
ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့်ဟောင်း အဲရစ် ရာဘီဆန်ဒရာတာနာက လီယွန်နယ် မက်ဆီဟာ အာဂျင်
တီးနားနဲ့တုန်းကလိုမျိုး စိတ်ပိုင်းဖြတ်မှုမျိုးမရှိဘဲ ပီအက်စ်ဂျီရဲ့ စီမံကိန်းနဲ့ အံမဝင်ဘူးလို့ ပြောကြားခဲ့ပါ
တယ်။မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လာ
မယ့် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့
ပတ်သက်ပြီးမရေမရာဖြစ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို စာချုပ်သစ်
ချုပ်ဆိုသွားဖို့ ဆုံးဖြတ်ထားပြီး မက်ဆီရဲ့ ပီအက်စ်ဂျီက အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရာဘီ
ဆန်ဒရာတာနာက အာဂျင်တီးနားကြယ်ပွင့်ရဲ့ ကိန်းဂဏန်းက ကောင်းမွန်ခဲ့တယ်ဆိုတာကို သိရှိနေပေ
မယ့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိသင့်သလောက် မရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။“ခင်ဗျား လီယွန်နယ်
မက်ဆီအကြောင်း ပြောတဲ့အခါမှာ သတိထားရမှာပါ။ ခင်ဗျား သူ့ရဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင်
သူက ၆၅ ပွဲကနေ သွင်းဂိုး ၂၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်။ သူက အဲဒါကြောင့် အဆုံး
အဖြတ်ပေးနိုင်တယ်လို့ ထင်ကြမယ်။ အဲဒါက သူ့ရဲ့ စံနှုန်းအတွှင်းမှာရှိပါတယ်။ အခု ပီအက်စ်ဂျီမှာ စီ
မံကိန်းရှိနေပြီး အဲဒါက ချန်ပီယံလိဂ်ဖလား အနိုင်ရရှိဖို့ပါ။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုပွဲစဉ်မျိုးကို ပီ
အက်စ်ဂျီ-ရင်းနေး ပွဲစဉ်ထက် ပိုပြီးတော့ ဂရုစိုက်ရမှာပါ။ ဒီလိုအဆင့်အတန်းမှာ လီယွန်နယ် မက်ဆီနဲ့
ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ပျက်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ ဆက်ပြီးတော့ ဆာလောင်နေတယ်
ဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ မက်ဆီ ဆီကနေ အရမ်းကြီးမားတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး မခံစားရ
ပါဘူး။ကျွန်တော်တို့ အဲဒါကို ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ တစ်သင်းလုံးက
သူ့အတွက် ကစားပေးနေတာတောင်မှ သူက စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ကျွန်တော်တို့ စိတ်ဆန္ဒပြင်းပြမှု
ကို ခံစားမိခဲ့တယ်။ အဲဒါက ပထမရာသီကထက် ဒီရာသီမှာ နည်းနည်းပိုကောင်းလာခဲ့တယ်။ ဒါပေမယ့်
အဲဒါက မလုံလောက်ပါဘူး။ ကျွန်တော်တို့ လီယွန်နယ် မက်ဆီကနေ အများကြီး ပိုပြီး မျှော်လင့်ထားပါ
တယ်။ သူ့ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအပြင်ပေါ့။ အသင်းပိုင်ရှင်တွေက စာချုပ်သက်တမ်းတိုးချင်
နေကြတယ်။ ဒါပေမယ့် သူက ပီအက်စ်ဂျီစီမံကိန်းနဲ့ အံမဝင်ဘူးဆိုတဲ့ ခံစားချက်မျိုးရှိတယ်။ ကျွန်တော်
