ပိုချက်တီနိုဟာ မန်ယူနည်းပြသစ်ဖြစ်လာမယ်လို့ ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

မန်ယူဟာ လက်ရှိပီအက်စ်ဂျီနည်းပြပိုချက်တီနိုကို သူတို့ရဲ့နည်းပြသစ်အနေနဲ့ ခန့်အပ်လိမ့်မယ်လို့ အသင်းဂန္ထဝင်ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

ဒါပေမဲ့ ပိုချက်တီနိုကို နည်းပြသစ်ခန့်ရေးက လာမယ့်နွေရာသီတိုင်အောင် စောင့်ရလိမ့်မယ်လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။

လောလောဆယ်တော့ ထုတ်ပယ်ခံလိုက်ရတဲ့ဆိုးလ်ရှားရဲ့နေရာမှာ သူ့ရဲ့နည်းပြအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မိုက်ကယ်ကာရစ်က ယာယီအနေနဲ့ တာဝန်ယူထားပါတယ်။

အမြဲတမ်းနည်းပြသစ်ဖြစ်လာဖို့ ပိုချက်တီနိုက ပိုပြီးရေပန်းစားလာပေမယ့်လည်း မန်ယူအနေနဲ့က ရာသီကုန်ချိန်အထိ ကိုင်တွယ်မယ့်ယာယီနည်းပြတစ်ယောက်ကို တာဝန်ပေးမယ့်ပုံရှိပါတယ်။

အဲဒီလိုပဲ ဖာဒီနန်ကလည်း ပိုချက်တီနိုက ခန့်အပ်နိုင်ဖို့က လပေါင်းများစွာစောင့်ရနိုင်ကြောင်း ယုံကြည်နေပါတယ်။

”ရာသီကြားဖြတ်ကာလမှာ ပီအက်စ်ဂျီကနေ ပိုချက်တီနိုထွက်ခွာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။

သူက လေးစားသမှုရှိပြီး ဂုဏ်သိက္ခာလည်း ရှိသူတစ်ယောက်ပါ။

ပီအက်စ်ဂျီမှာ အခွင့်အရေးရလို့ အဲဒီအတွက် သူတို့ကို ကျေးဇူးတင်နေမယ့်သူပါ။

လွန်ခဲ့တဲ့ ၂ နှစ် သူကလပ်လက်မဲ့ဖြစ်နေချိန်မှာ မန်ယူဟာ သူကိုင်ချင်တဲ့အသင်းပါ။

ပီအက်စ်ဂျီကလည်း ရာသီတစ်ဝက်တစ်ပျက်နဲ့ သူတို့ရဲ့နည်းပြကို လက်လွှတ်မယ့်ကလပ်မျိုး မဟုတ်ပါဘူး။

ရာသီကုန်နဲ့ လာမယ့်ရာသီသစ်မှာတော့ မန်ယူနည်းပြသစ်ဖြစ်လာဖို့ ပိုချက်တီနိုကို ကျွန်တော်လောင်းမှာပါ”လို့ ဖာဒီနန်က ရုပ်သံတစ်ခုမှာ ပြောခဲ့တာပါ။

ပိုချက်တီနိုဟာ ပြင်သစ်မှာ မပျော်မရွင်ဖြစ်နေတယ်လို့ နားလည်ရပြီး သူ့မိသားစုက လန်ဒန်မှာ ဆက်လက်နေထိုင်နေစဉ် သူကလည်း ပဲရစ်က ဟိုတယ်တစ်ခုမှာ နေနေတာပါ။

ဒါ့အပြင် အဲဒီအာဂျင်တီးနားသားနည်းပြဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘက်ပီတို့လိုကစားသမားတွေကို အဝတ်အစားလဲခန်းအတွင်း ကိုင်တွယ်ရတာလည်း အခက်အခဲရှိနေပါတယ်။

ရာသီကုန်ချိန်မှာ မန်ယူအမြဲတမ်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားသူတွေထဲမှာ အသင်းကစားသမားဟောင်းလောရင့်ဘလန့်နဲ့ လစ်ပ်ဇစ်နည်းပြဟောင်းရက်ဖ်ရန်နစ်တို့လည်း ပါဝင်ပါတယ်။

zawgyi

ပိုခ်က္တီႏိုဟာ မန္ယူနည္းျပသစ္ျဖစ္လာမယ္လို႔ ခန႔္မွန္းလိုက္တဲ့ ဖာဒီနန္

မန္ယူဟာ လက္ရွိပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကို သူတို႔ရဲ႕နည္းျပသစ္အေနနဲ႔ ခန႔္အပ္လိမ့္မယ္လို႔ အသင္းဂႏၴဝင္ရီယိုဖာဒီနန္က ယုံၾကည္ေနပါတယ္။

