ပဲရစ်မှာပြုလုပ်ခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲမှာတော့ ရော်နယ်ဒိုတယောက် မလေးမစား ပြုလုပ်ခံခဲ့ရ

မနေ့ညက ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲမှာတော့ ရော်နယ်ဒိုတယောက် မလေးမစား

ပြုလုပ်ခံခဲ့ရတယ်လို့ဆိုကာ သူ့ရဲ့ ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။ ဒီဆုပေးပွဲမှာတော့ အာ

ဂျင်တီးနားက လွှမ်းမိုးခဲ့ပြီး မက်ဆီက အကောင်းဆုံးကစားသမားဆု၊ မာတီနက်ဇ်က အကောင်းဆုံးဂိုး

သမားဆုနဲ့ စကာလိုနီက အကောင်းဆုံးနည်းပြဆု၊ အာဂျင်တီးနားပရိသတ်တွေက အကောင်းဆုံးပရိ

သတ်ဆုတွေကို ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆုပေးပွဲ ပြုလုပ်နေချိန်အတွင်း ပွဲတာဝန်ရှိသူတွေဟာ

အယ်လ်နာဆာကစားသမား ရော်နယ်ဒိုကို အသင်းအရန်ခုံတန်းပေါ်မှာ ထိုင်နေရတဲ့ ဓာတ်ပုံကို ပြသခဲ့

တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ဆော်ဒီမှာသာ ရှိနေ

ခဲ့တာ ဒီလိုမျိုး ပြုမူခံရတဲ့အပေါ် သူ့ပရိသတ်တွေက ဒေါသထွက်ကာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့

ပါတယ်။ ပရိသတ်တဦးက “သူတို့က နောက်ထပ်တကြိမ် ရော်နယ်ဒိုကို မလေးမစားလုပ်ခဲ့တာပဲ” လို့

ရေးသားခဲ့ပြီး နောက်တဦးက “ဒါက ဖီဖာအနေနဲ့ ရော်နယ်ဒိုအပေါ် မလေးမစားလုပ်တာ ပထမဆုံးအ

ကြိမ်မဟုတ်တော့ဘူး” လို့ ဆိုပါတယ်။ နောက်တဦးက “ဂန္ထဝင်ကစားသမားတဦးကို ဖီဖာက မလေးမ

စားလုပ်ခဲ့တာက ကြည့်ရတာ ဘယ်လိုမှအဆင်မပြေဘူး၊ တခြားဓာတ်ပုံတွေ သုံးလို့ရတာပဲ၊ ဘာလို့ သူ

အရန်ခုံမှာ ထိုင်ရတဲ့ ပုံကို သုံးရတာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၂ အတွင်းမှာ

အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရုန်းကန်ခဲ့ရတာ မှန်ပေမယ့်လည်း ဒီလိုပြုမူခံရဖို့အတွက် မထိုက်တန်

ဘူးလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ သူ့ရဲ့ ရင်သွေးတဦးကို ဆုံးရှုံးခဲ့ရပြိး မန်ချက်စတာယူနိုက်

တက်အသင်းကနေ မထွက်ခွာခင်မှာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့်လည်း အငြင်း

ပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူက အယ်လ်နာဆာအတွက် ၅ ပွဲကစားအပြီးမှာ ၈ ဂိုး

သွင်းယူကာ ခြေစွမ်းပြနေပြီး ဟက်ထရစ် ၂ကြိမ်အထိ ပါဝင်ခဲ့ပါတယ်။

မေန႔ညက ပဲရစ္မွာ ျပဳလုပ္ခဲ့တဲ့ ဖီဖာအေကာင္းဆုံးဆုေပးပြဲမွာေတာ့ ေရာ္နယ္ဒိုတေယာက္ မေလးမစား

ျပဳလုပ္ခံခဲ့ရတယ္လို႔ဆိုကာ သူ႔ရဲ႕ ပရိသတ္ေတြက ေဒါသထြက္ေနၾကပါတယ္။ ဒီဆုေပးပြဲမွာေတာ့ အာ

ဂ်င္တီးနားက လႊမ္းမိုးခဲ့ၿပီး မက္ဆီက အေကာင္းဆုံးကစားသမားဆု၊ မာတီနက္ဇ္က အေကာင္းဆုံးဂိုး

သမားဆုနဲ႔ စကာလိုနီက အေကာင္းဆုံးနည္းျပဆု၊ အာဂ်င္တီးနားပရိသတ္ေတြက အေကာင္းဆုံးပရိ

သတ္ဆုေတြကို ရရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဆုေပးပြဲ ျပဳလုပ္ေနခ်ိန္အတြင္း ပြဲတာဝန္ရွိသူေတြဟာ

အယ္လ္နာဆာကစားသမား ေရာ္နယ္ဒိုကို အသင္းအရန္ခုံတန္းေပၚမွာ ထိုင္ေနရတဲ့ ဓာတ္ပုံကို ျပသခဲ့

တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ အဆိုပါဆုေပးပြဲကို တက္ေရာက္ခဲ့ျခင္းမရွိဘဲ ေဆာ္ဒီမွာသာ ရွိေန

ခဲ့တာ ဒီလိုမ်ိဳး ျပဳမူခံရတဲ့အေပၚ သူ႔ပရိသတ္ေတြက ေဒါသထြက္ကာ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္သြားခဲ့

ပါတယ္။ ပရိသတ္တဦးက “သူတို႔က ေနာက္ထပ္တႀကိမ္ ေရာ္နယ္ဒိုကို မေလးမစားလုပ္ခဲ့တာပဲ” လို႔

ေရးသားခဲ့ၿပီး ေနာက္တဦးက “ဒါက ဖီဖာအေနနဲ႔ ေရာ္နယ္ဒိုအေပၚ မေလးမစားလုပ္တာ ပထမဆုံးအ

ႀကိမ္မဟုတ္ေတာ့ဘူး” လို႔ ဆိုပါတယ္။ ေနာက္တဦးက “ဂႏၴဝင္ကစားသမားတဦးကို ဖီဖာက မေလးမ

စားလုပ္ခဲ့တာက ၾကည့္ရတာ ဘယ္လိုမွအဆင္မေျပဘူး၊ တျခားဓာတ္ပုံေတြ သုံးလို႔ရတာပဲ၊ ဘာလို႔ သူ

အရန္ခုံမွာ ထိုင္ရတဲ့ ပုံကို သုံးရတာလဲ” လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ၂၀၂၂ အတြင္းမွာ

အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ႐ုန္းကန္ခဲ့ရတာ မွန္ေပမယ့္လည္း ဒီလိုျပဳမူခံရဖို႔အတြက္ မထိုက္တန္

ဘူးလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကပါတယ္။ သူ႔ရဲ႕ ရင္ေသြးတဦးကို ဆုံးရႈံးခဲ့ရၿပိး မန္ခ်က္စတာယူႏိုက္

တက္အသင္းကေန မထြက္ခြာခင္မွာ ပီယာ့စ္ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးေၾကာင့္လည္း အျငင္း

ပြားစရာေတြ ျဖစ္ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ သူက အယ္လ္နာဆာအတြက္ ၅ ပြဲကစားအၿပီးမွာ ၈ ဂိုး

သြင္းယူကာ ေျခစြမ္းျပေနၿပီး ဟက္ထရစ္ ၂ႀကိမ္အထိ ပါဝင္ခဲ့ပါတယ္။