ပြီးခဲ့တဲ့ရာသီက အဆိုးရွားဆုံးအပြောင်းအရွှေ့ကို ချဲလ်ဆီးကလုပ်ဆောင်ခဲ့ကြောင်းပြောလာတဲ့ ဂျေမီအိုဟာရာ

 

တော့တင်ဟန်ဟော့စပါးရဲ့ ကစားသမားဟောင်းဖြစ်သူ ဂျေမီ အိုဟာရာက ပြီးခဲ့တဲ့နွေရာသီ

‌ဈေးကွက်တုန်းက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၉၇.၅ သန်းနဲ့ ချယ်လ်ဆီးအသင်းဆီကို ပြန်

လာခဲ့တဲ့ တိုက်စစ်ကစားသမားဖြစ်သူ ရိုမဲလု လူကာကူးရဲ့ အပြောင်းအရွှေ့ဟာ ပရီးမီးယား

လိဂ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ပြောလာပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြသော

မတ်စ် တူချယ်ဟာ လူကာကူးကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပြီးနောက် ကလပ်အသင်းစံချိန်တင်ကြေး

နဲ့ အသင်းဘက်က ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ လူကာကူးဟာ ပထမလေးပွဲမှာ လေးဂိုးသွင်

းခဲ့ပေမယ့်လည်း အဲ့ဒီနောက်မှာတော့ ခြေစွမ်းပိုင်းက သိသိသာသာထိုးကျသွားခဲ့ပြီး ပရီးမီး

ယားလိဂ်မှာ တစ်ရာသီလုံး သွင်းဂိုးက ၈ ဂိုးသာ သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ထို့ကြောင့် အိုဟာ

 

ရာက လူကာကူးရဲ့ အပြောင်းအရွှေ့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့

ခေါင်းစဉ်တပ်လိုက်ပါတယ်။ လက်ရှိမှာ လူကာကူးဟာ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်

ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တာကြောင့် အိုဟာရာက တူချယ်အနေ

နဲ့ လူကာကူးကို စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ဆက်ထားဖို့အတွက် ပိုပြီးတော့ကြိုးစားသင့်ကြောင်း

ဆိုခဲ့ပါတယ်။ “ အဲ့ဒါက အတော်လေး အံ့အားသင့်စေတဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။ ပရီးမီ

ယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးတောင် ဖြစ်နိုင်ပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းမှာ တစ်

နှစ်ပြည့်အောင်တောင် မနေရသေးပဲ၊ သူ့အတွက် ပေါင် သန်း ၁၀၀ တောင် ပေးခဲ့ရတယ်၊ ဒါ

က ရယ်စရာကောင်းပါတယ်။ ကျွန်တော်သာဆိုရင်တော့ သူ့ကို အသင်းမှာ ”“ ဆက်ထားမာ

ပါ။ ကျွန်တော်သာဆိုရင်တော့ သူ့ကို ဖက်ပြီး ‘ ငါတို့ လူကာကူးရဲ့ အကောင်းဆုံးပုံစံကို လိုအပ်

 

တယ်၊ ဒါဟာ လူသစ်တွေနဲ့အတူ ‌ခေတ်သစ်ဖြစ်တယ် ’ လို့ ပြောမာပါ။ သောမတ်စ် တူချယ်အ

နေနဲ့ သူ့ကို ဆက်ထားနိုင်ဖို့အတွက် ပိုပြီးတော့ ကြိုးစားခဲ့သင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင်

ချယ်လ်ဆီးမှာ ရီးစ်ဂျိန်းစ်၊ ဘန်ချီဝဲလ်တို့ ရှိခဲ့တယ်၊ ဒီတော့ သူက ”“ သူတို့အတွက် ကြီးမား

တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာ သူဟာ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဆုံ

းရှုံးသွားတယ်၊ နည်းပြကလည်း သူ့အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတယ်၊ ဒီတော့ သူတို့

အနေနဲ့ သံယောဇဉ်ဖြတ်လိုက်ကြပြီး ရှေ့ဆက်သွားကြတယ် ထင်ပါတယ် ” လို့ ပြောဆိုခဲ့ပါ

တယ်။ လူကာကူးဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၁၅ ဂိုးသာ သွင်းနိုင်ခဲ့ပြီး၊ သွင်းဂိုး ၁ ဂိုး

စီအတွက် ချယ်ဆီးအသင်းကို ပေါင် ၆.၅ သန်း ကုန်ကျစေခဲ့ပါတယ်။

ေတာ့တင္ဟန္ေဟာ့စပါးရဲ႕ ကစားသမားေဟာင္းျဖစ္သူ ေဂ်မီ အိုဟာရာက ၿပီးခဲ့တဲ့ေႏြရာသီ

‌ေဈးကြက္တုန္းက ေျပာင္းေ႐ႊ႕ေၾကးပမာဏ ေပါင္ ၉၇.၅ သန္းနဲ႔ ခ်ယ္လ္ဆီးအသင္းဆီကို ျပန္

လာခဲ့တဲ့ တိုက္စစ္ကစားသမားျဖစ္သူ ႐ိုမဲလု လူကာကူးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ပရီးမီးယား

