ပဲလေ့စ်နဲ့ပွဲကအခင်းကြောင့် ပရီးမီးယားနည်းပြတွေစောင့်ကြည့်ရတော့မည့် နည်းပြတန်ဟက်၏ဗျူဟာ

မနေ့က ညနေပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲ

မှာလည်း ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ

တန်ဟက်ခ်အတွက် ယူနိုက်တက်နည်းပြဘဝ အဖွင့်ပွဲ (၃) ပွဲမှာ (၃) ပွဲဆက်တိုက် အနိုင်ရရှိခဲ့

တာလည်းဖြစ်ပါတယ်။ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင်က လီဗာပူးကို ၄-၀ ဂိုး၊ မဲလ်ဘုန်းဗစ်ထ

ရီကို ၄-၁ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊

ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရ

လဒ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့တာပါ။ယူနိုက်တက် ကစားသမားတွေရဲ့ လှုပ်ရှားမှု၊ ကစား

ကွက်အဆင့်ဆင့်တည်ဆောက်မှု၊ ဖန်တီးမှုစွမ်းရည်၊ အဆုံးသတ်စွမ်းရည်နဲ့ ယုံကြည်မှုတွေက

လည်း တပွဲထက် တပွဲ ပိုမိုတိုးတက်လာခဲ့ပါတယ်။ အခုပွဲမှာလည်း မာရှယ်လ်က ဒါလော့ရဲ့ဖြတ်

တင်ဘောကို ရင်ဘတ်နဲ့တချက်ထိန်း၊ မြေမကျဘဲ လှလှပပကန်သွင်းပြီး အဖွင့်ဂိုးယူပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အဓိကပြောစရာရှိခဲ့တာက ယူနိုက်တက်တို့ရရှိခဲ့တဲ့ ဒုတိယမြောက်ဂိုးပါ။ မာ

ရှယ်လ်ရဲ့ သေသပ်လှပတဲ့ ဘောလုံးအထိန်းအသိမ်း၊ ဆန်ချို မာရှယ်လ်၊ ဗန်ဒီဘိခ်တို့ရဲ့ လှပတဲ့

တွဲလုံးကတဆင့် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် အဆုံး

သတ်ခွင့်ရရှိခဲ့တာပါ။ ဆန်ချိုခြေထောက်ထဲမှာ ဘောလုံးရှိတည်းက ဒီဘောလုံးကို ဗန်ဒီဘိခ်ဆီ

ပေးမယ်ထင်ခဲ့ကြပါတယ်။ဒါပေမယ့် ဆန်ချိုက ဧရိယာထဲပြေးဝင်သွားတဲ့ မာရှယ်လ်ရဲ့ ပြေး

းလမ်းကြောင်းထဲကို ချပေးခဲ့ပြီး မာရှယ်လ်ရဲ့ ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ ဗန်ဒီဘိခ်ဆီ ပြန်

ခင်းပေးခဲ့ပါတယ်။ ဗန်ဒီဘိခ်ကတဆင့် ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့တာဖြစ်

ပြီး ဒီဂိုးမှာ ခရစ္စတယ်ပဲလေ့စ် ခံစစ်တန်းတခုလုံး ပြိုကျခဲ့ရသလို ဂိုးသမားလည်း ဘာမှမတတ်

နိုင်ခဲ့ပါဘူး။ပရိသတ်တွေကတော့ “ပရီးမီးယားလိဂ်က တန်ဟက်ခ်ဘောကို ရင်ဆိုင်ဖို့ အဆင်

သင့်မဖြစ်သေးဘူး။ ငါတို့ ယူနိုက်တက် ပြန်လာပြီ” “ငါ့မှာရှိသမျှ အကုန်လောင်းကြေးထပ်ရဲ

တယ်၊ ငါတို့ လာမယ့်ရာသီ အများကြီးနိုင်မှာပဲ” “လျင်မြန်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစား

ကွက်ပဲ။ ဒီအတိုင်းဆို ငါတို့ ရော်နယ်ဒိုကို မလိုအပ်တော့ပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပြုသုံး

သပ်ခဲ့ကြပါတယ်။

မေန႔က ညေနပိုင္းမွာ ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ ခရစၥတယ္ပဲေလ့စ္တို႔ရဲ႕ ရာသီႀကိဳေျခစမ္းပြဲ

မွာလည္း ယူႏိုက္တက္က ခရစၥတယ္ပဲေလ့စ္ကို ၃-၁ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ ဒါဟာ

တန္ဟက္ခ္အတြက္ ယူႏိုက္တက္နည္းျပဘဝ အဖြင့္ပြဲ (၃) ပြဲမွာ (၃) ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့

