ပုံရိပ်ဖယ်ရှားခံရမှုနဲ့အတူ တိတ်တိတ်ကလေးကြေကွဲနေမယ့် ဆိုးလ်ရှား

လောကဓံတရားကသိပ်ကြောက်စရာကောင်းပြီး ဘယ်အချိန်ဘာဖြစ်မလဲဆိုတာကို ဘယ်သူမှမသိကြပါဘူး။

ဒါကြောင့်လည်းဘောလုံးမှာ ဘာကိုမှကြိုမသိနိုင်ပါဘူးလို့ ဘောလုံးလောကသားတွေပြောလေ့ရှိကြတာပါ။

ဒါပေမယ့်ဘောလုံးမှာမှမဟုတ်ဘဲ နေရာတိုင်မှာဒီတရားကအမြဲရှိနေတာပါ။

မကြာသေးခင်က မန်ယူနည်းပြရာထူးကနေထုတ်ပယ်ခံလိုက်ရတဲ့ ဆိုးလ်ရှားဟာ သူ့ရာထူးကိုလက်လွှတ်လိုက်ရတဲ့အပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့မှာ ကပ်ထားတဲ့သူ့ရဲ့ကြီးမားတဲ့ပုံရိပ်လည်း ဖယ်ရှားခံလိုက်ရပါပြီ။

သူဟာမန်ယူကိုပြန်လည်တည်ငြိမ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့သေးပေမယ့် ဒီရာသီမှာတော့လက်မခံနိုင်လောက်တဲ့ ရလဒ်တွေနဲ့အတူနောက်ဆုံးမှာ ရာထူးကနေထုတ်ပယ်ခံလိုက်ရပါတယ်။

ဒါ့အပြင် မနေ့တုန်းကလည်းအလုပ်သမားတွေဟာ အိုးလ်ထရက်ဖိုဒ်ကွင်းရဲ့ ဆာမတ်ဘတ်စ်ဘီ ပွဲကြည့်စင် ရှေ့မှာကပ်ထားတဲ့ သူ့ပုံကိုဖယ်ရှားနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါဟာမန်ယူအသင်းက ဆိုးလ်ရှားနဲ့ ဇာတ်လမ်းပြတ်ပြီဆိုတာကိုပြသလိုက်ခြင်းလည်းဖြစ်ပါတယ်။

မန်ယူနည်းပြရာထူးကနေထုတ်ပယ်ခြင်းမခံရမီအချိန်လေးမှာ ကစားသမားတွေကိုနှုတ်ဆက်တော့ မျက်ရည်ဝဲခဲ့သလို အင်တာဗျူးမှာလည်း

မျက်ရည်တွေကျလုနီးပါးဖြစ်နေ တဲ့ဆိုးလ်ရှားဟာ သူ့ပုံရိပ်ဖယ်ရှားခံနေရတာကိုကြည့်ပြီး သူ့နေအိမ်မှာ တိတ်တိတ်ကလေးကြိတ်ပြီး မျက်ရည်ကျရင် ကျနေမှာပါ။

ဒါပေမယ့်ပြီးခဲ့တာတွေကို ပြန်တမ်းတလို့မရတော့ဘဲ အမြဲတမ်းရှေ့ဆက်နေရမယ့်လောကကြီးဖြစ်တဲ့အတွက် မန်ယူအသင်းဟာ သူတို့ကြေညာထားတဲ့အတိုင်းယာယီနည်းပြတစ်ဦးကိုရှာဖွေနေပါပြီ။

ယာယီနည်းပြရောက်လာရင်လည်း အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့မှာသူ့ပုံရိပ်က နေရာယူဦးမှာပါဘဲ။

လမ်းခွဲပြီဆိုရင်လည်းဖယ်ရှားခံရဦးမှာပေါ့။

ဒါကြောင့်လည်း မန်ယူရဲ့ဆက်ဆံပုံကိုဆိုးလ်ရှားတစ်ယောက် နားလည်လိမ့်မယ်လို့ဘဲမျှော်လင့်ရပါတယ်။

ဒါပေမယ့်မန်ယူနဲ့ ထဲထဲဝင်ဝင်ပတ်သက်ခဲ့သူ၊ ကစားသမားဘဝကလည်း ချန်ပီယံလိဂ်ဖလားရဖို့အထိကူညီပေးနိုင်ခဲ့တဲ့ သူရဲနီဟောင်းတစ်ယောက်ရဲ့ရင်ထဲမှာတော့ ဒါတွေကိုကြည့်ပြီးကြေကွဲနေမယ်ဆိုတာ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

zawgyi

ပုံရိပ္ဖယ္ရွားခံရမႈနဲ႔အတူ တိတ္တိတ္ကေလးေၾကကြဲေနမယ့္ ဆိုးလ္ရွား

ေလာကဓံတရားကသိပ္ေၾကာက္စရာေကာင္းၿပီး ဘယ္အခ်ိန္ဘာျဖစ္မလဲဆိုတာကို ဘယ္သူမွမသိၾကပါဘူး။ ဒါေၾကာင့္လည္းေဘာလုံးမွာ ဘာကိုမွႀကိဳမသိႏိုင္ပါဘူးလို႔ ေဘာလုံးေလာကသားေတြေျပာေလ့ရွိၾကတာပါ။ ဒါေပမယ့္ေဘာလုံးမွာမွမဟုတ္ဘဲ ေနရာတိုင္မွာဒီတရားကအၿမဲရွိေနတာပါ။

