ပြင်သစ်စူပါဖလားပွဲစဉ်မှာ ၁၈ ရာသီဆက်စံချိန်သစ်နဲ့အတူ ပြောစမှတ်တွင်စရာဖြစ်ခဲ့ရတဲ့ ရာမို့စ်

မနေ့ကကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲစဉ်မှာတော့ ပီအက်စ်ဂျီက နန့်တက်စ်ကို ၄-၀ နဲ့ အနိုင်ရရှိ

သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို မက်ဆီက သွင်းယူခဲ့ပြီး နေမာက နှစ်ဂိုး၊ ရာမို့စ်က

တစ်ဂိုးသွင်းယူကာ ပြိုင်ဘက်ကို ဂိုးပြတ်ချေမှုန်းပြီး ရာသီမတိုင်ခင်မှာပဲ ဆုဖလားတလုံးကို ဆွတ်

ခူးနိုင်ခဲ့ကာ အဖွင့်လှသွားခဲ့ပြီး မက်ဆီက အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ နေ

မာက ဖရီးကစ်ကတဆင့် လှလှပပတဂိုးသွင်းခဲ့ပြီး သူ့ကြောင့်ရတဲ့ ပင်နယ်တီကနေပဲ နောက်တဂိုး

သွင်းခဲ့တာပါ။ မက်ဆီကတော့ သူ့ ထုံးစံအတိုင်း ပြိုင်ဘက်တွေကိုမွှေနှောက်ပြီး ဂိုးသမားပါ လိမ်

ခေါက်ကာ သွင်းယူခဲ့ပါတယ်။ အားလုံးထဲမှာတော့ ရာမို့စ်ရဲ့သွင်းဂိုးက ပြောစမှတ်တွင်စရာဖြစ်ခဲ့

ရပြီး နောက်ပေါက်နဲ့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဖော်ရဲ့ ပိတ်သွင်း

ယူမှုက ပြန်လျှံထွက်ခဲ့ရာမှာ ဧရိယာထဲထိ လိုက်ပါသွားခဲ့တဲ့ ရာမို့စ်က နောက်ပေါက်နဲ့လှလှပပ

သွင်းယူခဲ့တာဖြစ်ပါတယ်။ စပိန်နောက်ခံလူအတွက်တော့ ပီအက်စ်ဂျီကစားသမားဘ၀မှာ အရေး

အပါဆုံးသွင်းဂိုးတဂိုးကို လှလှပပသွင်းယူပေးနိုင်ခဲ့ပြီး အသင်းဆုဖလားရယူနိုင်အောင်ပါ ကူညီပေး

နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးသွင်းယူနိုင်ခဲ့လို့လည်း ရာမို့စ်က သူ့ရဲ့ ကစားသမားဘ၀မှာ ၁၈ ရာသီ

ဆက်တိုက် အသင်းအတွက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာ

သီမှာ အသင်းအတွက် ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာကစားပေးခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်

ဒီရာသီမှာတော့ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း တောက်လျှောက်ပါဝင်နေခဲ့ကာ ပြင်သစ်စူပါဖ

လားပွဲမှာလည်း ပွဲထွက်ခွင့်ရခဲ့ပြီး အနိုင်ဂိုးတဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့လို့ အဓိကကစားသမားအ

ဖြစ်နဲ့ ပြန်လည်ပွဲထွက်နိုင်ဖွယ်ရာရှိနေပြီဖြစ်ပါတယ်။ မက်ဆီကတော့ ဒီဆုဖလားကြောင့် ကမ္ဘာ

ပေါ်မှာ ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့ ဒန်နီအဲဗက်စ်ကို လိုက်မီဖို့ရာ ၁ လုံးပဲ လိုအပ်ပါတော့

တယ်။ မက်ဆီက ၄၁ လုံးအထိ ရရှိခဲ့ပြီး အဲဗက်စ်က ၄၂ လုံးအထိ ဆွတ်ခူးထားတာလည်းဖြစ်ပါ

တယ်။

မေန႔ကကစားခဲ့တဲ့ ျပင္သစ္စူပါဖလားပြဲစဥ္မွာေတာ့ ပီအက္စ္ဂ်ီက နန႔္တက္စ္ကို ၄-၀ နဲ႔ အႏိုင္ရရွိ

သြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအတြက္ အဖြင့္ဂိုးကို မက္ဆီက သြင္းယူခဲ့ၿပီး ေနမာက ႏွစ္ဂိုး၊ ရာမို႔စ္က

တစ္ဂိုးသြင္းယူကာ ၿပိဳင္ဘက္ကို ဂိုးျပတ္ေခ်မႈန္းၿပီး ရာသီမတိုင္ခင္မွာပဲ ဆုဖလားတလုံးကို ဆြတ္

ခူးႏိုင္ခဲ့ကာ အဖြင့္လွသြားခဲ့ၿပီး မက္ဆီက အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးခဲ့ပါတယ္။ ေန

မာက ဖရီးကစ္ကတဆင့္ လွလွပပတဂိုးသြင္းခဲ့ၿပီး သူ႔ေၾကာင့္ရတဲ့ ပင္နယ္တီကေနပဲ ေနာက္တဂိုး

သြင္းခဲ့တာပါ။ မက္ဆီကေတာ့ သူ႔ ထုံးစံအတိုင္း ၿပိဳင္ဘက္ေတြကိုေမႊေႏွာက္ၿပီး ဂိုးသမားပါ လိမ္

ေခါက္ကာ သြင္းယူခဲ့ပါတယ္။ အားလုံးထဲမွာေတာ့ ရာမို႔စ္ရဲ႕သြင္းဂိုးက ေျပာစမွတ္တြင္စရာျဖစ္ခဲ့

ရၿပီး ေနာက္ေပါက္နဲ႔ လွလွပပကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းေဖာ္ရဲ႕ ပိတ္သြင္း

ယူမႈက ျပန္လွ်ံထြက္ခဲ့ရာမွာ ဧရိယာထဲထိ လိုက္ပါသြားခဲ့တဲ့ ရာမို႔စ္က ေနာက္ေပါက္နဲ႔လွလွပပ

သြင္းယူခဲ့တာျဖစ္ပါတယ္။ စပိန္ေနာက္ခံလူအတြက္ေတာ့ ပီအက္စ္ဂ်ီကစားသမားဘ၀မွာ အေရး

အပါဆုံးသြင္းဂိုးတဂိုးကို လွလွပပသြင္းယူေပးႏိုင္ခဲ့ၿပီး အသင္းဆုဖလားရယူႏိုင္ေအာင္ပါ ကူညီေပး

ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဂိုးသြင္းယူႏိုင္ခဲ့လို႔လည္း ရာမို႔စ္က သူ႔ရဲ႕ ကစားသမားဘ၀မွာ ၁၈ ရာသီ

ဆက္တိုက္ အသင္းအတြက္ ဂိုးသြင္းႏိုင္တဲ့ စံခ်ိန္ကို တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ရာ

သီမွာ အသင္းအတြက္ ဒဏ္ရာေၾကာင့္ ပြဲအနည္းငယ္သာကစားေပးခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္

ဒီရာသီမွာေတာ့ ရာသီႀကိဳေျခစမ္းပြဲေတြမွာလည္း ေတာက္ေလွ်ာက္ပါဝင္ေနခဲ့ကာ ျပင္သစ္စူပါဖ

လားပြဲမွာလည္း ပြဲထြက္ခြင့္ရခဲ့ၿပီး အႏိုင္ဂိုးတဂိုးကိုပါ သြင္းယူေပးႏိုင္ခဲ့လို႔ အဓိကကစားသမားအ

ျဖစ္နဲ႔ ျပန္လည္ပြဲထြက္ႏိုင္ဖြယ္ရာရွိေနၿပီျဖစ္ပါတယ္။ မက္ဆီကေတာ့ ဒီဆုဖလားေၾကာင့္ ကမာၻ

ေပၚမွာ ဆုဖလားအမ်ားဆုံးဆြတ္ခူးထားတဲ့ ဒန္နီအဲဗက္စ္ကို လိုက္မီဖို႔ရာ ၁ လုံးပဲ လိုအပ္ပါေတာ့

တယ္။ မက္ဆီက ၄၁ လုံးအထိ ရရွိခဲ့ၿပီး အဲဗက္စ္က ၄၂ လုံးအထိ ဆြတ္ခူးထားတာလည္းျဖစ္ပါ

တယ္။