ပုံတူကူးယူသူတွေအထိပါ ကံကောင်းခြင်းတွေပျက်ပြယ်ခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ရိုက်ချက်
ဒီတစ်ပတ်ဟာ ရော်နယ်ဒိုအတွက် မျက်နှာမှာ ဒဏ်ရာရခဲ့တာ၊ အသင်းက ပြိုင်ပွဲကနေထွက်ခဲ့ရတာတွေ
ကြောင့် ကံကောင်းခြင်းတွေမဖြစ်ခဲ့သလိုသူဂိုးသွင်းပြီးရင် အောင်ပွဲခံနေကြပုံစံ (SIUU )ကို ဖူဆယ်ကစား
ရင်း ဂိုးသွင်းအပြီးမှာ လိုက်လုပ်ခဲ့တဲ့ ပရိသတ်တစ်ယောက်ဟာလည်းဟန်ချက်မထိန်းနိုင်ဘဲ ဖင်ထိုက်
လျက် နောက်ပြန်လန်ကျပြီး ဆေးရုံ ကို ခေါ်သွားရတဲ့အဆင့်အထိ ဖြစ်ခဲ့ရပါတယ်။တစ်ကိုယ်လုံး လေပေါ်
ကို ခုန်ပျံတက်ပြီး တစ်ပတ်လှည့်ပစ်လိုက်သလို မြေပြင်ပေါ်ကို ပြန်ကျလာတဲ့အခါ မှာလည်းခြေထောက်
နှစ်ဖက်ကို ဆန့်ကားပစ်လိုက်တဲ့ စီရော်နယ်ဒိုရဲ့အောင်ပွဲခံမှု ပုံစံမျိုးဟာဒီနေ့ခေတ် ဘောလုံးကမ္ဘာမှာ ရေ
ပန်းအစားဆုံး အောင်ပွဲခံမှုပုံစံတွေထဲကတစ်ခုဖြစ်နေပြီးလူငယ်ကစားသမားတွေ တုပလုပ်ဆောင်တတ်
လေ့ရှိပါတယ်။အခု တွစ်တာပေါ်မှာ ရယ်စရာတစ်ခုအဖြစ် ပျံ့နှံနေတဲ့ ဗီဒီယိုဖိုင်မှာတော့ ဖူဆယ်ကစားနေ
ရင်း ပင်နယ်တီသွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဟာစီ ရော်နယ်ဒိုရဲ့ SIUU ပုံစံအတိုင်း အောင်ပွဲခံဖို့
ကြိုးစားခဲ့ရာမှာ သူရဲ့ ကိုယ်လုံးဟာ အဝလွန်းနေတာကြောင့်ဟန်ချက်မထိန်းနိုင်ဘဲ နောက်ပြန်လန်ကျခဲ့
ကာ မြေကြီးပေါ် ပက်လက်လဲသွားခဲ့ပါတယ်။သူ့ရဲ့ပုံစံကိုကြည့်လိုက်ရတာဟာ တော်တော်လေးကို ပြင်
းထန်တဲ့ နာကျင်မှုမျိုး ခံစားလိုက်ရပုံပေါ်လွင်နေပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ဘော်ဒါတွေက စိုးရိမ်
စိတ်နဲ့ ဆေးရုံကို ခေါ်သွားပေးခဲ့ပါတယ်။အောင်ပွဲခံမှုကို ရော်နယ်ဒိုပုံစံမျိုး ရှယ်လုပ်ခဲ့တဲ့ သူတို့ဘော်ဒါ
ဟာ ဆေးရုံရောက်ချိန်မှာတော့ လမ်းမလျှောက်နိုင်တော့တဲ့အနေအထားထိဖြစ်နေခဲ့ပြီးသူငယ်ချင်းတွေ
က ဘီးတပ်ကုလားထိုင်ပေါ်တင်လာခဲ့ရကာ ဆေးရုံမှာ ဓာတ်မှန်ရိုက်ကူးမှုနဲ့ ကုသမှုတွေခံယူဖို့လုပ်ဆောင်
ခဲ့ရပါတယ်။ခန္ဓာကိုယ်အတွင်းပိုင်းထိခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ အဖြေရဖို့ ထိုင်စောင့်နေတဲ့ ဒီက
စားသမားကို ဆေးရုံရဲ့ နားနေခန်းမှာ မြင်တွေ့ ခဲ့ရပြီးလက်ထဲမှာလည်း ပီဇာ စားနေတာကိုလည်း အဲဒီ
ဗီဒီယို ဖိုင်ထဲမှာ မြင် တွေ့ခဲ့ရပါတယ်။ကြာမြင့်ချိန် ၂၆ စက္ကန့်သာကြာတဲ့ ဒီဗီဒီယိုဖိုင်ဟာ လူမှု ကွန်ရက်
ပေါ်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး နာရီပိုင်းအတွင်းမှာတင်Like အရေအတွက်က ၄၄၀၀၀နဲ့ မှတ်
ချက်ပြုမှုက ၆၀၀၀၀ ကျော်အထိ ရခဲ့ ပါတယ်။တွစ်တာအသုံးပြုသူတစ်ယောက်က ‘’Cristiano
RonalDon’t (စီရော်နယ်ဒိုလို မလုပ်နိုင်) ‘’ ဆိုပြီး ကျီစယ်ခဲ့သလိုဒုတိယ တစ်ယောက်က လည်း ‘’မင်း
အဲ့လောက်ဖြစ်နေတာတောင် ငါ့တို့ ရယ်နေရတုန်း’’ လို့ ရေး သားခဲ့ပါတယ်။‘’ငါ အကြာကြီး မရယ်ခဲ့ပါ
ဘူး ငါ့ကောင်ရာ ဟား ဟား ဟား ဟား ငပိန်းလေးရ’’ ဆိုပြီး တတိယတစ်ယောက်ကလည်း မှတ်ချက်
ပြုသွားခဲ့ ပါတယ်။
ပြုသွားခဲ့ ပါတယ်။