ပရီးမီးယားလိဂ်တွစ်တာရဲ့ပေါက်ကြားမှုအရ ဟာလန်းအနေနဲ့ တန်းတက်အသင်းသစ်နှင့်ပွဲဦးထွက်ရင်ဆိုင်ရဖို့ရှိ

မန်စီးတီးအသင်းက တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကြေညာချက် ထုတ်ပြန်

ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တရားဝင်တွစ်တာစာမျက်နှာကနေမန်စီးတီးရဲ့ ၂၀၂၂-၂၃ ရာသီ ပရီး

မီးယားလိဂ် ပွဲဦးထွက်ပွဲကို မထင်မှတ်ဘဲဖော်ပြလိုက်သလိုဖြစ်သွားပါတယ်။ မန်စီးတီးဟာ ဟာ

လန်းကို ခေါ်ယူဖို့လွန်ခဲ့တဲ့လက ဒေါ့မွန်နဲ့ သဘောတူညီခဲ့ပြီးနောက် အခုကျမှ တရားဝင်ကြေညာ

နိုင်ခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းပေးချေခဲ့ရတယ်

လို့ သိရပါတယ်။ အခု ပရီးမီးယားလိဂ်တွစ်တာရဲ့ပေါက်ကြားမှုအရ ဟာလန်းအနေနဲ့ အသင်းသစ်

မန်စီးတီးအတွက်ပထမဆုံးလိဂ်ပွဲအဖြစ် တန်းတက်ဘုန်းမောက်နဲ့ ရင်ဆိုင်ရဖို့ ရာခိုင်နှုန်းများနေ

ပါတယ်။ပရီးမီးယားလိဂ်ရဲ့တရားဝင် တွစ်တာစာမျက်နှာက ဟာလန်းရဲ့အပြောင်းအရွှေ့အ

ကြောင်းကြေညာချက်ထုတ်ပြန်တဲ့ မန်စီးတီးရဲ့ပို့စ်ကို ပြန်လည်ဝေမျှခဲ့တာဖြစ်ပြီးအဲဒီမှာ ”ဘုန်း

မောက်”ဆိုတဲ့စာလုံးနဲ့အတူ အချိန်ပြသင်္ကေတဖြစ်တဲ့သဲနာရီအီမိုဂျီပုံလေးပါ တင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်တွစ်တာစာမျက်နှာက အဲဒီပို့စ်ကို ဖျက်လိုက်ပါတယ်။

ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ရာသီကချန်ပီယံရှစ်မှာ ဒုတိယရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်း

ပြန်တက်လာတာဖြစ်ပြီးပရီးမီးယားလိဂ်ရာသီသစ် ပွဲစဉ်ဇယားကို ကြာသပတေးနေ့မှာထုတ်

ပြန်ကြေညာမှာဖြစ်ပါတယ်။

မန္စီးတီးအသင္းက တိုက္စစ္မႉးဟာလန္းကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းေၾကညာခ်က္ ထုတ္ျပန္

ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ တရားဝင္တြစ္တာစာမ်က္ႏွာကေနမန္စီးတီးရဲ႕ ၂၀၂၂-၂၃ ရာသီ ပရီး

မီးယားလိဂ္ ပြဲဦးထြက္ပြဲကို မထင္မွတ္ဘဲေဖာ္ျပလိုက္သလိုျဖစ္သြားပါတယ္။ မန္စီးတီးဟာ ဟာ

လန္းကို ေခၚယူဖို႔လြန္ခဲ့တဲ့လက ေဒါ့မြန္နဲ႔ သေဘာတူညီခဲ့ၿပီးေနာက္ အခုက်မွ တရားဝင္ေၾကညာ

ႏိုင္ခဲ့တာျဖစ္ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၅၁ သန္းေပးေခ်ခဲ့ရတယ္

လို႔ သိရပါတယ္။ အခု ပရီးမီးယားလိဂ္တြစ္တာရဲ႕ေပါက္ၾကားမႈအရ ဟာလန္းအေနနဲ႔ အသင္းသစ္

မန္စီးတီးအတြက္ပထမဆုံးလိဂ္ပြဲအျဖစ္ တန္းတက္ဘုန္းေမာက္နဲ႔ ရင္ဆိုင္ရဖို႔ ရာခိုင္ႏႈန္းမ်ားေန

ပါတယ္။ပရီးမီးယားလိဂ္ရဲ႕တရားဝင္ တြစ္တာစာမ်က္ႏွာက ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အ

ေၾကာင္းေၾကညာခ်က္ထုတ္ျပန္တဲ့ မန္စီးတီးရဲ႕ပို႔စ္ကို ျပန္လည္ေဝမွ်ခဲ့တာျဖစ္ၿပီးအဲဒီမွာ ”ဘုန္း

ေမာက္”ဆိုတဲ့စာလုံးနဲ႔အတူ အခ်ိန္ျပသေကၤတျဖစ္တဲ့သဲနာရီအီမိုဂ်ီပုံေလးပါ တင္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ပရီးမီးယားလိဂ္တြစ္တာစာမ်က္ႏွာက အဲဒီပို႔စ္ကို ဖ်က္လိုက္ပါတယ္။

ဘုန္းေမာက္ဟာ ၿပီးခဲ့တဲ့ရာသီကခ်န္ပီယံရွစ္မွာ ဒုတိယရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို တန္း

ျပန္တက္လာတာျဖစ္ၿပီးပရီးမီးယားလိဂ္ရာသီသစ္ ပြဲစဥ္ဇယားကို ၾကာသပေတးေန႔မွာထုတ္

ျပန္ေၾကညာမွာျဖစ္ပါတယ္။