ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်ကြီးစိုးဖို့ ၂နှစ်သာလိုတော့ကြောင်း အခိုင်အမာပြောကြားလိုက်တဲ့ အာဆင်နယ်ကစားသမားဟောင်း

အာဆင်နယ်အသင်းအနေနဲ့ ၂နှစ်အတွင်းမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်လိမ့်မယ်

လို့ အာဆင်နယ်ကစားသမားဟောင်း ဆက်ဂ်နာကအခိုင်အမာပြောကြားလိုက်ပါတယ်။လာမယ့်ရာ

သီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ရှိအချိန်မှာ အာဆင်နယ်ဟာစပါးနဲ့အပြိုင် ရုန်းကန်နေရ

သလို နည်းပြ အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်ဟာအဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် မြို့

ခံပြိုင်ဘက် စပါးကို ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အားကုန်ကြိုးစားနေရပြီး

ရာသီကုန်ဖို့ ၂ပွဲပဲကျန်တော့ချိန်မှာ အဆင့် ၅ နေရာက စပါးကို ၁မှတ်သာ ဖြတ်ထားနိုင်ပါသေးတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးထက်၂၃ မှတ်အထိ လျော့နည်းနေပေမယ့်

ဆက်ဂ်နာကတော့ လာမယ့် ၂ ရာသီအတွင်း အမှတ်ပေးချန်ပီယံဆုကိုအာဆင်နယ်အသင်း စိန်ခေါ်

နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ရာသီအစမှာ အာဆင်နယ်က ဆက်တိုက်ရှုံးပွဲတွေ့ပြီး အမှတ်ပေး

ဇယား အောက်ဆုံးအထိ ရောက်ခဲ့သလိုနည်းပြ အာတီတာကိုလည်း အသင်းကနေထွက်သွားဖို့ ပရိ

သတ်တွေက ဆန္ဒပြခဲ့ကြပါသေးတယ်။ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ခြေစွမ်းပိုင်းတွေ

က တည်ငြိမ်မှုရှိလာခဲ့သလိုနိုင်ပွဲတွေရရှိလာခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့အထိ ပြန်လည်

စိန်ခေါ်လာနိုင်ခဲ့ပါတယ်။”ဒီရာသီအစပိုင်းမှာ အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့

စိုးရိမ်မိခဲ့ပေမယ့်ကျွန်တော့်ရဲ့အထင် မှားယွင်းကြောင်း သူတို့ သက်သေပြနိုင်ခဲ့ပါတယ်။အာဆင်နယ်

မှာ ရှင်းလင်းတဲ့ရည်မှန်းချက်ရှိနေပြီး ပရိသတ်တွေကလည်းဒါကို လက်ခံယုံကြည်ပေးဖို့ လိုပါတယ်။

ခင်ဗျား ဆန္ဒရှိရင် ရာသီသစ်အမှတ်ပေးချန်ပီယံလောင်း စာရင်းတွေချရေးကြည့်လိုက်ဗျာ…ဒါပေမဲ့ ၂

ရာသီအတွင်းမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်အောင်ပွဲခံလိမ့်မယ် ဆိုတာ

ကျွန်တော် သေချာပေါက် ပြောနိုင်တယ်”လို့ဆက်ဂ်နာက ပြောကြားခဲ့ပါတယ်။ဆက်ဂ်နာဟာ မန်စီး

တီးကို မပြောင်းရွှေ့ခင် ၂၀၀၇ ကနေ ၂၀၁၄ အထိ အာဆင်နယ်အသင်းမှာ၂၈၄ ပွဲအထိ ကစားခဲ့ပြီး ယ

ခုနှစ်အစောပိုင်းက အမ်းမရိတ်စ်မှာ မန်စီးတီးကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲက အာဆင်နယ်အသင်းရဲ့

ခြေစွမ်းအပေါ် အားရကျေနပ်မိတယ်လို့ ပြောပါတယ်။

အာဆင္နယ္အသင္းအေနနဲ႔ ၂ႏွစ္အတြင္းမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ေအာင္ပြဲခံႏိုင္လိမ့္မယ္