ဒါေပမဲ့ ပိုခ်က္တီႏိုကို နည္းျပသစ္ခန႔္ေရးက လာမယ့္ေႏြရာသီတိုင္ေအာင္ ေစာင့္ရလိမ့္မယ္လို႔ ဖာဒီနန္က ဆိုခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ ထုတ္ပယ္ခံလိုက္ရတဲ့ဆိုးလ္ရွားရဲ႕ေနရာမွာ သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္ေဟာင္းျဖစ္တဲ့ မိုက္ကယ္ကာရစ္က ယာယီအေနနဲ႔ တာဝန္ယူထားပါတယ္။

အၿမဲတမ္းနည္းျပသစ္ျဖစ္လာဖို႔ ပိုခ်က္တီႏိုက ပိုၿပီးေရပန္းစားလာေပမယ့္လည္း မန္ယူအေနနဲ႔က ရာသီကုန္ခ်ိန္အထိ ကိုင္တြယ္မယ့္ယာယီနည္းျပတစ္ေယာက္ကို တာဝန္ေပးမယ့္ပုံရွိပါတယ္။

အဲဒီလိုပဲ ဖာဒီနန္ကလည္း ပိုခ်က္တီႏိုက ခန႔္အပ္ႏိုင္ဖို႔က လေပါင္းမ်ားစြာေစာင့္ရႏိုင္ေၾကာင္း ယုံၾကည္ေနပါတယ္။

”ရာသီၾကားျဖတ္ကာလမွာ ပီအက္စ္ဂ်ီကေန ပိုခ်က္တီႏိုထြက္ခြာလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ သူက ေလးစားသမႈရွိၿပီး ဂုဏ္သိကၡာလည္း ရွိသူတစ္ေယာက္ပါ။ ပီအက္စ္ဂ်ီမွာ အခြင့္အေရးရလို႔ အဲဒီအတြက္ သူတို႔ကို ေက်းဇူးတင္ေနမယ့္သူပါ။

လြန္ခဲ့တဲ့ ၂ ႏွစ္ သူကလပ္လက္မဲ့ျဖစ္ေနခ်ိန္မွာ မန္ယူဟာ သူကိုင္ခ်င္တဲ့အသင္းပါ။ ပီအက္စ္ဂ်ီကလည္း ရာသီတစ္ဝက္တစ္ပ်က္နဲ႔ သူတို႔ရဲ႕နည္းျပကို လက္လႊတ္မယ့္ကလပ္မ်ိဳး မဟုတ္ပါဘူး။

ရာသီကုန္နဲ႔ လာမယ့္ရာသီသစ္မွာေတာ့ မန္ယူနည္းျပသစ္ျဖစ္လာဖု႔ိ ပိုခ်က္တီႏိုကို ကြၽန္ေတာ္ေလာင္းမွာပါ”လို႔ ဖာဒီနန္က ႐ုပ္သံတစ္ခုမွာ ေျပာခဲ့တာပါ။

ပိုခ်က္တီႏိုဟာ ျပင္သစ္မွာ မေပ်ာ္မ႐ြင္ျဖစ္ေနတယ္လို႔ နားလည္ရၿပီး သူ႔မိသားစုက လန္ဒန္မွာ ဆက္လက္ေနထိုင္ေနစဥ္ သူကလည္း ပဲရစ္က ဟိုတယ္တစ္ခုမွာ ေနေနတာပါ။

ဒါ့အျပင္ အဲဒီအာဂ်င္တီးနားသားနည္းျပဟာ မက္ဆီ၊ ေနမာနဲ႔ အမ္ဘက္ပီတို႔လိုကစားသမားေတြကို အဝတ္အစားလဲခန္းအတြင္း ကိုင္တြယ္ရတာလည္း အခက္အခဲရွိေနပါတယ္။

ရာသီကုန္ခ်ိန္မွာ မန္ယူအၿမဲတမ္းနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားသူေတြထဲမွာ အသင္းကစားသမားေဟာင္းေလာရင့္ဘလန႔္နဲ႔ လစ္ပ္ဇစ္နည္းျပေဟာင္းရက္ဖ္ရန္နစ္တို႔လည္း ပါဝင္ပါတယ္။