ပြင်သစ်သမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူနိုင်သူဖြစ်လာတဲ့ အိုလီဗီယာဂျရူး

အိုလီဗီယာဂျရူးဟာမနေ့ညတုန်းကပြင်သစ်ကဩစတြီးယားကိုအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့

နောက်ပြင်သစ်သမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူနိုင်သူဖြစ်လာပါတယ်။ပြင်သစ်ဟာမနေ့ညတုန်း

ကဩစတြီးယားကိုကိုင်လီယန်ဘက်ပေး၊ဂျရူးတို့ရဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးယင်းနိုင်ပွဲကြောင့်

နေးရှင်းလိဂ်မှတန်းမဆင်းရရေးမျှော်လင့်ချက်လင်းလက်လာပါတယ်။ပြင်သစ်ဟာမနေ့ညကပွဲတွင်ပွဲကို

လွှမ်းမိုးကစားနိုင်ခဲ့ပြီးဘက်ပေး စောစောစီးစီးဂိုးသွင်းနိုင်ခဲ့ပေမဲ့ လူကျွံဘောသတ်မှတ်ခံရလို့ နစ်နာခဲ့သ

လိုချူအာမီနီရဲ့Bicycle Kick ကလည်းဘားထိသွားလို့နစ်နာခဲ့ရပါတယ်။ဒါပေမဲ့ပွဲချိန်၅၆မိနစ်မှာဂျရူးရဲ့

ဖန်တီးမှုကနေ ကိုင်လီယန်ဘက်ပေးက ဩစတြီးယားနောက်ခံလူများကိုကျော်ဖြတ်ကာ၁၆ကိုက်အကွာ

မှကန်သွင်းပြီးပြင်သစ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်၉မိနစ်အကြာတွင်ဂျရူးကဂရက်ဇ်

မန်းရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီးပြင်သစ်အတွက်အနိုင်သေချာစေမဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဂျရူးဟာ၃၅နှစ်၊၃၅၇ရက်ဖြင့်ပြင်သစ်သမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူသူဖြစ်လာပါတယ်။ဒါ့အပြင်

ဂျရူးဟာသီယာရီဟင်နရီရဲ့ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုလိုက်မီရန်လည်း၂ဂိုးသာ

လိုတော့ပြီဖြစ်ပါတယ်။ဟင်နရီဟာ၅၁ဂိုးဖြင့်ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်

နေတာဖြစ်ပါတယ်။ပြင်သစ်ဟာဩစတြီးယားကိုအနိုင်မရလျှင်တန်းဆင်းရမှာဖြစ်ပါတယ်။၎င်းတို့ဟာ

အုပ်စု A1 နောက်ဆုံးပွဲအဖြစ်ဒိန်းမတ်ကိုအဝေးကွင်းမှာကစားရပါမယ်။

အိုလီဗီယာဂ်႐ူးဟာမေန႔ညတုန္းကျပင္သစ္ကဩစႀတီးယားကိုအႏိုင္ရရွိတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးတဲ့

ေနာက္ျပင္သစ္သမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူႏိုင္သူျဖစ္လာပါတယ္။ျပင္သစ္ဟာမေန႔ညတုန္း

ကဩစႀတီးယားကိုကိုင္လီယန္ဘက္ေပး၊ဂ်႐ူးတို႔ရဲ႕ဂိုးျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ၿပီးယင္းႏိုင္ပြဲေၾကာင့္

ေနးရွင္းလိဂ္မွတန္းမဆင္းရေရးေမွ်ာ္လင့္ခ်က္လင္းလက္လာပါတယ္။ျပင္သစ္ဟာမေန႔ညကပြဲတြင္ပြဲကို

လႊမ္းမိုးကစားႏိုင္ခဲ့ၿပီးဘက္ေပး ေစာေစာစီးစီးဂိုးသြင္းႏိုင္ခဲ့ေပမဲ့ လူကြၽံေဘာသတ္မွတ္ခံရလို႔ နစ္နာခဲ့သ

လိုခ်ဴအာမီနီရဲ႕Bicycle Kick ကလည္းဘားထိသြားလို႔နစ္နာခဲ့ရပါတယ္။ဒါေပမဲ့ပြဲခ်ိန္၅၆မိနစ္မွာဂ်႐ူးရဲ႕

ဖန္တီးမႈကေန ကိုင္လီယန္ဘက္ေပးက ဩစႀတီးယားေနာက္ခံလူမ်ားကိုေက်ာ္ျဖတ္ကာ၁၆ကိုက္အကြာ

မွကန္သြင္းၿပီးျပင္သစ္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္၉မိနစ္အၾကာတြင္ဂ်႐ူးကဂရက္ဇ္

မန္းရဲ႕ျဖတ္တင္ေဘာကေန ေခါင္းတိုက္ၿပီးျပင္သစ္အတြက္အႏိုင္ေသခ်ာေစမဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဂ်႐ူးဟာ၃၅ႏွစ္၊၃၅၇ရက္ျဖင့္ျပင္သစ္သမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူသူျဖစ္လာပါတယ္။ဒါ့အျပင္

ဂ်႐ူးဟာသီယာရီဟင္နရီရဲ႕ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကိုလိုက္မီရန္လည္း၂ဂိုးသာ

လိုေတာ့ၿပီျဖစ္ပါတယ္။ဟင္နရီဟာ၅၁ဂိုးျဖင့္ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္

ေနတာျဖစ္ပါတယ္။ျပင္သစ္ဟာဩစႀတီးယားကိုအႏိုင္မရလွ်င္တန္းဆင္းရမွာျဖစ္ပါတယ္။၎တို႔ဟာ

အုပ္စု A1 ေနာက္ဆုံးပြဲအျဖစ္ဒိန္းမတ္ကိုအေဝးကြင္းမွာကစားရပါမယ္။