မၾကာေသးခင္က မန္ယူနည္းျပရာထူးကေနထုတ္ပယ္ခံလိုက္ရတဲ့ ဆိုးလ္ရွားဟာ သူ႔ရာထူးကိုလက္လႊတ္လိုက္ရတဲ့အျပင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းေရွ႕မွာ ကပ္ထားတဲ့သူ႔ရဲ႕ႀကီးမားတဲ့ပုံရိပ္လည္း ဖယ္ရွားခံလိုက္ရပါၿပီ။

သူဟာမန္ယူကိုျပန္လည္တည္ၿငိမ္လာေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ေသးေပမယ့္ ဒီရာသီမွာေတာ့လက္မခံႏိုင္ေလာက္တဲ့ ရလဒ္ေတြနဲ႔အတူေနာက္ဆုံးမွာ ရာထူးကေနထုတ္ပယ္ခံလိုက္ရပါတယ္။

ဒါ့အျပင္ မေန႔တုန္းကလည္းအလုပ္သမားေတြဟာ အိုးလ္ထရက္ဖိုဒ္ကြင္းရဲ႕ ဆာမတ္ဘတ္စ္ဘီ ပြဲၾကည့္စင္ ေရွ႕မွာကပ္ထားတဲ့ သူ႔ပုံကိုဖယ္ရွားေနၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒါဟာမန္ယူအသင္းက ဆိုးလ္ရွားနဲ႔ ဇာတ္လမ္းျပတ္ၿပီဆိုတာကိုျပသလိုက္ျခင္းလည္းျဖစ္ပါတယ္။

မန္ယူနည္းျပရာထူးကေနထုတ္ပယ္ျခင္းမခံရမီအခ်ိန္ေလးမွာ ကစားသမားေတြကိုႏႈတ္ဆက္ေတာ့ မ်က္ရည္ဝဲခဲ့သလို အင္တာဗ်ဴးမွာလည္း မ်က္ရည္ေတြက်လုနီးပါးျဖစ္ေန တဲ့ဆိုးလ္ရွားဟာ သူ႔ပုံရိပ္ဖယ္ရွားခံေနရတာကိုၾကည့္ၿပီး သူ႔ေနအိမ္မွာ တိတ္တိတ္ကေလးႀကိတ္ၿပီး မ်က္ရည္က်ျခင္ က်ေနမွာပါ။

ဒါေပမယ့္ၿပီးခဲ့တာေတြကို ျပန္တမ္းတလို႔မရေတာ့ဘဲ အၿမဲတမ္းေရွ႕ဆက္ေနရမယ့္ေလာကႀကီးျဖစ္တဲ့အတြက္ မန္ယူအသင္းဟာ သူတို႔ေၾကညာထားတဲ့အတိုင္းယာယီနည္းျပတစ္ဦးကိုရွာေဖြေနပါၿပီ။ ယာယီနည္းျပေရာက္လာရင္လည္း အိုးလ္ထရက္ဖို႔ဒ္ကြင္းေရွ႕မွာသူ႔ပုံရိပ္က ေနရာယူဦးမွာပါဘဲ။

လမ္းခြဲၿပီဆိုရင္လည္းဖယ္ရွားခံရဦးမွာေပါ့။ ဒါေၾကာင့္လည္း မန္ယူရဲ႕ဆက္ဆက္ဆံပုံကိုဆိုးလ္ရွားတစ္ေယာက္ နားလည္လိမ့္မယ္လို႔ဘဲေမွ်ာ္လင့္ရပါတယ္။

ဒါေပမယ့္မန္ယူနဲ႔ ထဲထဲဝင္ဝင္ပတ္သက္ခဲ့သူ၊ ကစားသမားဘဝကလည္း ခ်န္ပီယံလိဂ္ဖလားရဖို႔အထိကူညီးေပးႏိုင္ခဲ့တဲ့ သူရဲနီေဟာင္းတစ္ေယာက္ရဲ႕ရင္ထဲမွာေတာ့ ဒါေတြကိုၾကည့္ၿပီးေၾကကြဲေနမယ္ဆိုတာ ေျပာစရာေတာင္မလိုဘူးလို႔ထင္ပါတယ္။