
နယူးကာဆယ်ဟာပရိသတ်များအပါအဝင်လူအခွင့်အရေးလှုပ်ရှားသူများရဲ့ဝေဖန်မှုခံနေရပေမဲ့လည်
းဆော်ဒီအရောင်ဖြစ်တဲ့အဖြူရောင်နှင့်အစိမ်းရောင်ပါ အဝေးကွင်းဝတ်စုံကိုလာမယ့်ရာသီတွင်အသုံ
းပြုသွားပါမယ်။မနေ့တုန်းကနယူးကာဆယ်အသင်းဝတ်ဆင်မယ့်အဝေးကွင်းဝတ်စုံပေါက်ကြားခဲ့ပြီး
ဆော်ဒီလက်ရွေးစင်အသင်းအရောင်ဖြစ်တဲ့အဖြူရောင်နှင့်အစိမ်းရောင်သုံးထားပါတယ်။နယူးကာဆယ်
အဝေးကွင်းဝတ်စုံပါလိုဂိုကိုလည်းဆော်ဒီအရောင်ဖြစ်တဲ့အစိမ်းရောင်အသုံးပြုထားပါတယ်။ဒါပေမဲ့
လည်းနယူးကာဆယ်ဥက္ကဌယာဆာအယ်ရူမေယန်ကယင်းဝတ်စုံကိုလာမယ့်ရာသီတွင်အသုံးပြုရန်
လက်မှတ်ထိုးလိုက်ပြီဖြစ်တာကြောင့်အသုံးပြုလာဖို့သေချာနေပြီဖြစ်ပါတယ်။တဖက်တွင်လူ့အခွင့်အ
ရေးလုပ်ရှားရေးအဖွဲ့က ဆော်ဒီပိုင်ရှင်များရဲ့လုပ်ဆောင်မှုအပေါ်အပြင်းအထန်ဝေဖန်လာပါတယ်။
Amnesty International ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နယူးကာဆယ်သာ ဆော်ဒီအသင်းရဲ့အရောင်
ကိုပြောင်းလာတာအမှန်ဆိုရင်တော့ သူတို့ဟာ လူအခွင့်အရေးချိုးဖောက်မှုဆိုးရွားမှုကိုအားကစားအ
သုံးချပြီးပျောက်ကွယ်ဖို့ကြိုးစားလာတာလို့ပြောရပါမယ်။သူတို့ဟာနယူးကာဆယ်ကိုအသုံးချနေတယ်
ဆိုတာမြင်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။နယူးကာဆယ်ပရိသတ်များဟာလည်း ဆော်ဒီအ
ရောင်ဖြစ်တဲ့အစိမ်းနဲ့အဖြူရောင်ကိုအသုံးပြုလာမယ့်အဝေးကွင်းဝတ်စုံကိုကန့်ကွက်နေကြပါတယ်။
ပရိသတ်တစ်ဦးက “ဒါကိုမုန်းတယ်။ကျွန်တော်ကနယူးကာဆယ်ပရိသတ်ပါ။ကျွန်တော်တို့အမှတ်တံ
ဆိပ်နဲ့ပင်ကိုယ်ထဲမှာဆော်ဒီကိုထည့်သွင်းလာတာဆိုလာပါတယ်”လို့ပြောကြားလာပါတယ်။ဒါပေမဲ့
နယူးကာဆယ်ပရိသတ်တစ်ဦးကတော့ဆော်ဒီပိုင်ရှင်တို့ဟာကလပ်ကိုအသုံးချလာမယ်ဆိုတာမျှော်
လင့်ထားပြီးဖြစ်ကြောင်းနှင့်အိမ်ကွင်းဝတ်စုံအဖြစ်သုံးလာလျှင်မူကန့်ကွက်သွားရမည်ဖြစ်ကြောင်းဆို
လာပါတယ်။တဖက်တွင်နယူးကာဆယ်ဟာဒါရိုက်တာအဖွဲ့ဝင်သစ်အဖြစ်မာဂျက်အယ်ဆော်ရူးကိုခန့်
အပ်လာပါတယ်။ဆော်ဒီဘောလုံးသမားဟောင်းဟာ ဆော်ဒီဂေါက်သီးအဖွဲ့ချုပ်တွင်စီအီးအိုအဖြစ်တာ
ဝန်ထမ်းဆောင်နေသလိုPIF တွင်အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူဟာအားကစားနှင့်
စီးပွားရေးအတွေ့အကြုံများရှိတာကြောင့်ကလပ်အတွက်ကောင်းမွန်တဲ့ခန့်အပ်မှုလို့လည်းအချို့ကသုံး
သပ်နေပါတယ်။