တာလည္းျဖစ္ပါတယ္။ယူႏိုက္တက္ဟာ ဒီပြဲမတိုင္ခင္က လီဗာပူးကို ၄-၀ ဂိုး၊ မဲလ္ဘုန္းဗစ္ထ

ရီကို ၄-၁ ဂိုးတို႔နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အခု ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာလည္း မာရွယ္လ္၊ ရပ္ရွ္ဖို႔ဒ္၊

ဆန္ခ်ိဳတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ေျခစြမ္းျပၿပီး ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရာႏႈန္းျပည့္အႏိုင္ရ

လဒ္ကို ဆက္လက္ထိန္းသိမ္းထားခဲ့တာပါ။ယူႏိုက္တက္ ကစားသမားေတြရဲ႕ လႈပ္ရွားမႈ၊ ကစား

ကြက္အဆင့္ဆင့္တည္ေဆာက္မႈ၊ ဖန္တီးမႈစြမ္းရည္၊ အဆုံးသတ္စြမ္းရည္နဲ႔ ယုံၾကည္မႈေတြက

လည္း တပြဲထက္ တပြဲ ပိုမိုတိုးတက္လာခဲ့ပါတယ္။ အခုပြဲမွာလည္း မာရွယ္လ္က ဒါေလာ့ရဲ႕ျဖတ္

တင္ေဘာကို ရင္ဘတ္နဲ႔တခ်က္ထိန္း၊ ေျမမက်ဘဲ လွလွပပကန္သြင္းၿပီး အဖြင့္ဂိုးယူေပးခဲ့ပါတယ္။

ဒါ့အျပင္ ဒီပြဲမွာ အဓိကေျပာစရာရွိခဲ့တာက ယူႏိုက္တက္တို႔ရရွိခဲ့တဲ့ ဒုတိယေျမာက္ဂိုးပါ။ မာ

ရွယ္လ္ရဲ႕ ေသသပ္လွပတဲ့ ေဘာလုံးအထိန္းအသိမ္း၊ ဆန္ခ်ိဳ မာရွယ္လ္၊ ဗန္ဒီဘိခ္တို႔ရဲ႕ လွပတဲ့

တြဲလုံးကတဆင့္ ဖန္တီးေပးလိုက္တဲ့ ေဘာလုံးကို ရပ္ရွ္ဖို႔ဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ အဆုံး

သတ္ခြင့္ရရွိခဲ့တာပါ။ ဆန္ခ်ိဳေျခေထာက္ထဲမွာ ေဘာလုံးရွိတည္းက ဒီေဘာလုံးကို ဗန္ဒီဘိခ္ဆီ

ေပးမယ္ထင္ခဲ့ၾကပါတယ္။ဒါေပမယ့္ ဆန္ခ်ိဳက ဧရိယာထဲေျပးဝင္သြားတဲ့ မာရွယ္လ္ရဲ႕ ေျပး

းလမ္းေၾကာင္းထဲကို ခ်ေပးခဲ့ၿပီး မာရွယ္လ္ရဲ႕ ဂိုးသမားနဲ႔ ရင္ဆိုင္အေတြ႕မွာ ဗန္ဒီဘိခ္ဆီ ျပန္

ခင္းေပးခဲ့ပါတယ္။ ဗန္ဒီဘိခ္ကတဆင့္ ရပ္ရွ္ဖို႔ဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခဲ့တာျဖစ္

ၿပီး ဒီဂိုးမွာ ခရစၥတယ္ပဲေလ့စ္ ခံစစ္တန္းတခုလုံး ၿပိဳက်ခဲ့ရသလို ဂိုးသမားလည္း ဘာမွမတတ္

ႏိုင္ခဲ့ပါဘူး။ပရိသတ္ေတြကေတာ့ “ပရီးမီးယားလိဂ္က တန္ဟက္ခ္ေဘာကို ရင္ဆိုင္ဖို႔ အဆင္

သင့္မျဖစ္ေသးဘူး။ ငါတို႔ ယူႏိုက္တက္ ျပန္လာၿပီ” “ငါ့မွာရွိသမွ် အကုန္ေလာင္းေၾကးထပ္ရဲ

တယ္၊ ငါတို႔ လာမယ့္ရာသီ အမ်ားႀကီးႏိုင္မွာပဲ” “လ်င္ျမန္ၿပီး စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ ကစား

ကြက္ပဲ။ ဒီအတိုင္းဆို ငါတို႔ ေရာ္နယ္ဒိုကို မလိုအပ္ေတာ့ပါဘူး” လို႔ အမ်ိဳးမ်ိဳး မွတ္ခ်က္ျပဳသုံး

သပ္ခဲ့ၾကပါတယ္။