ပြိုင်ဘက်နည်းပြအဖြစ်နဲ့ပြန်လာမဲ့ မန်စီးတီးရဲ့အကြီးကျယ်ဆုံးဂန္ထဝင်ကို ကြိုဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားလာတဲ့ ဂွါဒီယိုလာ
ဂွါဒီယိုလာကဘန်လေနည်းပြဗင်းဆင့်ကွန်ပနီမှာမန်စီးတီးရဲ့အကြီးကျယ်ဆုံးဂန္ထဝင်များထဲမှတစ်ဦးဖြစ်ပြီး
အီတီဟတ်ကွင်းတွင်ကြိုဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။ပရီးမီးယားလိဂ်ချန်ပီ
ယံမန်စီးတီးဟာယနေ့ညတွင်ချန်ပီယံရှစ်ချန်ပီယံဆုအတွက်အခွင့်အရေးကောင်းနေတဲ့ဘန်လေကိုအက်ဖ်
အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။အသက်၃၆နှစ်ရှိကွန်ပနီဟာမန်စီးတီးတွင်
၁၁နှစ်ကြာကစားခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၄ကြိမ်ရရှိအောင်အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်
ခဲ့သူလည်းဖြစ်ပါတယ်။ဂွါဒီယိုလာက “သူကဒီမှာတကယ့်ကိုကြီးကျယ်တဲ့ကဏ္ဍမှာပါဝင်သူဖြစ်ပါတယ်။သူ
ကကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့အကြီးကျယ်ဆုံးဂန္ထဝင်တွေထဲကတစ်ဦးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးအသက်၅၂နှစ်ရှိစပိန်လူမျိုးနည်းပြက “ကိုယ်ကိုင်တွယ်ခဲ့တဲ့ကစားသမားနဲ့ တစ်ပွဲကစားရ
မယ်ဆိုတော့ကိုယ့်အသင်းဘယ်လောက်ကြီးနေလဲဆိုတာသိလိုက်ရတော့ အနည်းငယ်တုန်လှုပ်မိတယ်”
လို့ဟာသနှောပြောကြားသွားပါတယ်။ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟောင်းဟာ၂၀၁၉ခုနှစ်တွင်မန်
စီးတီးမှထွက်ခွာပြီးအန်ဒါလက်ချ်သို့နည်းပြ/ကစားသမားအဖြစ်ပြောင်းခဲ့ပါတယ်။သူဟာနွေရာသီတွင်
ဘန်လေနည်းပြဖြစ်လာပြီးနောက်ပရီးမီးယားလိဂ်သို့တန်းတက်နိုင်ရေးအခြေအနေကောင်းအောင်စွမ်း
ဆောင်ထားနိုင်ပါတယ်။ဘန်လေဟာချန်ပီယံရှစ်အမှတ်ပေးဇယားအား၁၃မှတ်ဖြတ်ကာဦးဆောင်ထားနိုင်
ပြီးလက်ကျန်၉ပွဲမှ၃ပွဲအနိုင်ရရှိပါကတန်းတက်နိုင်ရန်သေချာနေပါတယ်။အသင်းဟောင်းနှင့်ပြန်လည်ရင်
ဆိုင်ရမဲ့ပွဲနှင့်ပတ်သက်ပြီးဗင်းဆင့်ကွန်ပနီက “မန်စီးတီးမှာကစားရမဲ့ပွဲကိုလည်းအခြားပွဲတွေလိုပဲချဉ်းကပ်
သွားပါမယ်။ကိုယ့်အလုပ်ပဲကိုယ်လုပ်သွားပါမယ်။ဒီအတွက်ပဲရှင်သန်နေတာပါ”လို့ပြောကြားသွားပါ
တယ်။သူဦးဆောင်နေတဲ့ဘန်လေဟာအသင်းဟာချန်ပီယံရှစ်ပွဲ၃၇ပွဲကစားထားရာမှာ၇၄ဂိုးအထိသွင်း
ထားသလို၂၉ဂိုးတည်းသာပေးထားရပါတယ်။ဒါ့အပြင်၎င်းတို့ဟာချန်ပီယံရှစ်တွင်၂ပွဲတည်းသာရှုံးနိမ့်ထား
ပြီးနိုဝင်ဘာလ၅ရက်နေ့နောက်ပိုင်းတွင်ရှုံးပွဲမရှိထားပါဘူး။ဂွါဒီယိုလာက “ချန်ပီယံရှစ်မှာသူတို့လုပ်ပြထား
တာကိုကြည့်ပြီးသူတို့ရပ်တည်နေမှုအပေါ်မအံ့ဩမိပါဘူး။သူတို့ကကွင်းထဲမှာအရမ်းကောင်းတော့ခက်ခဲ
တဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။သူတို့ဟာပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။သူ
တို့ကစားပုံကလည်းအရမ်းကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။ဆက်လက်ပြီးဂွါဒီယိုလာက ကွန်
ပနီမှာတစ်နေ့တွင်မန်စီးတီးနည်းပြဖြစ်လာမဲ့သူဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။၎င်းက “သူ့
အသင်းကိုကြည့်ပြီးတဲ့နောက်သူဟာတစ်နေ့မှာဒီကိုနည်းပြအဖြစ်ပြန်လာမယ်ဆိုတာပိုပြီးတော့ယုံကြည်
လာဲ့တယ်။ဘယ်အချိန်လဲဆိုတာကိုတော့မသိပါဘူး။ဒါပေမဲ့ဖြစ်လာမှာကတော့သေချာပါတယ်”လို့ပြော
ကြားသွားပါတယ်။
၁၁နှစ်ကြာကစားခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၎ကြိမ်ရရှိအောင်အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်
စီးတီးမှထွက်ခွာပြီးအန်ဒါလက်ခ်ျသို့နည်းပြ/ကစားသမားအဖြစ်ပြောင်းခဲ့ပါတယ်။သူဟာနွေရာသီတွင်
ကြားသွားပါတယ်။