ပြောင်းရမယ်ဆိုတောင် မန်ချက်စတာကိုမကြိုက်တာကြောင့် ပြိုင်ဘက်အသင်းကိုသာရွေးချယ်မယ်လို့ အသံထွက်လာပြန်တဲ့ ဒီဂျောင်

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယောင်းဟာ မန်ချက်စတာမြို့ကို မကြိုက်

တာကြောင့်မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားခြင်းရှိမနေဘူးလို့ သိရပြီး မန်ယူအ

သင်းဟာ မှားယွင်းစွာ လည်ပတ်နေတယ်လို့ ယူဆနေကြောင်း စပိန်မှာ ရှိတဲ့ သတင်းဌာနတစ်ခု

ရဲ့ ဖော်ပြချက်အသစ်မှာ ပါရှိလာပါတယ်။ ယူနိုက်တက်အသင်းဟာဒီယောင်းအတွက် ဘာစီလိုနာ

အသင်းနဲ့ ပေါင် ၇၁.၅ သန်းနဲ့ သဘောတူညီမှုရရှိထားခဲ့ပြီး ဖြစ်ပေမယ့်၊ ဘာစီလိုနာဘက်က က

စားသမားဖြစ်သူအပေါ် ပေးရန်ကျန်ရှိနေတဲ့ လစာအကြွေးတွေနဲ့ ဘောနပ်စ်တွေက ပေါင် ၁၇

သန်းလောက်ရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်ရန် ကြန့်ကြာနေပါတယ်။ အခုချိန်မှာတော့

စပိန်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့Sport က ဒီယောင်းဟာ အိုးထရက်ဖို့ဒ်ဆီကို ပြောင်းဖို့

လုံးဝစိတ်ဝင်စားခြင်းရှိမနေကြောင်းနဲ့ ဘာစီလိုနာကနေ ထွက်ပြီး ပရီးမီးယလိဂ်ဆီ မဖြစ်မနေ

ပြောင်းရွှေ့ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းကိုသာ ပိုမိုပြောင်းချင်နေကြောင်း ဖော်ပြလာပါတယ်။

ဒီယောင်းဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ မထွက်ချင်ပေ

မယ့်၊ ဘာကာဘက်ကရောဘတ် လီဝန်ဒေါ့စကီး၊ ရာဖင်ညာ၊ ဖရန့် ကတ်စ်စီနဲ့ အန်းဒရေ့စ် ခရစ္စ

စတန်ဆန်တို့ကို ခေါ်ယူထားတာကြောင့် လာလီဂါက ချမှတ်ထားတဲ့ စည်းမျည်းတွေနဲ့ ညီစေရန်

ဒီယောင်းကို မဖြစ်မနေရောင်းချသွားဖို့ လိုတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီယောင်းဟာ မန်

ချက်စတာမြို့ကို မကြိုက်နှစ်သက်တာ၊ မန်ယူအသင်းရဲ့ အုပ်ချုပ်ရေးပိုင်းကို သဘောမကျတာနဲ့

နောက်ရာသီမှာ ချန်ပီယံလိဂ်မကစားရမာတို့ကြောင့် ပြောင်းရွှေ့ဖို့ စိတ်မပါဖြစ်နေပါတယ်။ ဒါပေ

မယ့် ဒီယောင်းနဲ့ သူ့ရဲ့ ဇနီးလောင်း မစ်ကီ ကီအမ်မီနီတို့ဟာ လန်ဒန်မြို့ကိုတော့ ဆွဲဆောင်မှုအ

လွန်ရှိတဲ့ မြို့အဖြစ် မြင်နေပါတယ်။ ချယ်လ်ဆီးအသင်းအပြင် မကြာသေးမီက သူငယ်ချင်းဖြစ်သူ

ဒီလစ်ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ဒီ‌ယောင်း ပြောင်းရွှေ့ချင်နေတဲ့ အ

သင်းတွေထဲမှာ ပါနေပါတယ်။

ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစားသမား ဖရန္ကီ ဒီေယာင္းဟာ မန္ခ်က္စတာၿမိဳ႕ကို မႀကိဳက္