တို့ ပိုပြီး စိတ်ပိုင်းဖြတ်ထားနိုင်တဲ့ ကစားသမားမျိုးတွေ လိုအပ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ပီအက္စ္ဂ်ီကြင္းလယ္ၾကယ္ပြင့္ေဟာင္း အဲရစ္ ရာဘီဆန္ဒရာတာနာက လီယြန္နယ္ မက္ဆီဟာ အာဂ်င္
တီးနားနဲ႔တုန္းကလိုမ်ိဳး စိတ္ပိုင္းျဖတ္မႈမ်ိဳးမရွိဘဲ ပီအက္စ္ဂ်ီရဲ႕ စီမံကိန္းနဲ႔ အံမဝင္ဘူးလို႔ ေျပာၾကားခဲ့ပါ
တယ္။မက္ဆီဟာ ၂၀၂၁ ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး လာ
မယ့္ ဇြန္လမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အနာဂတ္နဲ႔
ပတ္သက္ၿပီးမေရမရာျဖစ္ေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဘလြန္ေဒါ ၇ ဆုရွင္ကို စာခ်ဳပ္သစ္
ခ်ဳပ္ဆိုသြားဖို႔ ဆုံးျဖတ္ထားၿပီး မက္ဆီရဲ႕ ပီအက္စ္ဂ်ီက အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ရာဘီ
ဆန္ဒရာတာနာက အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ကိန္းဂဏန္းက ေကာင္းမြန္ခဲ့တယ္ဆိုတာကို သိရွိေနေပ
မယ့္ စိတ္ပိုင္းျဖတ္မႈမ်ိဳး ရွိသင့္သေလာက္ မရွိဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။“ခင္ဗ်ား လီယြန္နယ္
မက္ဆီအေၾကာင္း ေျပာတဲ့အခါမွာ သတိထားရမွာပါ။ ခင္ဗ်ား သူ႔ရဲ႕ ကိန္းဂဏန္းေတြကို ၾကည့္လိုက္ရင္
သူက ၆၅ ပြဲကေန သြင္းဂိုး ၂၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တယ္။ သူက အဲဒါေၾကာင့္ အဆုံး
အျဖတ္ေပးႏိုင္တယ္လို႔ ထင္ၾကမယ္။ အဲဒါက သူ႔ရဲ႕ စံႏႈန္းအတႊင္းမွာရွိပါတယ္။ အခု ပီအက္စ္ဂ်ီမွာ စီ
မံကိန္းရွိေနၿပီး အဲဒါက ခ်န္ပီယံလိဂ္ဖလား အႏိုင္ရရွိဖို႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီလိုပြဲစဥ္မ်ိဳးကို ပီ
အက္စ္ဂ်ီ-ရင္းေနး ပြဲစဥ္ထက္ ပိုၿပီးေတာ့ ဂ႐ုစိုက္ရမွာပါ။ ဒီလိုအဆင့္အတန္းမွာ လီယြန္နယ္ မက္ဆီနဲ႔
ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ စိတ္ပ်က္ႏိုင္ပါတယ္။ ဒါက ကြၽန္ေတာ္တို႔ ဆက္ၿပီးေတာ့ ဆာေလာင္ေနတယ္
ဆိုတာကို ျပသေနတာပါ။ ကြၽန္ေတာ္တို႔ မက္ဆီ ဆီကေန အရမ္းႀကီးမားတဲ့ စိတ္ပိုင္းျဖတ္မႈမ်ိဳး မခံစားရ
ပါဘူး။ကြၽန္ေတာ္တို႔ အဲဒါကို ကမာၻ႔ဖလားတုန္းက အာဂ်င္တီးနားနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ တစ္သင္းလုံးက
သူ႔အတြက္ ကစားေပးေနတာေတာင္မွ သူက စိတ္ပိုင္းျဖတ္ထားခဲ့တယ္။ ကြၽန္ေတာ္တို႔ စိတ္ဆႏၵျပင္းျပမႈ
ကို ခံစားမိခဲ့တယ္။ အဲဒါက ပထမရာသီကထက္ ဒီရာသီမွာ နည္းနည္းပိုေကာင္းလာခဲ့တယ္။ ဒါေပမယ့္
အဲဒါက မလုံေလာက္ပါဘူး။ ကြၽန္ေတာ္တို႔ လီယြန္နယ္ မက္ဆီကေန အမ်ားႀကီး ပိုၿပီး ေမွ်ာ္လင့္ထားပါ
တယ္။ သူ႔ရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြအျပင္ေပါ့။ အသင္းပိုင္ရွင္ေတြက စာခ်ဳပ္သက္တမ္းတိုးခ်င္
ေနၾကတယ္။ ဒါေပမယ့္ သူက ပီအက္စ္ဂ်ီစီမံကိန္းနဲ႔ အံမဝင္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳးရွိတယ္။ ကြၽန္ေတာ္
တို႔ ပိုၿပီး စိတ္ပိုင္းျဖတ္ထားႏိုင္တဲ့ ကစားသမားမ်ိဳးေတြ လိုအပ္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။