ပဲလေ့စ်ရဲ့ လက်ဆောင်နဲ့အတူ မနှစ်ကရာသီအဖွင့်ကို ပြည်ဖုံးကားချလိုက်နိုင်ခဲ့တဲ့ အာဆင်နယ်

အာတီတာရဲ့ အာဆင်နယ်ကတော့ ရာသီအစကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဝေး

ကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဗီယာရာရဲ့အသင်းက မာကျောမှုအပြည့်နဲ့ တုံ့ပြန်ခဲ့ပေမယ့်လည်း စုဖွဲ့မှုကောင်းနေပြီး တိုက်စစ်

ပိုင်းလည်း ပိုအားသာတဲ့ အာဆင်နယ်က အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၂၀

မှာ ဇင်ချန်ကိုရဲ့ ဖန်တီးပေးမှုနဲ့အတူ မာတင်နယ်လီက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၈၅ မိနစ်မှာ ပဲလေ့စ်

က ဂူဟီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်

ပြီးခဲ့တဲ့ရာသီက အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို အံ့အားသင့်ဖွယ်ရာအရေးနိမ့်ခဲ့ပြီး ကျိန်စာသင့်သလိုဖြစ်ခဲ့

ရတဲ့ အဖွင့်ပွဲအစဉ်အလာကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ “ပေးဂိုးမရှိခဲ့သလို ခက်

ခဲတဲ့ ပြိုင်ဘက်ဆီကနေ ၃ မှတ်ရယူနိုင်ခဲ့လို့ ကျနော်တကယ်ကို​ကျေနပ်မိပါတယ်၊ ခက်ခဲတဲ့အချိန်

တွေကို ဒီပွဲမှာ တွေ့ခဲ့ရပါတယ်၊ သူတို့ကို ကျော်ဖြတ်နိုင်ဖို့ ခံနိုင်ရည်ရှိမှုကိုပြသခဲ့ပြီး တကယ်အ

ပြုသဘောဆောင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီကနဲ့ မတူညီတဲ့ ပုံစံနဲ့ ကျနော်တို့ စတင်နိုင်ခဲ့ပါတယ်၊ ဒီ

ထက်တောင်မှ ဂိုးပိုသွင်းနိုင်ခဲ့သင့်တာပါ” လို့ အာဆင်နယ်နည်းပြအာတီတာက ပွဲအပြီးမှာပြောဆို

ခဲ့ပါတယ်။ အာဆင်နယ်အတွက် နောက်ခံလူဝီလီယံဆာလီဘာက ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံး

းကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပါတယ်။ ဒီပွဲမှာ ဂါဘရီရယ်ဂျီးဆပ်၊ ဇင်ချန်ကိုနဲ့ ဆာလီဘာတို့

က အာဆင်နယ်အတွက် ပထမဆုံးအကြိမ်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ ဆာလီဘာက တပွဲ

လုံးမှာ ဖျက်ထုတ်မှုတွေကောင်းမွန်ခဲ့ပြီး ဘောလုံးပေးပို့မှုတွေမှာလည်း အံ့မခန်းဖြစ်ခဲ့သူဖြစ်ပါ

တယ်။ ပဲလေ့စ်နည်းပြဗီယာရာကတော့ “ဆိုးရွားတဲ့ ဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်၊ ကောင်းမွန်တဲ့အခိုက်

အတန့်တချို့ရှိနေခဲ့ပြီး ပွဲထဲကို ပြန်သွားနိုင်ဖို့ ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ ကြိမ်ဖန်တီးနိင်ခဲ့ပါတယ်၊

အဲဒါတွေကို မယူနိုင်ခဲ့ပါဘူး၊ ဒီအတွက်ပေးဆပ်ခဲ့ရတာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အာတီတာရဲ႕ အာဆင္နယ္ကေတာ့ ရာသီအစကို အေကာင္းဆုံးစတင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အေဝး