နယူးကာဆယ္ဟာပရိသတ္မ်ားအပါအဝင္လူအခြင့္အေရးလႈပ္ရွားသူမ်ားရဲ႕ေဝဖန္မႈခံေနရေပမဲ့လည္
းေဆာ္ဒီအေရာင္ျဖစ္တဲ့အျဖဴေရာင္ႏွင့္အစိမ္းေရာင္ပါ အေဝးကြင္းဝတ္စုံကိုလာမယ့္ရာသီတြင္အသုံ
းျပဳသြားပါမယ္။မေန႔တုန္းကနယူးကာဆယ္အသင္းဝတ္ဆင္မယ့္အေဝးကြင္းဝတ္စုံေပါက္ၾကားခဲ့ၿပီး
ေဆာ္ဒီလက္ေ႐ြးစင္အသင္းအေရာင္ျဖစ္တဲ့အျဖဴေရာင္ႏွင့္အစိမ္းေရာင္သုံးထားပါတယ္။နယူးကာဆယ္
အေဝးကြင္းဝတ္စုံပါလိုဂိုကိုလည္းေဆာ္ဒီအေရာင္ျဖစ္တဲ့အစိမ္းေရာင္အသုံးျပဳထားပါတယ္။ဒါေပမဲ့
လည္းနယူးကာဆယ္ဥကၠဌယာဆာအယ္႐ူေမယန္ကယင္းဝတ္စုံကိုလာမယ့္ရာသီတြင္အသုံးျပဳရန္
လက္မွတ္ထိုးလိုက္ၿပီျဖစ္တာေၾကာင့္အသုံးျပဳလာဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။တဖက္တြင္လူ႔အခြင့္အ
ေရးလုပ္ရွားေရးအဖြဲ႕က ေဆာ္ဒီပိုင္ရွင္မ်ားရဲ႕လုပ္ေဆာင္မႈအေပၚအျပင္းအထန္ေဝဖန္လာပါတယ္။
Amnesty International ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “နယူးကာဆယ္သာ ေဆာ္ဒီအသင္းရဲ႕အေရာင္
ကိုေျပာင္းလာတာအမွန္ဆိုရင္ေတာ့ သူတို႔ဟာ လူအခြင့္အေရးခ်ိဳးေဖာက္မႈဆိုး႐ြားမႈကိုအားကစားအ
သုံးခ်ၿပီးေပ်ာက္ကြယ္ဖို႔ႀကိဳးစားလာတာလို႔ေျပာရပါမယ္။သူတို႔ဟာနယူးကာဆယ္ကိုအသုံးခ်ေနတယ္
ဆိုတာျမင္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။နယူးကာဆယ္ပရိသတ္မ်ားဟာလည္း ေဆာ္ဒီအ
ေရာင္ျဖစ္တဲ့အစိမ္းနဲ႔အျဖဴေရာင္ကိုအသုံးျပဳလာမယ့္အေဝးကြင္းဝတ္စုံကိုကန႔္ကြက္ေနၾကပါတယ္။
ပရိသတ္တစ္ဦးက “ဒါကိုမုန္းတယ္။ကြၽန္ေတာ္ကနယူးကာဆယ္ပရိသတ္ပါ။ကြၽန္ေတာ္တို႔အမွတ္တံ
ဆိပ္နဲ႔ပင္ကိုယ္ထဲမွာေဆာ္ဒီကိုထည့္သြင္းလာတာဆိုလာပါတယ္”လို႔ေျပာၾကားလာပါတယ္။ဒါေပမဲ့
နယူးကာဆယ္ပရိသတ္တစ္ဦးကေတာ့ေဆာ္ဒီပိုင္ရွင္တို႔ဟာကလပ္ကိုအသုံးခ်လာမယ္ဆိုတာေမွ်ာ္
လင့္ထားၿပီးျဖစ္ေၾကာင္းႏွင့္အိမ္ကြင္းဝတ္စုံအျဖစ္သုံးလာလွ်င္မူကန႔္ကြက္သြားရမည္ျဖစ္ေၾကာင္းဆို
လာပါတယ္။တဖက္တြင္နယူးကာဆယ္ဟာဒါ႐ိုက္တာအဖြဲ႕ဝင္သစ္အျဖစ္မာဂ်က္အယ္ေဆာ္႐ူးကိုခန႔္
အပ္လာပါတယ္။ေဆာ္ဒီေဘာလုံးသမားေဟာင္းဟာ ေဆာ္ဒီေဂါက္သီးအဖြဲ႕ခ်ဳပ္တြင္စီအီးအိုအျဖစ္တာ
ဝန္ထမ္းေဆာင္ေနသလိုPIF တြင္အႀကံေပးအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။သူဟာအားကစားႏွင့္
စီးပြားေရးအေတြ႕အႀကဳံမ်ားရွိတာေၾကာင့္ကလပ္အတြက္ေကာင္းမြန္တဲ့ခန႔္အပ္မႈလို႔လည္းအခ်ိဳ႕ကသုံး
သပ္ေနပါတယ္။