ပေ့ါဘာရဲ့စာချုပ်ကိစ္စကို သိချင်ရင် ယူနိုက်တက်အသင်းကိုသာမေးလိုက်တော့လို့ဆိုလာတဲ့ ပွဲစားကြီး

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူပေ့ါဘာရဲ့အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာက

ပေ့ါဘာရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်လို့သိချင်တယ်ဆိုရင်တော့ မန်ချက်စတာ

ယူနိုက်တက်အသင်းကိုသာ မေးလိုက်တော့လို့ သတင်းထောက်တွေကို

တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ပေ့ါဘာဟာ အခုရာသီကုန်ကျရင် ယူနိုက်တက်အသင်းနဲ့

စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းက

သူ့ကိုစာချုပ်သစ်ချုပ်ဆိုဖို့ကြိုးပမ်းနေပေမယ့် အဆင်မပြေသေးတာကြောင့်

လာမယ့်ဇန်နဝါရီမှာ တခြားအသင်းတစ်သင်းနဲ့အပြောင်းအရွှေ့

အကြိုသဘောတူညီမှုရယူခွင့်ရှိနေပါပြီ။ ဒါ့အပြင် ပေ့ါဘာဟာ အတ္တလန်တာ၊

လီဗာပူးလ်တို့နဲ့ပွဲတွေမှာအရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့တဲ့အတွက်

မကျေမနပ်ဖြစ်နေပြီး လီဗာပူးလ်နဲ့ပွဲအပြီးအဝတ်လဲခန်းထဲမှာ ဆိုးလ်ရှားကို

စကားမပြောခဲ့ဘူးလို့ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

အခု ပေ့ါဘာရဲ့အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာကလည်း “ပေ့ါဘာရဲ့စာချုပ်ကိစ္စကို သိချင်ရင်

ယူနိုက်တက်အသင်းကိုသာ မေးလိုက်ပါတော့။ အခုလောလောဆယ် အခြေအနေက

ဒီအတိုင်းပဲရှိနေသေးသလို ဘာမှထူးခြားမှုမရှိသေးပါဘူး”လို့ The Times ကို

ဖြေကြားခဲ့ပါတယ်။ အခုအခြေအနေကြောင့် ပေ့ါဘာဟာ ယူနိုက်တက်နဲ့

လမ်းခွဲဖို့ပိုနီးစပ်လာပြီး သူ့ကို PSG ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်တို့က

ပစ်မှတ်ထားနေကြပါတယ်။