တာေၾကာင့္မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ စိတ္ဝင္စားျခင္းရွိမေနဘူးလို႔ သိရၿပီး မန္ယူအ

သင္းဟာ မွားယြင္းစြာ လည္ပတ္ေနတယ္လို႔ ယူဆေနေၾကာင္း စပိန္မွာ ရွိတဲ့ သတင္းဌာနတစ္ခု

ရဲ႕ ေဖာ္ျပခ်က္အသစ္မွာ ပါရွိလာပါတယ္။ ယူႏိုက္တက္အသင္းဟာဒီေယာင္းအတြက္ ဘာစီလိုနာ

အသင္းနဲ႔ ေပါင္ ၇၁.၅ သန္းနဲ႔ သေဘာတူညီမႈရရွိထားခဲ့ၿပီး ျဖစ္ေပမယ့္၊ ဘာစီလိုနာဘက္က က

စားသမားျဖစ္သူအေပၚ ေပးရန္က်န္ရွိေနတဲ့ လစာအေႂကြးေတြနဲ႔ ေဘာနပ္စ္ေတြက ေပါင္ ၁၇

သန္းေလာက္ရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ေပၚရန္ ၾကန႔္ၾကာေနပါတယ္။ အခုခ်ိန္မွာေတာ့

စပိန္အားကစားသတင္းဌာနတစ္ခုျဖစ္တဲ့Sport က ဒီေယာင္းဟာ အိုးထရက္ဖို႔ဒ္ဆီကို ေျပာင္းဖို႔

လုံးဝစိတ္ဝင္စားျခင္းရွိမေနေၾကာင္းနဲ႔ ဘာစီလိုနာကေန ထြက္ၿပီး ပရီးမီးယလိဂ္ဆီ မျဖစ္မေန

ေျပာင္းေ႐ႊ႕ရမယ္ဆိုရင္ ခ်ယ္လ္ဆီးအသင္းကိုသာ ပိုမိုေျပာင္းခ်င္ေနေၾကာင္း ေဖာ္ျပလာပါတယ္။

ဒီေယာင္းဟာ သူ႔ရဲ႕ ငယ္ဘဝအိပ္မက္အသင္းျဖစ္တဲ့ ဘာစီလိုနာအသင္းကေန မထြက္ခ်င္ေပ

မယ့္၊ ဘာကာဘက္ကေရာဘတ္ လီဝန္ေဒါ့စကီး၊ ရာဖင္ညာ၊ ဖရန႔္ ကတ္စ္စီနဲ႔ အန္းဒေရ႕စ္ ခရစၥ

စတန္ဆန္တို႔ကို ေခၚယူထားတာေၾကာင့္ လာလီဂါက ခ်မွတ္ထားတဲ့ စည္းမ်ည္းေတြနဲ႔ ညီေစရန္

ဒီေယာင္းကို မျဖစ္မေနေရာင္းခ်သြားဖို႔ လိုတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေယာင္းဟာ မန္

ခ်က္စတာၿမိဳ႕ကို မႀကိဳက္ႏွစ္သက္တာ၊ မန္ယူအသင္းရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းကို သေဘာမက်တာနဲ႔

ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္မကစားရမာတို႔ေၾကာင့္ ေျပာင္းေ႐ႊ႕ဖို႔ စိတ္မပါျဖစ္ေနပါတယ္။ ဒါေပ

မယ့္ ဒီေယာင္းနဲ႔ သူ႔ရဲ႕ ဇနီးေလာင္း မစ္ကီ ကီအမ္မီနီတို႔ဟာ လန္ဒန္ၿမိဳ႕ကိုေတာ့ ဆြဲေဆာင္မႈအ

လြန္ရွိတဲ့ ၿမိဳ႕အျဖစ္ ျမင္ေနပါတယ္။ ခ်ယ္လ္ဆီးအသင္းအျပင္ မၾကာေသးမီက သူငယ္ခ်င္းျဖစ္သူ

ဒီလစ္ေျပာင္းေ႐ႊ႕သြားတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာလည္း ဒီ‌ေယာင္း ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ အ

သင္းေတြထဲမွာ ပါေနပါတယ္။