ပစ်ပယ်ထားခဲ့ရတဲ့ တပည့်ဟောင်းက နိုင်ငံအသင်းရလဒ်အတွက်အရေးပါကြောင်း သက်သေပြပေးလိုက်တဲ့ အိုလီဗာဂီရော့ဒ်

ပြင်သစ်ဝါရင့်တိုက်စစ်မှူးကြီးအိုလီဗာဂီရော့ဒ်ကတော့ လက်ရွေးစင်အသင်းမှာ တကျော့ပြန်ရွေးချယ်

ခံရပြီးပြီးချင်းပဲ ခြေစွမ်းပြခဲ့ပါပြီ။ ဩစတြီးယားကို ၂-၀ နဲ့ ပြင်သစ်က အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ

ဂီရော့ဒ်က တဂိုးသွင်း၊ တဂိုးဖန်တီးပေးခဲ့ပြီး ရလဒ်တွေဆိုးရွားနေတဲ့ နိုင်ငံအသင်းကို ရလဒ်ပြန်ကောင်း

လာအောင် ကူညီနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဂီရော့ဒ်က ပြင်သစ်အတွက် မကစားပေးရတာ

အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဘန်ဇီမာဒဏ်ရာရရှိသွားပြီး ဂီရော့ဒ်ကလည်း အေစီမီလန်အတွက်

ခြေစွမ်းပြနေချိန်မှာ ဒက်ချမ့်စ်က သူ့ တပည့်ဟောင်းကို ပစ်ပယ်ထားလို့မရတော့ဘဲ အသင်းအတွက်

ပြန်လည်ရွေးချယ်ခဲ့ရပါတယ်။ ဒါဟာ ပရိသတ်တွေကိုယ်တိုင်လည်း ပြန်ခေါ်ဖို့ တောင်းဆိုနေခဲ့မှု အောင်

မြင်ခဲ့တာဖြစ်ပါတယ်။ ဂီရော့ဒ်ကလည်း ပြန်ရွေးချယ်ခံပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ ခြေစွမ်း

ပြခဲ့တာပါ။ လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ သွင်းဂိုးကလည်း ၄၈ ဂိုးအထိဖြစ်လာခဲ့ပြီး လက်ရွေးစင်

အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူစာရင်းမှာ ထိပ်ဆုံးကိုရောက်ဖို့ ၃ ဂိုးသာ လိုအပ်နေပြီ

လည်းဖြစ်ပါတယ်။ လက်ရှိပြသနေတဲ့ သူ့ခြေစွမ်းကြောင့်လည်း ဒက်ချမ့်စ်အနေနဲ့ ဂီရော့ဒ်ကို ကာတာ

ဆီ ခေါ်သွားဖို့အတွက်ပါ စဉ်းစားရတော့မှာပါ။ ဒီရာသီမှာ အေစီမီလန်အတွက် ၉ ပွဲကစားပေးထားပြီး

၅ ဂိုးသွင်းယူပေးထားတဲ့ ဂီရော့ဒ်က ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အောင်မြင်မှုရခဲ့တုန်းက အဓိက

ကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူက သွင်းဂိုးတဂိုးမှ မရခဲ့ပေမယ့် အ

သင်းတိုက်စစ်ပိုင်းမှာ အားထားရသူဖြစ်ခဲ့ကာ နည်းပြဒက်ချမ့်စ်ရဲ့ နည်းစနစ်၊ နည်းဗျူဟာပိုင်းတွေ

မှာ အသုံးဝင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

ျပင္သစ္ဝါရင့္တိုက္စစ္မႉးႀကီးအိုလီဗာဂီေရာ့ဒ္ကေတာ့ လက္ေ႐ြးစင္အသင္းမွာ တေက်ာ့ျပန္ေ႐ြးခ်ယ္

ခံရၿပီးၿပီးခ်င္းပဲ ေျခစြမ္းျပခဲ့ပါၿပီ။ ဩစႀတီးယားကို ၂-၀ နဲ႔ ျပင္သစ္က အႏိုင္ရရွိခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ

ဂီေရာ့ဒ္က တဂိုးသြင္း၊ တဂိုးဖန္တီးေပးခဲ့ၿပီး ရလဒ္ေတြဆိုး႐ြားေနတဲ့ ႏိုင္ငံအသင္းကို ရလဒ္ျပန္ေကာင္း

လာေအာင္ ကူညီႏိုင္ခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ ဂီေရာ့ဒ္က ျပင္သစ္အတြက္ မကစားေပးရတာ

အနည္းငယ္ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ ဘန္ဇီမာဒဏ္ရာရရွိသြားၿပီး ဂီေရာ့ဒ္ကလည္း ေအစီမီလန္အတြက္

ေျခစြမ္းျပေနခ်ိန္မွာ ဒက္ခ်မ့္စ္က သူ႔ တပည့္ေဟာင္းကို ပစ္ပယ္ထားလို႔မရေတာ့ဘဲ အသင္းအတြက္

ျပန္လည္ေ႐ြးခ်ယ္ခဲ့ရပါတယ္။ ဒါဟာ ပရိသတ္ေတြကိုယ္တိုင္လည္း ျပန္ေခၚဖို႔ ေတာင္းဆိုေနခဲ့မႈ ေအာင္

ျမင္ခဲ့တာျဖစ္ပါတယ္။ ဂီေရာ့ဒ္ကလည္း ျပန္ေ႐ြးခ်ယ္ခံၿပီးေနာက္ ပထမဆုံးကစားခဲ့တဲ့ပြဲမွာပဲ ေျခစြမ္း

ျပခဲ့တာပါ။ လက္ေ႐ြးစင္အသင္းအတြက္ သူ႔ရဲ႕ သြင္းဂိုးကလည္း ၄၈ ဂိုးအထိျဖစ္လာခဲ့ၿပီး လက္ေ႐ြးစင္

အသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားသူစာရင္းမွာ ထိပ္ဆုံးကိုေရာက္ဖို႔ ၃ ဂိုးသာ လိုအပ္ေနၿပီ

လည္းျဖစ္ပါတယ္။ လက္ရွိျပသေနတဲ့ သူ႔ေျခစြမ္းေၾကာင့္လည္း ဒက္ခ်မ့္စ္အေနနဲ႔ ဂီေရာ့ဒ္ကို ကာတာ

ဆီ ေခၚသြားဖို႔အတြက္ပါ စဥ္းစားရေတာ့မွာပါ။ ဒီရာသီမွာ ေအစီမီလန္အတြက္ ၉ ပြဲကစားေပးထားၿပီး

၅ ဂိုးသြင္းယူေပးထားတဲ့ ဂီေရာ့ဒ္က ၂၀၁၈ ကမာၻ႔ဖလားမွာ ျပင္သစ္ေအာင္ျမင္မႈရခဲ့တုန္းက အဓိက

ကစားသမားအျဖစ္ပါဝင္ခဲ့သူျဖစ္ပါတယ္။ အဲဒီတုန္းကေတာ့ သူက သြင္းဂိုးတဂိုးမွ မရခဲ့ေပမယ့္ အ

သင္းတိုက္စစ္ပိုင္းမွာ အားထားရသူျဖစ္ခဲ့ကာ နည္းျပဒက္ခ်မ့္စ္ရဲ႕ နည္းစနစ္၊ နည္းဗ်ဴဟာပိုင္းေတြ

မွာ အသုံးဝင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။