လိဂ္သမိုင္းမွာ အဆိုး႐ြားဆုံးျဖစ္တယ္လို႔ ေျပာလာပါတယ္။ ခ်ယ္လ္ဆီးအသင္းနည္းျပေသာ

မတ္စ္ တူခ်ယ္ဟာ လူကာကူးကို ေခၚယူဖို႔ ဆႏၵရွိခဲ့ၿပီးေနာက္ ကလပ္အသင္းစံခ်ိန္တင္ေၾကး

နဲ႔ အသင္းဘက္က ေခၚယူေပးခဲ့တာ ျဖစ္ပါတယ္။ လူကာကူးဟာ ပထမေလးပြဲမွာ ေလးဂိုးသြင္

းခဲ့ေပမယ့္လည္း အဲ့ဒီေနာက္မွာေတာ့ ေျခစြမ္းပိုင္းက သိသိသာသာထိုးက်သြားခဲ့ၿပီး ပရီးမီး

ယားလိဂ္မွာ တစ္ရာသီလုံး သြင္းဂိုးက ၈ ဂိုးသာ သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ထို႔ေၾကာင့္ အိုဟာ

ရာက လူကာကူးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုး႐ြားဆုံးျဖစ္တယ္လို႔

ေခါင္းစဥ္တပ္လိုက္ပါတယ္။ လက္ရွိမွာ လူကာကူးဟာ သူ႔ရဲ႕ အသင္းေဟာင္း အင္တာမီလန္

ကို အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့တာေၾကာင့္ အိုဟာရာက တူခ်ယ္အေန

နဲ႔ လူကာကူးကို စတန္းဖို႔ဒ္ဘရစ္ဂ္်မွာ ဆက္ထားဖို႔အတြက္ ပိုၿပီးေတာ့ႀကိဳးစားသင့္ေၾကာင္း

ဆိုခဲ့ပါတယ္။ “ အဲ့ဒါက အေတာ္ေလး အံ့အားသင့္ေစတဲ့ အေျပာင္းအေ႐ႊ႕ ျဖစ္ပါတယ္။ ပရီးမီ

ယားလိဂ္သမိုင္းမွာ အဆိုး႐ြားဆုံးေတာင္ ျဖစ္ႏိုင္ပါတယ္။ သူဟာ ခ်ယ္လ္ဆီးအသင္းမွာ တစ္

ႏွစ္ျပည့္ေအာင္ေတာင္ မေနရေသးပဲ၊ သူ႔အတြက္ ေပါင္ သန္း ၁၀၀ ေတာင္ ေပးခဲ့ရတယ္၊ ဒါ

က ရယ္စရာေကာင္းပါတယ္။ ကြၽန္ေတာ္သာဆိုရင္ေတာ့ သူ႔ကို အသင္းမွာ ”“ ဆက္ထားမာ

ပါ။ ကြၽန္ေတာ္သာဆိုရင္ေတာ့ သူ႔ကို ဖက္ၿပီး ‘ ငါတို႔ လူကာကူးရဲ႕ အေကာင္းဆုံးပုံစံကို လိုအပ္

တယ္၊ ဒါဟာ လူသစ္ေတြနဲ႔အတူ ‌ေခတ္သစ္ျဖစ္တယ္ ’ လို႔ ေျပာမာပါ။ ေသာမတ္စ္ တူခ်ယ္အ

ေနနဲ႔ သူ႔ကို ဆက္ထားႏိုင္ဖို႔အတြက္ ပိုၿပီးေတာ့ ႀကိဳးစားခဲ့သင့္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကဆိုရင္

ခ်ယ္လ္ဆီးမွာ ရီးစ္ဂ်ိန္းစ္၊ ဘန္ခ်ီဝဲလ္တို႔ ရွိခဲ့တယ္၊ ဒီေတာ့ သူက ”“ သူတို႔အတြက္ ႀကီးမား

တဲ့ကစားသမားျဖစ္ခဲ့ပါတယ္။ အဆုံးသတ္မွာ သူဟာ သူ႔ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈကို ဆုံ

းရႈံးသြားတယ္၊ နည္းျပကလည္း သူ႔အေပၚ ယုံၾကည္မႈ ေပ်ာက္ဆုံးသြားတယ္၊ ဒီေတာ့ သူတို႔

အေနနဲ႔ သံေယာဇဥ္ျဖတ္လိုက္ၾကၿပီး ေရွ႕ဆက္သြားၾကတယ္ ထင္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါ

တယ္။ လူကာကူးဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၄၄ ပြဲမွာ ၁၅ ဂိုးသာ သြင္းႏိုင္ခဲ့ၿပီး၊ သြင္းဂိုး ၁ ဂိုး

စီအတြက္ ခ်ယ္ဆီးအသင္းကို ေပါင္ ၆.၅ သန္း ကုန္က်ေစခဲ့ပါတယ္။