ပိုချက်တီနိုအတွက် ယူနိုက်တက်အသင်းရဲ့ကြိုးပမ်းမှုကို PSG တားဆီးပိတ်ပင်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းဟာ လစ်လပ်နေတဲ့နည်းပြရာထူးအတွက် ပိုချက်တီနိုကို ကြိုးပမ်းခဲ့ပေမယ့် PSG အသင်းက တားဆီးပိတ်ပင်ခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

PSG အသင်းတာဝန်ရှိသူတွေက နည်းပြပိုချက်တီနိုကို ယူနိုက်တက်အသင်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေနဲ့

ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းနည်းပြရာထူးကို လက်ခံဖို့ဆန္ဒပြင်းပြနေတယ်ဆိုတဲ့သတင်းတွေအပေါ် မကျေမနပ်ဖြစ်နေတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဖို့ဒ်အသင်းကို(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ခဲ့ပြီး

နည်းပြသစ်တစ်ဦးရှာဖွေနေသလို ပိုချက်တီနို၊ ဘရန်ဒန်ရော်ဂျာတို့က နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပိုချက်တီနိုအတွက် ချဉ်းကပ်မှုပြုလုပ်ခဲ့ပေမယ့် PSG အသင်းက ပိတ်ပင်ခဲ့တာကြောင့် အနည်းဆုံး လာမယ့်နှစ်၊ နွေရာသီအထိစောင့်ဆိုင်းရဖို့ရှိနေပါပြီ။

အခုလောလောဆယ် ယူနိုက်တက်ယာယီနည်းပြအဖြစ် ကာရစ်ကဆောင်ရွက်နေပြီး သူ့ရဲ့နည်းပြဘဝအဖွင့်ပွဲမှာ

ဗီလာရီးယဲလ်ကို(၂-၀)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အဖွင့်လှခဲ့သလို အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကာရစ်ဟာ လာမယ့်တနင်္ဂနွေနေ့ကျရင် နောက်ထပ်စိန်ခေါ်မှုတစ်ခုအဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အစမ်းသပ်ခံရဦးမှာဖြစ်ပါတယ်။

zawgyi

ပိုခ်က္တီႏိုအတြက္ ယူႏိုက္တက္အသင္းရဲ႕ႀကိဳးပမ္းမႈကို PSG တားဆီးပိတ္ပင္ခဲ့

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လစ္လပ္ေနတဲ့နည္းျပရာထူးအတြက္ ပိုခ်က္တီႏိုကို ႀကိဳးပမ္းခဲ့ေပမယ့္ PSG အသင္းက တားဆီးပိတ္ပင္ခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ PSG အသင္းတာဝန္ရွိသူေတြက နည္းျပပိုခ်က္တီႏိုကို ယူႏိုက္တက္အသင္းေခၚယူဖို႔စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပိုခ်က္တီႏိုဟာ ယူႏိုက္တက္အသင္းနည္းျပရာထူးကို လက္ခံဖို႔ဆႏၵျပင္းျပေနတယ္ဆိုတဲ့သတင္းေတြအေပၚ မေက်မနပ္ျဖစ္ေနတာပါ။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဝက္ဖို႔ဒ္အသင္းကို(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ခဲ့ၿပီး နည္းျပသစ္တစ္ဦးရွာေဖြေနသလို ပိုခ်က္တီႏို၊ ဘရန္ဒန္ေရာ္ဂ်ာတို႔က နည္းျပသစ္ျဖစ္လာဖို႔ေရပန္းစားေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ပိုခ်က္တီႏိုအတြက္ ခ်ဥ္းကပ္မႈျပဳလုပ္ခဲ့ေပမယ့္ PSG အသင္းက ပိတ္ပင္ခဲ့တာေၾကာင့္ အနည္းဆုံး လာမယ့္ႏွစ္၊ ေႏြရာသီအထိေစာင့္ဆိုင္းရဖို႔ရွိေနပါၿပီ။ အခုေလာေလာဆယ္ ယူႏိုက္တက္ယာယီနည္းျပအျဖစ္ ကာရစ္ကေဆာင္႐ြက္ေနၿပီး သူ႔ရဲ႕နည္းျပဘဝအဖြင့္ပြဲမွာ ဗီလာရီးယဲလ္ကို(၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ အဖြင့္လွခဲ့သလို အသင္းကို ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ကာရစ္ဟာ လာမယ့္တနဂၤေႏြေန႔က်ရင္ ေနာက္ထပ္စိန္ေခၚမႈတစ္ခုအျဖစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ အစမ္းသပ္ခံရဦးမွာျဖစ္ပါတယ္။