
ဗီယက်နမ်ဘောလုံးလောကရဲ့ အားထားရတဲ့ ကစားသမား ငုယင်ကွမ်ဟိုင်ဟာ ပြင်သစ်လီဂူ
း- ၂ ကလပ် ပါအူအသင်းကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။ ငုယင်ကွမ်ဟိုင်ဟာ ပါအူနဲ့
လည်း ဆေးစစ်မှုတွေပြီးဆုံးခဲ့ပြီး တရားဝင်စာချုပ်ချုပ်ဆိုမှုတွေကိုပါ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဒီကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကိုလည်း ပါအူရဲ့ လူမှုကွန်ယက်စာမျက်နှာ
မှာ တရားဝင်တင်ထားခဲ့ပါတယ်။ ဗီယက်နမ်ကြယ်ပွင့်ဟာ သူ့စိတ်ကြိုက်ကျောနံပါတ်လို့ ပြော
ရမယ့် ကျောနံပါတ် (၁၉) ကို ပါအူမှာ ဝတ်ဆင်ခွင့်ရရှိမှာပါ။ ငုယင်ကွမ်ဟိုင်မတိုင်ခင် ပါအူမှာ
ဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့သူက ဗစ်တာလိုဘရီဖြစ်ပါတယ်။အဆိုပါပြင်သစ်လူမျိုး ကစား
သမားဟာ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး (၅) ဂိုးနဲ့ ပါအူရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံး ကစား
သမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လိုဘရီက အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အခု ငုယင်ကွမ်ဟိုင်
က ဒီကျောနံပါတ်ကို ဆက်လက်ဝတ်ဆင်ခွင့်ရရှိခဲ့တာပါ။ငုယင်ကွမ်ဟိုင်ဟာ ပါအူနဲ့ (၂) နှစ်
သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး နောက်ထပ်တနှစ် စာချုပ်သက်တမ်းတိုးခွင့်ပါရှိပါတယ်။
နှစ်ဖက်လုံးကတော့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို တရားဝင်ဖော်ပြထားခြင်းမရှိပါ
ဘူး။ ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်ကတော့ ငုယင်ကွမ်ဟိုင်ရဲ့ လစာငွေက မများ
းပြားဘူးလို့ ပြောကြားထားပါတယ်။အသင်းဘက်က ကစားသမားကို မိတ်ဆက်ပွဲ ခမ်းခမ်း
နားနား ပြုလုပ်ပေးမယ်ဆိုထားပေမယ့် ငုယင်ကွမ်ဟိုင်နဲ့ အေးဂျင့်ဘက်က အများအာရုံစိုက်
မှုကိုမရလိုတာကြောင့် မိတ်ဆက်ပွဲကို သာမန်သာကျင်းပဖို့ တောင်းဆိုထားတယ်လို့ သိရပါ
တယ်။ ငုယင်ကွမ်ဟိုင်ဟာ ပဲရစ်မြို့ခံကလပ် ပဲရစ်ကိုရောက်ရှိဖို့ သတင်းတွေထွက်ခဲ့သေးပေ
မယ့် ပါအူကိုသာ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာသာ ပါအူတို့ ပြင်သစ်လီဂူးကို တန်း
တက်နိုင်ခဲ့ရင် ငုယင်ကွမ်ဟိုင်အနေနဲ့ မက်ဆီ၊ အမ်ဘာပေတို့လို ကမ္ဘာကျော်တွေနဲ့ ကွင်းအ
တွင်းမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရရှိနိုင်မှာပါ။