လို႔ အာဆင္နယ္ကစားသမားေဟာင္း ဆက္ဂ္နာကအခိုင္အမာေျပာၾကားလိုက္ပါတယ္။လာမယ့္ရာ

သီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ လက္ရွိအခ်ိန္မွာ အာဆင္နယ္ဟာစပါးနဲ႔အၿပိဳင္ ႐ုန္းကန္ေနရ

သလို နည္းျပ အာတီတာ ဦးေဆာင္တဲ့ အာဆင္နယ္ဟာအဆင့္ ၄ ေနရာမွာ ရပ္တည္ေနေပမယ့္ ၿမိဳ႕

ခံၿပိဳင္ဘက္ စပါးကို ၃-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အားကုန္ႀကိဳးစားေနရၿပီး

ရာသီကုန္ဖို႔ ၂ပြဲပဲက်န္ေတာ့ခ်ိန္မွာ အဆင့္ ၅ ေနရာက စပါးကို ၁မွတ္သာ ျဖတ္ထားႏိုင္ပါေသးတယ္။

အာဆင္နယ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးထက္၂၃ မွတ္အထိ ေလ်ာ့နည္းေနေပမယ့္

ဆက္ဂ္နာကေတာ့ လာမယ့္ ၂ ရာသီအတြင္း အမွတ္ေပးခ်န္ပီယံဆုကိုအာဆင္နယ္အသင္း စိန္ေခၚ

ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ရာသီအစမွာ အာဆင္နယ္က ဆက္တိုက္ရႈံးပြဲေတြ႕ၿပီး အမွတ္ေပး

ဇယား ေအာက္ဆုံးအထိ ေရာက္ခဲ့သလိုနည္းျပ အာတီတာကိုလည္း အသင္းကေနထြက္သြားဖို႔ ပရိ

သတ္ေတြက ဆႏၵျပခဲ့ၾကပါေသးတယ္။ဒါေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ အသင္းရဲ႕ေျခစြမ္းပိုင္းေတြ

က တည္ၿငိမ္မႈရွိလာခဲ့သလိုႏိုင္ပြဲေတြရရွိလာခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္တဲ့အထိ ျပန္လည္

စိန္ေခၚလာႏိုင္ခဲ့ပါတယ္။”ဒီရာသီအစပိုင္းမွာ အာဆင္နယ္အသင္းရဲ႕စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔

စိုးရိမ္မိခဲ့ေပမယ့္ကြၽန္ေတာ့္ရဲ႕အထင္ မွားယြင္းေၾကာင္း သူတို႔ သက္ေသျပႏိုင္ခဲ့ပါတယ္။အာဆင္နယ္

မွာ ရွင္းလင္းတဲ့ရည္မွန္းခ်က္ရွိေနၿပီး ပရိသတ္ေတြကလည္းဒါကို လက္ခံယုံၾကည္ေပးဖို႔ လိုပါတယ္။

ခင္ဗ်ား ဆႏၵရွိရင္ ရာသီသစ္အမွတ္ေပးခ်န္ပီယံေလာင္း စာရင္းေတြခ်ေရးၾကည့္လိုက္ဗ်ာ…ဒါေပမဲ့ ၂

ရာသီအတြင္းမွာေတာ့ အာဆင္နယ္က ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ေအာင္ပြဲခံလိမ့္မယ္ ဆိုတာ

ကြၽန္ေတာ္ ေသခ်ာေပါက္ ေျပာႏိုင္တယ္”လို႔ဆက္ဂ္နာက ေျပာၾကားခဲ့ပါတယ္။ဆက္ဂ္နာဟာ မန္စီး

တီးကို မေျပာင္းေ႐ႊ႕ခင္ ၂၀၀၇ ကေန ၂၀၁၄ အထိ အာဆင္နယ္အသင္းမွာ၂၈၄ ပြဲအထိ ကစားခဲ့ၿပီး ယ

ခုႏွစ္အေစာပိုင္းက အမ္းမရိတ္စ္မွာ မန္စီးတီးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲက အာဆင္နယ္အသင္းရဲ႕

ေျခစြမ္းအေပၚ အားရေက်နပ္မိတယ္လို႔ ေျပာပါတယ္။