ပင်နယ်တီ၂ကြိမ်မရရှိခဲ့မှုကြောင့် နော်တင်ဟမ်ဖောရက်စ်ကို တန်းတက်ခွင့်ပေးလိုက်ရတဲ့ ဟက်ဒါဖီးလ်
ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲတွင်VAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်
ကြောင့်ဟက်ဒါဖီးလ်ဟာပင်နယ်တီအခွင့်အရေးနှစ်ကြိမ်လက်လွှတ်ခဲ့ရပြီး
နော်တင်ဟမ်ဖောရက်စ်ကိုရှုံးနိမ့်ကာ ပရီးမီးယားလိဂ်တန်းတက်ခွင့်ဆုံးရှုံးခဲ့ရပါ
တယ်။စတိဗ်ကိုးပါးဦးဆောင်တဲ့နော်တင်ဟမ်ဖောရက်စ်ဟာတနင်္ဂနွေနေ့တုန်းက
ဝင်ဘာလေကွင်းတွင်ပွဲချိန်၄၃မိနစ်မှာလီဗီကိုလ်ဝဲလ်ရဲ့OG ဂိုးကြောင့်ဟက်ဒါဖီးလ်
ကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးပရီးမီးယားလိဂ်သို့တန်းတက်နိုင်ခဲ့ပါတယ်။နော်တင်
ဟမ်ဖောရက်စ်ဟာ၂၃နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်
သို့တန်းတက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ယင်းပွဲတွင်ဟက်ဒါဖီးလ်
ဟာပင်နယ်တီ၂ကြိမ်မရရှိခဲ့မှုကြောင့်များစွာနစ်နာခဲ့ရပါတယ်။ဟက်ဒါဖီးလ်ဟာ
ဒုတိယပိုင်း၇၃မိနစ်တွင်တော့ဖ်ဖိုလိုကိုကိုးလ်ဘက်ကဧရိယာအတွင်းဆွဲလှဲမှု
အတွက်တစ်ကြိမ်၊ပွဲပြီးရန်၆မိနစ်တွင်မက်စ်လိုဝီကလူးဝစ်အိုဘရိုင်ယန်ကိုတွန်းလှဲ
မှုအတွက်တစ်ကြိမ် ပင်နယ်တီမရခဲ့ပါဘူး။ပထမတစ်ကြိမ်တွင်ဒိုင်လူကြီးမော့စ်
ဟာတော့ဖ်ဖိုလိုကို ဒိုင်ဗင်ထိုးတယ်ဆိုပြီးအဝါကတ်တောင်ပြသခဲ့သလိုဒုတိယ
အဖြစ်အပျက်တွင်VAR နှင့်လည်းဆက်သွယ်ခဲ့ခြင်းမရှိပါဘူး။