ပီယာ့စ်မော်ဂန်သဘောကျအောင် နောက်တစ်ကြိမ်ထပ်ကပြပေးမယ်လို့ ဆိုလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က အသင်းအတွက်ဆုဖလားတွေ ဆက်လက်ရယူနိုင်

တဲ့အခါ နောက်တစ်ကြိမ်ထပ်ပြီး’က’ဦးမှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။အဲရစ်တန်ဟက်ဟာ ယူ

နိုက်တက်နည်းပြဘ၀ ပထမဆုံးဆုဖလားအဖြစ် လိဂ်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ပွဲအပြီးမှာသူတပည့်

နှစ်ဦးဖြစ်တဲ့ အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်တို့နဲ့အတူအောင်ပွဲခံတဲ့အနေနဲ့ ဝင်’က’ခဲ့ပါတယ်။ အဲရစ်

တန်ဟက်ဟာ မ’က’တတ်၊‘က’တတ်နဲ့ ဝင်ပါခဲ့တာကြောင့် ရယ်စရာကောင်းခဲ့ပြီး ယူနိုက်တက်ပရိသတ်

တွေကတော့ သူတို့နည်းပြကြီးရဲ့ ‘က’ကွက်ဆန်းတွေအပေါ်ကျေနပ်နှစ်သက်ခဲ့ကြပါတယ်။ ပွဲအပြီးအင်

တာဗျူးမှာ အဲရစ်တန်ဟက်က“အေဂျက်စ်အသင်းမှာတုန်းကလည်း ဖလားရလို့ အောင်ပွဲခံတဲ့အခါလီဆန်

ဒရိုမာတီနက်ဇ်၊ အန်တိုနီတို့နဲ့အတူ ကျွန်တော် ဝင်’က’ခဲ့ဖူးပါတယ်။အနာဂတ်မှာလည်း နောက်ထပ်

’က’ခွင့်ရဦးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့တာ

ကြောင့်ကျွန်တော်တို့ သေချာပေါက် အောင်ပွဲခံရမှာဖြစ်ပြီး ဒါက သာမန်နေ့တစ်နေ့မဟုတ်ပါဘူး။ ကျွန်

တော်တို့အနေနဲ့ နောက်ထပ်ဆုဖလားတွေရယူနိုင်အောင်နေ့တိုင်း ကြိုးစားအားထုတ်သွားရမှာဖြစ်ပါ

တယ်”လို့ ပြောကြားခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က အသင္းအတြက္ဆုဖလားေတြ ဆက္လက္ရယူႏိုင္

တဲ့အခါ ေနာက္တစ္ႀကိမ္ထပ္ၿပီး’က’ဦးမွာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။အဲရစ္တန္ဟက္ဟာ ယူ

ႏိုက္တက္နည္းျပဘ၀ ပထမဆုံးဆုဖလားအျဖစ္ လိဂ္ဖလားခ်န္ပီယံဆု ရယူႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာသူတပည့္

ႏွစ္ဦးျဖစ္တဲ့ အန္တိုနီ၊ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔နဲ႔အတူေအာင္ပြဲခံတဲ့အေနနဲ႔ ဝင္’က’ခဲ့ပါတယ္။ အဲရစ္

တန္ဟက္ဟာ မ’က’တတ္၊‘က’တတ္နဲ႔ ဝင္ပါခဲ့တာေၾကာင့္ ရယ္စရာေကာင္းခဲ့ၿပီး ယူႏိုက္တက္ပရိသတ္

ေတြကေတာ့ သူတို႔နည္းျပႀကီးရဲ႕ ‘က’ကြက္ဆန္းေတြအေပၚေက်နပ္ႏွစ္သက္ခဲ့ၾကပါတယ္။ ပြဲအၿပီးအင္

တာဗ်ဴးမွာ အဲရစ္တန္ဟက္က“ေအဂ်က္စ္အသင္းမွာတုန္းကလည္း ဖလားရလို႔ ေအာင္ပြဲခံတဲ့အခါလီဆန္

ဒ႐ိုမာတီနက္ဇ္၊ အန္တိုနီတို႔နဲ႔အတူ ကြၽန္ေတာ္ ဝင္’က’ခဲ့ဖူးပါတယ္။အနာဂတ္မွာလည္း ေနာက္ထပ္

’က’ခြင့္ရဦးမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈရယူႏိုင္ခဲ့တာ

ေၾကာင့္ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ ေအာင္ပြဲခံရမွာျဖစ္ၿပီး ဒါက သာမန္ေန႔တစ္ေန႔မဟုတ္ပါဘူး။ ကြၽန္

ေတာ္တို႔အေနနဲ႔ ေနာက္ထပ္ဆုဖလားေတြရယူႏိုင္ေအာင္ေန႔တိုင္း ႀကိဳးစားအားထုတ္သြားရမွာျဖစ္ပါ

တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။