ဗီယက္နမ္ေဘာလုံးေလာကရဲ႕ အားထားရတဲ့ ကစားသမား ငုယင္ကြမ္ဟိုင္ဟာ ျပင္သစ္လီဂူ
း- ၂ ကလပ္ ပါအူအသင္းကို ေျပာင္းေ႐ႊ႕ေရာက္ရွိသြားခဲ့ပါတယ္။ ငုယင္ကြမ္ဟိုင္ဟာ ပါအူနဲ႔
လည္း ေဆးစစ္မႈေတြၿပီးဆုံးခဲ့ၿပီး တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုမႈေတြကိုပါ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။
ဒီကစားသမားကို ေခၚယူႏိုင္ခဲ့ၿပီဆိုတဲ့အေၾကာင္းကိုလည္း ပါအူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာ
မွာ တရားဝင္တင္ထားခဲ့ပါတယ္။ ဗီယက္နမ္ၾကယ္ပြင့္ဟာ သူ႔စိတ္ႀကိဳက္ေက်ာနံပါတ္လို႔ ေျပာ
ရမယ့္ ေက်ာနံပါတ္ (၁၉) ကို ပါအူမွာ ဝတ္ဆင္ခြင့္ရရွိမွာပါ။ ငုယင္ကြမ္ဟိုင္မတိုင္ခင္ ပါအူမွာ
ဒီေက်ာနံပါတ္ကို ဝတ္ဆင္ခဲ့တဲ့သူက ဗစ္တာလိုဘရီျဖစ္ပါတယ္။အဆိုပါျပင္သစ္လူမ်ိဳး ကစား
သမားဟာ ၿပီးခဲ့တဲ့ရာသီမွာ သြင္းဂိုး (၅) ဂိုးနဲ႔ ပါအူရဲ႕ တတိယေျမာက္ဂိုးသြင္းအမ်ားဆုံး ကစား
သမားျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ လိုဘရီက အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ အခု ငုယင္ကြမ္ဟိုင္
က ဒီေက်ာနံပါတ္ကို ဆက္လက္ဝတ္ဆင္ခြင့္ရရွိခဲ့တာပါ။ငုယင္ကြမ္ဟိုင္ဟာ ပါအူနဲ႔ (၂) ႏွစ္
သက္တမ္းရွိ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီး ေနာက္ထပ္တႏွစ္ စာခ်ဳပ္သက္တမ္းတိုးခြင့္ပါရွိပါတယ္။
ႏွစ္ဖက္လုံးကေတာ့ ေငြေၾကးဆိုင္ရာအခ်က္အလက္ေတြကို တရားဝင္ေဖာ္ျပထားျခင္းမရွိပါ
ဘူး။ ဒါေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ဘက္ကေတာ့ ငုယင္ကြမ္ဟိုင္ရဲ႕ လစာေငြက မမ်ား
းျပားဘူးလို႔ ေျပာၾကားထားပါတယ္။အသင္းဘက္က ကစားသမားကို မိတ္ဆက္ပြဲ ခမ္းခမ္း
နားနား ျပဳလုပ္ေပးမယ္ဆိုထားေပမယ့္ ငုယင္ကြမ္ဟိုင္နဲ႔ ေအးဂ်င့္ဘက္က အမ်ားအာ႐ုံစိုက္
မႈကိုမရလိုတာေၾကာင့္ မိတ္ဆက္ပြဲကို သာမန္သာက်င္းပဖို႔ ေတာင္းဆိုထားတယ္လို႔ သိရပါ
တယ္။ ငုယင္ကြမ္ဟိုင္ဟာ ပဲရစ္ၿမိဳ႕ခံကလပ္ ပဲရစ္ကိုေရာက္ရွိဖို႔ သတင္းေတြထြက္ခဲ့ေသးေပ
မယ့္ ပါအူကိုသာ ေရာက္ရွိခဲ့တာျဖစ္ၿပီး လာမယ့္ရာသီမွာသာ ပါအူတို႔ ျပင္သစ္လီဂူးကို တန္း
တက္ႏိုင္ခဲ့ရင္ ငုယင္ကြမ္ဟိုင္အေနနဲ႔ မက္ဆီ၊ အမ္ဘာေပတို႔လို ကမာၻေက်ာ္ေတြနဲ႔ ကြင္းအ
တြင္းမွာ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခြင့္ရရွိႏိုင္မွာပါ။