာနေး၊အေ

ဂျက်စ်ညာနောက်ခံလူနူဆေးမာဆာဝီတို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။

ဘိုင္ယန္ျမဴးနစ္ဟာဂ်ဴဗင္တပ္မွနယ္သာလန္ေနာက္ခံလူမားသီးယပ္စ္ဒီလက္ကိုေျပာင္းေ႐ႊ႕ေၾကး

ယူ႐ို၇၇သန္း(ေပါင္၆၅.၆သန္း)ျဖင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္ပါတယ္။ဒီလက္ဟာ၂၀၁၉ခု

ႏွစ္၊ဇူလိုင္လတုန္းကေအဂ်က္စ္မွငါးႏွစ္စာခ်ဳပ္ျဖင့္ဂ်ဴဗင္တပ္သို႔ေရာက္လာသူျဖစ္ၿပီးဂ်ဴဗင္တပ္

တြင္သုံးရာသီၾကာကစားခဲ့ပါတယ္။အသက္၂၂ႏွစ္ရွိဒီလက္ဟာတူရင္တြင္ရွိေနစဥ္အတြင္း၁၁၇ပြဲ

ကစားကာ စီးရီးေအဖလား၁ႀကိမ္ႏွင့္ကိုပါအီတာလီယာဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒီလက္

ဟာဘိုင္ယန္ျမဴးနစ္သို႔ေပါင္၆၅.၆သန္းျဖင့္ေျပာင္းေ႐ႊ႕မႈနဲ႔အတူဘိုင္ယန္ျမဴးနစ္သမိုင္းတြင္ဒု

တိယေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္လာပါတယ္။ဘိုင္ယန္ျမဴးနစ္သမိုင္းတြင္ေျပာင္းေ႐ႊ႕

ေၾကးအမ်ားဆုံးကစားသမားအျဖစ္၂၀၁၉ခုႏွစ္တုန္းကအက္သလက္တီကိုေနာက္ခံလူလူးကပ္စ္

ဟာနန္ဒက္ဇ္ကိုေပါင္၆၈သန္းျဖင့္ေခၚယူမႈျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ဟာယခုေႏြရာသီတြင္ေအ

ဂ်က္စ္မွအလယ္တန္းကစားသမား႐ိုင္ယန္ဂရာဗန္ဘတ္ခ်္၊လီဗာပူးစတာဆာေဒယိုမာေနး၊ေအ

ဂ်က္စ္ညာေနာက္ခံလူႏူေဆးမာဆာဝီတို႔ကိုေခၚယူထားၿပီးျဖစ္ပါတယ္။