ကြင္းမွာ ကစားခဲ့ရတဲ့ပြဲမွာ ပဲေလ့စ္ကို ၂ ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့ၿပီး ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗီယာရာရဲ႕အသင္းက မာေက်ာမႈအျပည့္နဲ႔ တုံ႔ျပန္ခဲ့ေပမယ့္လည္း စုဖြဲ႕မႈေကာင္းေနၿပီး တိုက္စစ္

ပိုင္းလည္း ပိုအားသာတဲ့ အာဆင္နယ္က အႏိုင္ရေအာင္ကစားႏိုင္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ ၂၀

မွာ ဇင္ခ်န္ကိုရဲ႕ ဖန္တီးေပးမႈနဲ႔အတူ မာတင္နယ္လီက အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ၈၅ မိနစ္မွာ ပဲေလ့စ္

က ဂူဟီက ကိုယ့္ဂိုးကိုယ္သြင္းခဲ့လို႔ အာဆင္နယ္က ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္

ၿပီးခဲ့တဲ့ရာသီက အဖြင့္ပြဲမွာ ဘရန႔္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ရာအေရးနိမ့္ခဲ့ၿပီး က်ိန္စာသင့္သလိုျဖစ္ခဲ့

ရတဲ့ အဖြင့္ပြဲအစဥ္အလာကို အာဆင္နယ္တို႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ “ေပးဂိုးမရွိခဲ့သလို ခက္

ခဲတဲ့ ၿပိဳင္ဘက္ဆီကေန ၃ မွတ္ရယူႏိုင္ခဲ့လို႔ က်ေနာ္တကယ္ကို​ေက်နပ္မိပါတယ္၊ ခက္ခဲတဲ့အခ်ိန္

ေတြကို ဒီပြဲမွာ ေတြ႕ခဲ့ရပါတယ္၊ သူတို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ခံႏိုင္ရည္ရွိမႈကိုျပသခဲ့ၿပီး တကယ္အ

ျပဳသေဘာေဆာင္ပါတယ္၊ ၿပီးခဲ့တဲ့ရာသီကနဲ႔ မတူညီတဲ့ ပုံစံနဲ႔ က်ေနာ္တို႔ စတင္ႏိုင္ခဲ့ပါတယ္၊ ဒီ

ထက္ေတာင္မွ ဂိုးပိုသြင္းႏိုင္ခဲ့သင့္တာပါ” လို႔ အာဆင္နယ္နည္းျပအာတီတာက ပြဲအၿပီးမွာေျပာဆို

ခဲ့ပါတယ္။ အာဆင္နယ္အတြက္ ေနာက္ခံလူဝီလီယံဆာလီဘာက ေျခစြမ္းျပခဲ့ၿပီး အေကာင္းဆုံး

းကစားသမားဆုကိုပါ ဆြတ္ခူးခဲ့ပါတယ္။ ဒီပြဲမွာ ဂါဘရီရယ္ဂ်ီးဆပ္၊ ဇင္ခ်န္ကိုနဲ႔ ဆာလီဘာတို႔

က အာဆင္နယ္အတြက္ ပထမဆုံးအႀကိမ္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။ ဆာလီဘာက တပြဲ

လုံးမွာ ဖ်က္ထုတ္မႈေတြေကာင္းမြန္ခဲ့ၿပီး ေဘာလုံးေပးပို႔မႈေတြမွာလည္း အံ့မခန္းျဖစ္ခဲ့သူျဖစ္ပါ

တယ္။ ပဲေလ့စ္နည္းျပဗီယာရာကေတာ့ “ဆိုး႐ြားတဲ့ ဂိုး ၂ ဂိုး ေပးခဲ့ရပါတယ္၊ ေကာင္းမြန္တဲ့အခိုက္

အတန႔္တခ်ိဳ႕ရွိေနခဲ့ၿပီး ပြဲထဲကို ျပန္သြားႏိုင္ဖို႔ ဂိုးရႏိုင္တဲ့ အခြင့္အေရး ၂ ႀကိမ္ဖန္တီးနိင္ခဲ့ပါတယ္၊

အဲဒါေတြကို မယူႏိုင္ခဲ့ပါဘူး၊ ဒီအတြက္ေပးဆပ္ခဲ့ရတာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။