ပေါ့ဘာရဲ့ နိုင်ငံ့အသင်းဖော်ကို လက်လွှတ်ပြီး သူ့ကိုပဲ ပစ်မှတ်ကစားသမားအဖြစ် ချိန်ရွယ်ထားတဲ့ ရီးရဲလဲမက်ဒရစ်

မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်နှစ်နွေရာသီမှာ အဓိက

ပစ်မှတ်ထားခေါ်ယူမယ့် ကစားသမားစာရင်းမှာထိပ်ဆုံးကနေ ပြန်လည်ပါဝင်လာပါတယ်။ပြင်သစ်

လက်ရွေးစင် အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြပြီး Nations Leagueဆုဖလား ဆွတ်ခူးနိုင်တဲ့

ပေါ့ဘာကို အလွတ်ခေါ်ယူနိုင်မယ့် အချက်ကြောင့်ရီးရဲလ်အသင်းဟာ တစ်ဖန်ပြည်လည်စိတ်ဝင်စား

လာတာလည်းဖြစ်ပါတယ်။ရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး

လက်ရှိအချိန်အထိ စာချုပ်သစ်မှာ လက်မှတ်မထိုးရသေးတဲ့ ပေါ့ဘာကိုရီးရဲလ်အသင်းဟာ ဂျူဗင်တပ်စ်

အသင်းနဲ့ အပြိုင် ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ပီအက်စ်ဂျီအသင်းမှာ မပျော်ရွှင်တော့တဲ့အ

ပြင် ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတဲ့ ပေါ့ဘာ ရဲ့ နိုင်ငံအသင်းကစားဖော် အမ်ဘာပီ

ကို ရီးရဲလ်အသင်းဘက်ကအခြားအသင်းတွေနဲ့ ဈေးကွက်မှာ အပြိုင်အဆိုင်ရယူကာ ဈေးကြီးပေးခေါ်

ရမယ့် အပေါ်စိတ်ဝင်စားမှု သိပ်မရှိဘဲ ပေါ့ဘာလို မျိုး အလွတ်ပြောင်းရွှေ့ကြေး နဲ့ အချောင်ရနိုင်ချေရှိ

တဲ့ကစားသမားမျိုးတွေကိုသာ အဓိက ပစ်မှတ်ထားနေတယ်လို့လည်းသိရပါတယ်။ပေါ့ဘာအနေနဲ့က

တော့ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပြီဆိုတဲ့သတင်းမျိုးတွေ ခဏ ခဏ ထွက်ပေါ်

နေပေမယ့် လက်ရှိ အချိန်အထိတော့မီးစိမ်းမပြသေးသလို တိကျတဲ့ အဖြေတစ်ခုကို မပေးထားသေး

တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာကလည်း ပေါ့ဘာကို ရီးရဲလ်အ

သင်းထံပြောင်းရွှေ့ကစားဖို့ တိုက်တွန်းထားကြောင်းသိရပါတယ်။

မန္ယူအသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ေနာက္ႏွစ္ေႏြရာသီမွာ အဓိက

ပစ္မွတ္ထားေခၚယူမယ့္ ကစားသမားစာရင္းမွာထိပ္ဆုံးကေန ျပန္လည္ပါဝင္လာပါတယ္။ျပင္သစ္

လက္ေ႐ြးစင္ အသင္းနဲ႔အတူ အေကာင္းဆုံး ေျခစြမ္းျပၿပီး Nations Leagueဆုဖလား ဆြတ္ခူးႏိုင္တဲ့

ေပါ့ဘာကို အလြတ္ေခၚယူႏိုင္မယ့္ အခ်က္ေၾကာင့္ရီးရဲလ္အသင္းဟာ တစ္ဖန္ျပည္လည္စိတ္ဝင္စား

လာတာလည္းျဖစ္ပါတယ္။ရာသီကုန္မွာ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး

လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္မွာ လက္မွတ္မထိုးရေသးတဲ့ ေပါ့ဘာကိုရီးရဲလ္အသင္းဟာ ဂ်ဴဗင္တပ္စ္

အသင္းနဲ႔ အၿပိဳင္ ေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ပီအက္စ္ဂ်ီအသင္းမွာ မေပ်ာ္႐ႊင္ေတာ့တဲ့အ

ျပင္ ရီးရဲလ္အသင္းထံ ေျပာင္းေ႐ႊ႕ကစားဖို႔ဆႏၵရွိေနတဲ့ ေပါ့ဘာ ရဲ႕ ႏိုင္ငံအသင္းကစားေဖာ္ အမ္ဘာပီ

ကို ရီးရဲလ္အသင္းဘက္ကအျခားအသင္းေတြနဲ႔ ေဈးကြက္မွာ အၿပိဳင္အဆိုင္ရယူကာ ေဈးႀကီးေပးေခၚ

ရမယ့္ အေပၚစိတ္ဝင္စားမႈ သိပ္မရွိဘဲ ေပါ့ဘာလို မ်ိဳး အလြတ္ေျပာင္းေ႐ႊ႕ေၾကး နဲ႔ အေခ်ာင္ရႏိုင္ေခ်ရွိ

တဲ့ကစားသမားမ်ိဳးေတြကိုသာ အဓိက ပစ္မွတ္ထားေနတယ္လို႔လည္းသိရပါတယ္။ေပါ့ဘာအေနနဲ႔က

ေတာ့ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵရွိေနၿပီဆိုတဲ့သတင္းမ်ိဳးေတြ ခဏ ခဏ ထြက္ေပၚ

ေနေပမယ့္ လက္ရွိ အခ်ိန္အထိေတာ့မီးစိမ္းမျပေသးသလို တိက်တဲ့ အေျဖတစ္ခုကို မေပးထားေသး

တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ြိဳင္းအိုလာကလည္း ေပါ့ဘာကို ရီးရဲလ္အ

သင္းထံေျပာင္းေ႐ႊ႕ကစားဖို႔ တိုက္တြန္းထားေၾကာင္းသိရပါတယ္။

newz24hrnews