နွေရာသီကာလတစ်လျှောက်လုံး ကြိုးပမ်းခဲ့ပြီးမှ ဒီယောင်း ဘာအကြောင်းနဲ့ခေါ်ချင်မှန်းမသိဖြစ်လာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟန့်က ဒီနွေရာသီအပြောင်းအရွှေ့
ဈေးကွက်မှာ အဓိကပစ်မှတ်ကစားသမားဖြစ်သူ ဖရန်ကီ ဒီယောင်းကို မခေါ်နိုင်ခဲ့ရင်လည်း လက်ရှိ
ကွင်းလယ်လူတွေနဲ့တင် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ဒီယောင်းကို ခေါ်
နိုင်ဖို့အတွက် နွေရာသီကာလတစ်လျှောက်လုံး ကြိုးပမ်းခဲ့ပြီးဘာစီလိုနာအသင်းနဲ့ ပြောင်းရွှေ့ကြေး
သဘောတူညီမှု‌တောင်ရခဲ့ပေမယ့် ကစားသမားဖြစ်သူဘက်က အိုးဖရက်ဖို့ဒ်ကို ပြောင်း‌ရွှေ့ဖို့အ
တွက် ငြင်းဆန်ထားတယ်ဆိုပြီး သတင်းတွေ ထွက်‌ပေါ်နေပါတယ်။ ထို့အတွက်ကြောင့် တန်ဟန့်
က သူတို့အနေနဲ့ ဒီယောင်းကို မခေါ်နိုင်ခဲ့ရင်လည်း၊ လက်ရှိလူစာရင်းအပေါ် သူ့အနေနဲ့ အားရမှု
ရှိနေကြောင်း ပြောဆိုသွားခဲ့ပါတယ်။“ ကျွန်တော်တို့ ဖရန်ကီကိုပဲ လိုချင်တာလား ? ဒါကို ကျွန်
တော် မသိပါဘူး။ တကယ်တော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လိုချင်တာက အသင်းအတွက် သင့်
တော်တဲ့ကစားသမားမျိုးကိုပါ၊ အဲ့ဒီလိုကစားသမားမျိုးက အများကြီးရှိနေပါတယ်။ ဒါပေမယ့် အ
ခြားအသင်းတစ်သင်းရဲ့ စာချုပ်အောက်မှာရှိနေတဲ့ ကစားသမားရဲ့ အကြောင်းကို ကျွန်တော် မ
ပြောချင်ပါဘူး ”“ ကျွန်တော်တို့မှာ တစ်ခုခုထူးခြားတာရှိရင်၊ ခင်ဗျားတို့ကို ပြောပြပါမယ် ” လို့
ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဒီယောင်းဟာ မန်ယူကို ရောက်မလာဘူးဆိုရင် ဘာဖြစ်လာမ
လဲလို့ မေးတဲ့အခါ တန်ဟန့်က “ အဲ့ဒါဆိုရင်တော့ လက်ရှိအသင်းက ကစားသမားတွေနဲ့ပဲ အလုပ်
တွဲလုပ်ပြီးတော့၊ အသင်းက ကစားသမားတွေကို တိုးတက်အောင် လုပ်ပေးသွားမာဖြစ်ပါတယ် ”
“ လက်ရှိအချိန်မှာ အဲ့ဒီနေရာအတွက် ကျွန်တော်တို့မှာ ကစားသမားတွေ ရှိနေပါတယ်၊ သူတို့က
လည်း ခြေစွမ်းကောင်း ပြထားပါတယ်။ ဒီယောင်းကိုသာ ခေါ်နိုင်ခဲ့မယ်ဆိုရင် ကောင်းတဲ့အခြေ
အနေတစ်ရပ်ဖြစ်သွားမာပေါ့၊ ဒါပေမယ့် လက်ရှိလူစာရင်းအပေါ် ကျွန်တော် ကျေနပ်မှုရှိပါတယ်။
ဒီအချိန်ထိ ခေါ်ထားသမျှ ကစားသမားတွေအပေါ် စိတ်ကျေနပ်ပါတယ်။ ကျွန်တော်တို့ဟာ အတူ
တကွအလုပ်လုပ်နေကြတာပါ။ ကျွန်တော့်အနေနဲ့ လက်ရှိလူစာရင်းအပေါ် ကျေနပ်နေပြီး၊ သင့်
တော်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ လိုအပ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။